Monday, December 6, 2021

သူ့ဘက် ၊ ကိုယ့်ဘက်ကြည့်ပါ


သူတစ်ပါး အသက်ကို T တာမကောင်းဘူး။
ဘာသာတိုင်းမှာ သူတစ်ပါးအသက် မT ရဘူးလို့
တားမြစ်ထားမှာပါ။

ဗုဒ္ဓဘာသာမှာတော့ သူ့အသက်ကို T ရင်
ကိုယ့် အသက်ကိုလည်း သူတစ်ပါးက တစ်ချိန်ချိန်မှာ
ပြန် T နိုင်တယ်လို့ ဆိုထားတယ်။

အလားတူပဲ 
လူတစ်ယောက်ရဲ့ အသက်ကို လူတစ်ယောက်က T လိုက်
လို့ ၊ ဝမ်းသာအားရဖြစ်တာ ၊ ချီးမွမ်းတာ ၊ အားပေးတာ
လုပ်ရင်လည်း လုပ်သူဟာ T သူလိုပဲ ထပ်တူထပ်မျှ
အပြစ်ခံရမှာပါ။

ဒါကြောင့် သူတစ်ပါး အသက်ကို မ T ကောင်းပါဘူး။
အသက် T တာ မပြောနဲ့ သူတစ်ပါး စိတ်၏ ဆင်းရဲခြင်း
ကိုယ်၏ ဆင်းရဲခြင်းဖြစ်အောင် ကံသုံးပါးနဲ့ မလုပ်သင့်
ပါဘူး။

ဒါပေမဲ့ T နေကြတယ်။
တစ်ချို့က တိုင်းပြည် ၊.လူမျိုး ၊ ဘာသာသာသနာကို
ကာကွယ်ဘို့ T တယ်။
တစ်ချို့က အာဏာရှင်ကို ဖြုတ်ချဘို့ T တယ်။

သူက မှားတယ် ၊ ငါက မှန်တယ်။
သူလုပ်တာက အဓမ္မ. ၊ ငါ လုပ်တာမှ ဓမ္မ လို့ယူဆတယ်။

မနေ့က 
ကြည့်မြင်တိုင် သပိတ်နဲ့ ပတ်သက်ပြီး ခေတ်သစ်က
စ ဖွတယ် ။ ကားနဲ့တိုက်တာ လူလေးယောက် T တယ်
လို့။ ညနေလည်း ရောက်ရော သံပုံးသပိတ်တွေ ပေါ်လာ
တယ်။ 

ဘာကြောင့် ဒီလို ဖြစ်တာလဲ?
ဂျင်မီတို့ ဖြိုးဇေယျာသော်တို့ ဖမ်းမိပြီးတဲ့နောက်မှာ
ရန်ကုန်ဟာ ငြိမ်သက်သွားတယ်။ ပြည်သူတွေဟာ
ဘုရားသွားကျောင်းတက်နဲ့ လုပ်မြဲကိုင်မြဲ စားမြဲ
သောက်မြဲ ဖြစ်သွားတယ်။

ဒါကို ပြည်ပရောက်နိုင်ငံရေးသမားတစ်ချို့ ၊ EAOs
တစ်ချို့နဲ့ US လိုနိုင်ငံတွေက မကျေနပ်ဘူး။ သူတို့က
မြန်မာပြည်ကြီး သွေးထွက်နေမှကြိုက်တယ်။ဒါမှလည်း
တရုတ်ကြီး စိတ်ညစ်မှာပေါ့။

အဲ့ဒီအတွက် DASSK ရုံးချိန်းနဲ့ အချိန်ကိုက်ပြီး တည်ငြိမ်
နေတဲ့ ရန်ကုန်ကို ဆူပူအောင်ပြန်လုပ်တယ်။

အဲ့ဒါက ကြည့်မြင်တိုင် သပိတ်ပဲ။ ကြည့်မြင်တိုင်သပိတ်
အောင်မြင်သွားရင် စမ်းချောင်း ၊ လှည်းတန်း ၊အင်းစိန်
ရွှေပြည်သာ ၊ လှိုင်သာယာ ဆိုတဲ့ သပိတ်တွေ ပေါ်လာ
မယ်။ နောက်ဆုံး ဖေ ၁ ရက် နောက်ပိုင်းကလို ပြန်ဖြစ်လာ
မယ်။ ဒါက နွေဦးတော်လှန်ရေးကို ပြန်အသက်သွင်းတာ။

ဒါပေမဲ့ တပ်က ပါးသွားပြီ။
နွေဦးတော်လှန်ရေး အစ လို ရပ်ကြည့်မနေတော့ဘူး။
သူ့အလုပ် သူလုပ်နေပြီ။

ပြောချင်တာက ပြည်ပမှာ ရောက်နေတဲ့ နိုင်ငံရေးသမား
တွေ ၊ မဲဆောက်မှာ အရက်သောက်နေတဲ့ လွှတ်တော်
အမတ်တွေ ၊ အာဏာရှင်ဖြုတ်ချရေးအကြောင်းပြပြီး
ကလေးတွေကို ထိုးကျွေးနေတဲ့ လုပ်ရပ်ကို ရပ်သင့်ပါပြီ။

နောက်ပြီး လိုင်းပေါ်မှာ ရဲရဲတောက်ပြီး အပြင်မှာ
အစားမပျက် ၊ အသောက်မပျက်နေတဲ့သူတွေလည်း
ကိုယ့်လုပ်ရပ်ကို ပြင်သင့်ပါပြီ။

ဒီတော်လှန်ရေး ဟာ ဘယ်တော့မှ ပြီးမှာ မဟုတ်လို့
တစ်ဖက်နဲ့ တစ်ဖက် T တာတွေလည်း ဘယ်တော့မှ
ပြီးမှာ မဟုတ်တော့ပါဘူး ။

မြို့ကြီးပေါ်က ကလေးတွေဟာ သပိတ်လုပ်လို့ လုံခြုံ
ရေးအဖွဲ့က ဖြိုခွဲခံရတာဖြစ်ပေမဲ့

တောနေ ပြည်သူတွေက တော့ ဘာမှ မလုပ်ပဲ ဘုမသိ
ဘမသိနဲ့ ခေါင်းတစ်ခြား ကိုယ်တစ်ခြား ဖြစ်အောင်
ရက်ရက်စက်စက် အ T ခံနေရပါတယ်။ မိသားစုလိုက်
အ T ခံနေရတဲ့ အပြင် အိမ်ကိုပါ မီးရှို့ခံနေရပါတယ်။

ဆီမီးအိမ်

ခရီဒစ် ပါ။

သေချာပါတယ်။
အစိုးရအစစ်က ဒီတစ်ခါ လမ်းပေါ်တက် T တော့မှာ။