Monday, December 6, 2021

မနေ့ကဖြစ်စဉ်နဲ့ ပတ်သက်ပြီး ငါးမင်းဆွေ ရေးတာလေးလည်း ဖတ်ရသလို AA ထွန်းမြတ်နိုင်ကနေ စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ လူရိုင်းတွေရဲ့လုပ်ရပ်ဆိုပြီး မှတ်ချက်ပေးသံတွေလည်း မီဒီယာတွေကနေတဆင့် ကြားမိတယ်။

ပြောချင်တာက ပြဌာန်းထားတဲ့ ငြိမ်းစုစီ ဥပဒေညွှန်ကြားချက်အတိုင်း သာမန်ဆန္ဒပြမှုကလွဲရင် တရားမဝင်တဲ့ ဆန္ဒပြမှုနဲ့ ခွင့်ပြုချက်မရှိတဲ့ ဆန္ဒပြမှု အဓိက ရုဏ်း တွေကို နိုင်ငံတိုင်းက အစိုးရတိုင်းက ဖြိုခွဲကြတယ် ။ NLD ပါတီ အုပ်ချုပ်ခဲ့တဲ့ ၅ နှစ်တာကာလမှာလည်း အစိုးရနဲ့ သဘောထားချင်းမတိုက်ဆိုင်တဲ့ ဆန္ဒပြမှုတွေတိုင်းကို ဖြိုခွဲခဲ့တာပဲ ။ ဖြိုခွဲမှုတွေတိုင်းမှာလည်း နည်းလမ်းအမျိုးမျိုးသုံးကြတယ်။ 
ဗုံးခွဲမှုတွေ နေ့စဉ်ဖြစ်နေတဲ့ မြို့ရဲ့ အနေအထား၊ လက်နက်ကိုင်ဆောင်ထားတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့မော်တော်ယာဉ်တွေကိုတောင် လက်ပစ်ဗုံးတွေ ပစ်သွင်းခံရတဲ့ အခြေအနေမျိုးနဲ့ တပ်ရင်းတစ်ရင်းစာ ကောင်းကောင်းဆင်လို့ ရတဲ့ လက်နက်/ခဲယမ်းတွေကို အုံလိုက်ကျင်းလိုက် ဖမ်းမိနေချိန်မျိုးမှာ ဆန္ဒပြမှုကို ဖြိုခွဲတဲ့ လုံထိန်းအဖွဲ့တွေအနေနဲ့ ရွှေပြည်အေးတရားတော့ ဟောမှာမဟုတ်ဘူး ။ 
နေရာအသီးသီးမှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေကြတဲ့ တပ်ဖွဲ့ဝင်တွေ၊ မိသားစုတွေအနေနဲ့ မနေ့က ငါးမင်းဆွေပြောတဲ့ စကားနဲ့ ထွန်းမြတ်နိုင်ပြောတဲ့ စကားတွေကို နောင် ဘယ်အစိုးရတက်တက် မမေ့ကြဖို့လိုတယ် ။ နိုင်ငံရေးသမားတွေရဲ့ အခြေခံစိတ်ဓာတ်ဆိုတာ တပ်မတော်သားတွေနဲ့ တပ်မိသားစုဝင်တွေ သေခြင်း၊ အသတ်ခံရခြင်းနဲ့ မဆိုင်ဘူး။ သူတို့ လျှောက်လှမ်းမယ့်နိုင်ငံရေးလမ်းကြောင်းမှာ ဘယ်လိုချနင်းရမလဲဆိုတဲ့ အတွေးအခေါ် အယူအဆကသာ ထာဝစဉ် မှန်နေမယ့် အမှန်တရားဖြစ်တယ်။ ဖဆပလ နှစ်ခြမ်းကွဲဖြစ်စဉ်တွေမှာ တပ်မတော်အပေါ်ထားတဲ့ နိုင်ငံရေးသမားတွေရဲ့စိတ်ကို သမိုင်းမှာလည်း မြင်တွေ့နိုင်တယ် ။ နောက်တစ်ချက် သူပုန်စိတ်မွေးသူတွေရဲ့ အတွေးအခေါ်ကလည်း ဒီစိတ်မျိုးပဲ ရှိနေမယ်ဆိုတာ မမေ့ကြဖို့ လိုတယ် ။
(ဖိုးစီ)

