Saturday, December 4, 2021

ကြက်မ လောက်မှ အသိ'မရှိတဲ့လူတွေ မဖြစ်ပါစေနဲ့။


ဘဲမ တွေက ဥပဲဥကြတာ
အကောင်ပေါက်အောင်တော့
မဝပ်ကြဘူး။

ဓာတ်နဲ့ဖောက်တဲ့ စက်တွေ
မပေါ်ခင် ကာလတုန်းက
ဘဲအကောင်ပေါက်လေးတွေရဖို့ ဆိုရင်
ကြက်မ ဥဝပ်တဲ့အချိန်
အဲ့ဒီ ဘဲဥလေးတွေ
ထည့်ထားပေးရတာ။

ကြက်မက
သူ့ဥတွေနဲ့အတူ ဝပ်ပေးရင်း
ကြက်သားပေါက်လေးတွေ
အကောင်ပေါက်ချိန်ရောက်တဲ့အခါ
ဘဲလေးတွေပါ
အကောင်ပေါက်လာကြတာပေါ့...

ဒါပေမယ့် ထူးဆန်းတာက
မြွေဥကို ထည့်ပေးတဲ့အခါကျ
ကြက်မက ဖယ်ထုတ်ပစ်တော့တာပဲ။

ကြက်မတွေက မြွေဥကို
ဘယ်တော့မှ ဝပ်မပေးတတ်ကြဘူး။

အဟိတ်တိရစ်ဆာန်တောင်မှ
မြွေဥကို မြွေဥမှန်း
ခွဲခြားသိတယ်..
ဒီမြွေဥကို ဝပ်ပေးဖို့ငြင်းဆန်
ကန်ထုတ်ခြင်းအမှုကိုလည်း ပြုတယ်။

ထမင်စားကြီးပြီး
အသိဥာဏ်ရှိပါတယ်ဆိုတဲ့
လူတွေက
"အဓမ္မ" ကို "အဓမ္မ" မှန်း
ခွဲခြား မသိတာလား
သိလျက်နဲ့လား မဆိုနိုင်။
ဒီအဓမ္မတရားကို မငြင်းဆန်ဘဲ
မြွေဥဝပ်ပေးသလို
ဝပ်ပေးနေကြတာ။

သင်ထားသမျှ ပညာ၊
သိထားတဲ့အသိတွေ အကုန်
အလကား ဖြစ်တော့တာပဲ။

ဒီအဓမ္မတရားက
အကောင်ပေါက်ပြီး
ရှင်သန်ကြီးပြင်းခွင့်သာ ရလာရင်
မြွေထက် အဆထောင်ချီ
အဆိပ်လည်း ပိုပြင်းမှာ၊
တိုင်းပြည်နဲ့ အနာဂတ်
လူ့အဖွဲ့အစည်းအတွက်
အန္တရာယ်လည်း ပိုပြီး
ကျရောက်စေနိုင်မှာ မလွဲဘူး။

ဒါ့ကြောင့်
"အဓမ္မတရား" ဆိုတဲ့
မြွေဥကို အနွေးဓာတ်ရစေဖို့
ဝပ်ပေးတဲ့ အထဲ 
ဘယ်တော့မှ ကိုယ်မပါစေနဲ့ ။
မပါအောင်နေကြ !! ။

@မောင်နန်းဝေ (ဗန်းမော်)
#CREDIT.
#Photo by Nature Gallery.

Related Posts:

  • #တိုင်းပြည်ပျက်ရင် #အဲ့လိုပျက်တယ်အာဖဂန်ကနေ အမေရိကန်တပ်တွေရုတ်သိမ်းတယ်တပ်ရုတ်တာနဲ့ ပြည်ပျက်မှာကိုသိလို့ တားကြတယ်Bush လက်ထက်က အာဖဂန်မှာဘင်လာဒင်ခိုပုန်းနေတယ်ဆိုပြီးမွစာကြဲအောင် ဗုံးကြဲစစ်တိုက်ခဲ့တယ်၊အမေရိကန်တပ်တွေ တပ်စွဲခဲ့တယ်၊အခု Biden လက်ထက်မှာတပ်ရုတ်လိုက်တယ်… Read More
  • 🍄 ပြောပုံနဲ့ လုပ်ပုံကကြည့်ဦး UN ကိုယ်စားလှယ်ကအစိုးရအနေနဲ့ အောင်မြင်တဲ့ဆွေးနွေးမှုကိုမလုပ်နှိုင်ရင်ပြည်တွင်းစစ်ဖြစ်လိမ့်မယ်လို့သတိပေးပါသတဲ့။သူမစကားကို စိတ်ဖြာရင် (၃) ချက်တွေ့ရမယ် - ခြိမ်းခြောက်မှုပါတယ် - အစီအစဉ်တခုခုကိုသိထားဟန်ရှိတယ် - NUG တဖြည်းဖြည်းအားန… Read More
  • "ကြယ်ဒလံများ"၏ ဖွင့်ဟ ဝန်ခံချက်များ "ကြယ်ဒလံများ"၏ ဖွင့်ဟ ဝန်ခံချက်များ မောင်မောင်အေး ကတုံးတို့ ဘုံပျောက်သလို....မင်းကိုနိုင်ပြောတဲ့ ကောင်းကင်မှာ ကြယ်ရှိတာလည်း ယုံရတော့မှာပေါ့..........SO Sad ပါ#ဖိုးစီ… Read More
  • 😪 တန်ဘိုးမဲ့ အသုံးချခံများတကယ်တော့...လူ၊ တိရစ္ဆာန်အားလုံးဟာလောကကြီးရဲ့ အသုံးချခံတွေသာပါတန်ဘိုးရှိ အသုံးချခံနဲ့တန်ဘိုးမဲ့အသုံးချချခံရယ်လို့သာကွာကြတယ်အကုသိုလ်မကင်းတဲ့ တန်ဘိုးမဲ့အသုံးချခံဆိုရင်တော့ပြောဖွယ်ရာမရှိတော့။ကုသိုလ်နဲ့ယှဉ်တဲ့ကူလီ၊ ပြာတာတယောက်ရဲ့တ… Read More
  • "ကြယ်ဒလံများ"၏ ဖွင့်ဟ ဝန်ခံချက်များ မောင်မောင်အေး ကတုံးတို့ ဘုံပျောက်သလို....မင်းကိုနိုင်ပြောတဲ့ ကောင်းကင်မှာ ကြယ်ရှိတာလည်း ယုံရတော့မှာပေါ့..........SO Sad ပါ#ဖိုးစီ… Read More