Saturday, December 4, 2021

ခြောက်လနီးပါး ရပ်ဆိုင်းထားတဲ့ ကားအရစ်ကျရောင်းချမှု ပြန်လည်စတင်


ရန်ကုန်၊ ဒီဇင်ဘာ ၂

ပြည်တွင်း၌ ဘဏ်ငွေထုတ်ယူရသည့် အခက်အခဲများနှင့် ဘဏ်စနစ်ပြဿနာအချို့ကြောင့် ကားအရစ်ကျရောင်းချမှုကို ခြောက်လနီးပါး ရပ်ဆိုင်းထားရာမှ ယခုအခါ ပြည်တွင်းမှာပင် SKD စနစ်ဖြင့် ထုတ်လုပ်ရောင်းချနေသည့် Suzuki ကားအပါအဝင် ကားကုမ္ပဏီအချို့တို့မှ အရောင်းစင်တာများမှတစ်ဆင့် ဘဏ်ဖြင့်ချိတ်ဆက်ကာ အရစ်ကျ စနစ်ဖြင့် ပြန်လည်ရောင်းချနေကြပြီဖြစ်ကြောင်း သတင်းအရင်းအမြစ်များအရ သိရသည်။

အရစ်ကျဝယ်ယူရာ၌ ပိုင်ဆိုင်မှုအထောက်အထားအပါအဝင် အာမခံပေးသူတို့လိုအပ်မှာဖြစ်ပြီး (၁)နှစ်မှ (၅)နှစ်အထိ အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကာ အချို့အရောင်းစင်တာများ၌ ဂျပန် တစ်ပတ်ရစ်ကားများကိုလည်း ကားတန်ဖိုး၏ ငါးဆယ်ရာခိုင်နှုန်းကို ပေးသွင်း၍ အရစ်ကျစနစ်ဖြင့် ရောင်းချပေးနေကြောင်း သိရသည်။

#mhtnews