Saturday, December 4, 2021

(နို၀င်ဘာ-၃၀၊၂၀၂၁) တားမြစ်ထားသော အကြောင်းအရာများကို ဖျက်ပစ်ခြင်း မပြုသည့်အတွက် Google ကို ရုရှားက ဒဏ်ငွေ ရူဘယ် ၃ သန်း တပ်ရိုက်။ အမေရိကန်နည်းပညာကုမ္ပဏီများအပေါ် ရုရှားက ဒဏ်ငွေအနည်းငယ်စီ အကြိမ်ကြိမ်တပ်ရိုက်ခဲ့

======
တရားမဝင်ဟု မှတ်ယူဖွယ်ရှိသည့် အကြောင်းအရာကို ဖျက်ပစ်ခြင်း မပြုသည့်အတွက် မော်စကိုတရားရုံးက Alphabet Inc. ၏ Google အပေါ် တနင်္လာနေ့တွင် ရုရုား ရူဘယ် ၃ သန်း (ကန်ဒေါ်လာ ၄၀,၄၀၀) ဒဏ်ရိုက်ခဲ့ခြင်းမှာ ရုရှားနှင့် အမေရိကန်နည်းပညာဘီလူးကြီးတို့အကြား ကျယ်ပြန့်သော အငြင်းပွားမှု၏ တစ်စိတ်တစ်ပိုင်းပင် ဖြစ်သည်ဟု Reuters က ယနေ့ရေးသားသည်။
..      
Search engine နှင့် YouTube တွင် တားမြစ်ထားသော အကြောင်းအရာများကို ဖျက်ပစ်ရန် အကြိမ်ကြိမ် ပျက်ကွက်ခဲ့သည့််အတွက် ရုရှားနိုင်ငံအတွင်း Google ၏ နှစ်စဉ်လည်ပတ်မှု အမြတ်ငွေအပေါ် ရာခိုင်နှုန်းကျသင့်၍ ဒဏ်ငွေအဖြစ် တပ်ရိုက်မည်ဖြစ်ကြောင်း ခြိမ်းခြောက်လိုက်ခြင်းမှာ ပြည်ပနည်းပညာကုမ္ပဏီကြီးအပေါ် ဇက်ကြိုးသပ်ရန် မော်စကို၏ အပြင်းထန်ဆုံးသော ဆောင်ရွက်မှု တစ်ရပ်ဖြစ်သည်။
...    
ယခုဖြစ်ရပ်နှင့် ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်ပေးရန် Reuters ၏ တောင်းဆိုမှုကို ပြီးခဲ့သည့်လတွင် ဒဏ်ငွေ ကန်ဒေါ်လာ ၄ သိန်းကျော်ကို ပေးဆောင်ခဲ့ရသေးသည်ဆိုသူ Google က လောလောဆယ် တုံ့ပြန်ခြင်း မရှိပေ။
..  
ယခုနှစ်အတွင်း ရုရှားသည် အမေရိကန်နည်းပညာကုမ္ပဏီများအပေါ် ဒဏ်ငွေအနည်းငယ် ချမှတ်ခြင်းမျိုးကို အကြိမ်ပေါင်းများစွာ လုပ်ဆောင်ခဲ့သည်။ ရုရှားနိုင်ငံဆက်သွယ်ရေးဆိုင်ရာ စည်းကမ်းထိန်းညှိရေးအေဂျင်စီ ရော့စ်ကွန်နတ်ဇာ က လွန်ခဲ့သည့် မတ်လကတည်းက Twitter ၏ အမြန်နှုန်းကို နှောင့်နှေးစေခဲ့ပြီး တရားမဝင် အကြောင်းအရာများအားလုံးကို ဖယ်ရှားသည့်တိုင်အောင် မိုဘိုင်းလ်စက်ပစ္စည်းများအပေါ် ကန့်သတ်ချက်များအား ရုတ်သိမ်းမည်မဟုတ်ကြောင်း ပြောကြားသည်။
(( အမေရိကန်နည်းပညာကုမ္ပဏီကြီးများ၏ Community Standard နှင့် စည်းမျဉ်းစည်းကမ်းများ ဆိုသည်တို့မှာ နိုင်ငံတကာနှင့် ဘောင်၀င်အောင် ရေးဆွဲထားသည်ဟု မည်သို့ပင် ဆိုစေကာမူ ၄င်းတို့အခြေစိုက်ရာ အမေရိကန်နိုင်ငံ၏ ဥပဒေအများစုနှင့် ဆီလျော်စေရန်သာ များသောအားဖြင့် ပါရှိနေမည်ဖြစ်ပါသည်။ ထို့ပြင် အမြတ်အစွန်းရရှိရေးကို ဦးတည်သည့် လုပ်ငန်းကြီးများဖြစ်ပါ၍ လူ့သဘာ၀အရ မျက်နှာလိုက်မှုများ မလွဲမသွေ ရှိနေမည်ဖြစ်သည်။
..  