Related Posts:

  • ထိုင်းမှာလည်းမြန်မာလို တစ်ပုံစံတည်း Victim Blaming ပုံစံ ဖော်ဆောင်လာတယ်။မြန်မာနိုင်ငံ ဆန္ဒပြမှုဖြစ်စဉ် အစောပိုင်းက ပစ်ခံခံရမှုတွေဟာ ရိုးရှင်းမှု မရှိဘူးဆိုတာ ထောက်ပြခဲ့တယ်။ အများစုကသွေးပူနေတော့ လက်မခံကြ။ နေပြည်တော်က ဝန်ထမ်းတွေ ရုံးတက်မယ့်ကားကို ပိတ်ဆို့လို့ဖြစ်ခဲ့တဲ့ ပစ်ခတ်မှုဖြစ်စဉ်၊ မန္တလေးက ကြ… Read More
  • စေတီတည်ထားကိုးကွယ်ရာ၌သိမှတ်ဖွယ်အထူးသတိထားရမှာက ဌာပနာထည့်သွင်းရာမှာဘုရားရှင်ရဲ့ဆံတော်မဟုတ်ပဲဆံပင်များ ဖြတ်ထည့်ခြင်းသစ်သားရုပ်ထုများရုပ်ပွားတော်များထန်ဖူးပေဖူးဇာတာများနှင့်ပျက်စီးလွယ်သောပစ္စည်းများလုံး၀ မထည့်သွင်းရပါဘူးကျွန်တော်မြင်ရသလောက် ထည့်သွင်းကြတာများလ… Read More
  • မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်အဖြစ် ဦးဌေးအောင်(Orchid)အား ရွေးချယ်တင်မြှောက်ခြင်းအပေါ် သဘောထားထုတ်ပြန်ချက်ရက္စြဲ။ ။ ၁၃၈၃ခုနှစ်၊ ဝါခေါင်လဆန်း(၉)ရက် ၂၀၂၁ခုနှစ်၊ သြဂုတ်လ(၁၆)ရက် တနင်္လာနေ့စာအမှတ်။ ။ ၁/၂၀၂၁/မ.မ.ရ.သ၁။ (၁၅-၈-၂၀၂၁)ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဦးဌေးအောင်(Orchid)အား မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီဝင်အဖြစ် ရွေးချယ်ခံခွင့်… Read More
  • မြန်မာသို့...ဦးတည်နေ😎US ရဲ့ ဆီးရီးယားကစားကွက်ကတူရကီခေါင်းဆောင်တဲ့ဆွန်နီနိုင်ငံတွေကိုအခြေခံတယ်။ တူရကီက အမေရိကန်ရဲ့သြဇာကို အပြည့်အ၀မနာခံတော့ဘဲ ရုရှားနဲ့ထိပ်တိုက်တွေ့မှုကိုရှောင်ထွက်တော့အာဏာသိမ်းဖို့ CIA ကစီစဉ်ပေးတယ်။ ရုရှားရဲ့ SVR က အာဏာသိမ်းမှုမအေ… Read More
  • ဆက်စပ်ကြည့်ကြပါစို့ { ဖြစ်စဉ် ၁ } - ဆော်ဒီသံအမတ်အဖြစ် 2008 မှ 2013 အထိ တာဝန်ထမ်းဆောင်ခဲ့ရတဲ့ သံအမတ်ကြီး ဦးခင်ဇော်ဝင်းရဲ့ မှတ်တမ်း- 2010 မှာ ဆော်ဒီအစိုးရက သူ့တို့ ထောင်ချထားတဲ့ မြန်မာနိုင်ငံသား 3000 အား စီစစ် စစ်ဆေးပေးဖို့ တောင်းဆို- မြန်မာအစိုး… Read More