Saturday, December 4, 2021

#ဖြေပေးကြပါ!


#ဗိုလ်ချုပ်အောင်ဆန်းအကြောင်း သားကိုဖတ်ခိုင်းတယ်။
#စာမဖတ်ရသေးဘူး!--သူသိချင်တာမေးတယ်။မဖြေဘူး
#စာကိုဖတ် အဲ့ထဲမှာရှိတယ်။(စာဖတ်လိုစိတ် ပေါက်
 အောင် လေ့ကျင့်ပေးရတယ်။သူသိလိုတာတွေ စာဖတ်ရင်
 သိနိုင်ကြောင်း နားလည်သွားရင် နောက်ဆိုစာဖတ်တော့
 မှာ။ဒါ့ကြောင့်တမင်မဖြေတာ။စကားချပ်။)

#ဖတ်ပြီးတဲ့အခါ
#သူသိချင်တာတွေမေးတော့ သေချာရှင်းပြလိုက်တယ်။
#အချို့မေးခွန်းတွေမဖြေနိုင်ဘူး!--
#ဝိုင်းဖြေပေးကြပါ!

(1)ဗိုလ်ချုပ်အောင်ဆန်း အခုရှိရင် #နီမလားစိမ်းမလား
   အဖေတဲ့!(အဲ့ဒါတော့ အဖေလည်းသေချာမပြောနိုင်
 ဘူးလို့ပဲဖြေထားတယ်)

(2)အဖေ!--ဗိုလ်ချုပ်အောင်ဆန်းကို ဂျပန်တွေကစစ်ပညာ
  သင်ကြားပေးတယ်ဆိုတော့ ဂျပန်က သူ့ဆရာပေါ့နော်တဲ့
  ပြီးတော့ဂျပန်ကို သူကပြန်တိုက်တော့ သူ့ဆရာကိုသူ
  ပြန်စော်ကားသလိုမဖြစ်ဘူးလားတဲ့!---(ဟာ!!!--)

(3)
(ကိုယ်ကပြောမိတယ်)
ဗိုလ်ချုပ်အောင်ဆန်းက ဒေါ်အောင်ဆန်းစုကြည် ရဲ့အဖေပေါ့လို!--
#အဲ့မှာ သားက ဟင်!---ဆိုတဲ့အာမေဋိတ်သံကြီးနဲ့
#အဲ!--ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြည်လွတ်လပ်ရေး
 ရအောင်(ကောင်းအောင်)လုပ်တယ်။
#ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်ဖျက်တယ်
(သူ့အမြင်သာ) အဲ့ဒါဘယ်လိုလဲတဲ့!--(ဘယ်လိုရှင်းပြ
 ရမှန်းမသိဘူး)

(4)ဒေါ်အောင်ဆန်းစုကြည်ယောက်ျားဟာ အင်္ဂလိပ်လို့
    လျှာရှည်မိတယ်။
အဲ့မှာထပ်မေးပြန်ရော
#အဖေက အင်္ဂလိပ်ကို တိုက်ထုတ်တယ်နော်တဲ့!--သမီးက
 ဘာလို့ အင်္ဂလိပ်ကိုပြန်ယူတာလဲတဲ့!--သူ့အဖေစကား
 နားမထောင်တာလားတဲ့!--

(5)ဒေါ်အောင်ဆန်းစုကြည် မှာသားနှစ်ယောက်ရှိတယ်
  အင်္ဂလိပ်ပြည်မှာနေတာလို့ ---တစ်ယောက်က မူဆလင်
 တစ်ယောက်က ခရစ်ယာန်ထင်တာပဲလို့ပြောမိတော့
 မေးခွန်းတစ်ခု ထပ်မေးပြန်ရော!
#အဖေ!--ဒါဆို ဒေါ်အောင်ဆန်းစုကြည်က မူဆလင်လား
 ခရစ်ယာန်လားတဲ့!--(ဗုဒ္ဓဘာသာလို့ပြောတာပဲပြောမိ
 တော့)

#အာ တော်ပြီး သားခေါင်းတွေတောင်ရှုပ်လားပြီး
#ဘာတွေမှန်းမသိဘူး ရှုပ်နေတာပဲတဲ့!

#ကဲဝိုင်းကူကြပါဦးဗျာ!