ထိုသို့သော သဘောသဘာ၀ရှိသည့် နည်းပညာကုမ္ပဏီကြီးများသည် နိုင်ငံတကာ ဖြန့်ကျက် စီးပွားရှာသည့်အခါ သက်ဆိုင်ရာနိုင်ငံ၏ အမျိုးသားလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဥပဒေစည်းကမ်းတို့နှင့် အနည်းနှင့် အများဆိုသလို ဘောင်မ၀င်ပဲ ရှိနေကြောင်း လေ့လာတွေ့ရှိရပါသည်။
..
တစ်နည်းအားဖြင့် နိုင်ငံတစ်နိုင်ငံတည်းတွင် ဥပဒေ ၂-ရပ်တို့ ကွဲလွဲစွာ တည်ရှိနေခြင်းဟု ဆိုရမည်ဖြစ်ပြီး နိုင်ငံသားတို့၏ ရိုးရာ ဓလေ့ထုံးတမ်းနှင့် စုဖွဲ့တည်ရှိမှုအပေါ် ပမာမခန့် သဘောဖြစ်လာပါတော့သည်။
..  
IT ခေတ်ကြီးတွင် နည်းပညာဘီလူးကြီးများအပေါ် နည်းပညာဖြင့် ထိန်းချုပ်ရန်ဆိုသည်မှာ ကြိုးစားယုံနှင့် ရုးခါ သွားလောက်ပါသည်။ 
..
ထို့ကြောင့် ပြဋ္ဌာန်းဥပဒေများဖြင့်သာ ထိန်းချုပ်နိုင်ကြောင်း အကောင်းဆုံး သက်သေပြလျှက်ရှိသည့်နိုင်ငံမှာ စင်္ကာပူဖြစ်သည်။
..  
အလားတူပင် ဥရောပ၊ သြစတြေးလျ၊ တူရကီစသည့် နိုင်ငံကြီးများအပြင် အာရှအိမ်နီးချင်းများဖြစ်သော အိန္ဒိယ၊ ဘင်္ဂလာဒေ့ရှ်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားတို့၌လည်း ဥပဒေဖြင့်သာ ထိန်းချုပ်လျှက်ရှိကြောင်း သတိပြုမိပါသည်။ 
..
မကျေ နပ်လျှင် သက်ဆိုင်ရာနိုင်ငံအတွင်း ၀န်ဆောင်မှုပေးအပ်နေခြင်းမှ ရုတ်သိမ်း၍ အိမ်ပြန်သွားကြရန်သာ ရှိတော့သည်။ ။သတင်းဘာသာပြန်သူ))
#တားမြစ်အကြောင်းအရာများကို_ဖျက်ပစ်ခြင်း_မပြု၍_Google_ကို_ရုရှား_ဒဏ်ငွေရိုက်
(((Reuters., 30 Nov 2021,” Russia fines Google 3 million roubles for not deleting banned content” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))
Credit
https://www.reuters.com/technology/russia-fines-google-3-million-roubles-not-deleting-banned-content-2021-11-29/