Monday, December 6, 2021

KNUကိုပြိုကွဲအောင် တာဒိုမူးနဲ့ဘောကျော်ဟဲလုပ်ဆောင်နေတာလား?


မျက်မှောက်ကာလ နိုင်ငံရေးခရီးတွင် နစက 
အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် 
ငြိမ်းချမ်းရေးလုပ်ငန်းများ ဖော်ဆောင်နိုင်ရန်
အတွက် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် 
မျိုးစေ့ချ တည်ဆောက်ခဲ့သော NCA ငြိမ်းချမ်း
ရေး လမ်းစဉ်အား ဆက်လက်ဖော်ဆောင်လျက်ရှိ
ပါသည်။ 

KNU အဖွဲ့မှ နိုဝင်ဘာလ၁၅ရက် တွင် အထွေထွေ 
အတွင်းရေးမှူး PPST အဖွဲ့ခေါင်းဆောင်ဖြစ်သူ 
စောတာဒိုမူးမှ NCA စာချုပ်ပါ အချက်အလက်များ
အား ဖျက်သိမ်းမည်ဟု အဓိပ္ပာယ်သက်ရောက်သော 
ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ကြောင်းတွေ့ရှိ
ရပါသည်။ 

စောတာဒိုမူးအကြောင်းပြောရမယ်ဆိုရင်  
၎င်းသည် ၁၉၈၇ မှာ KNU ထဲကိုဝင်ပြီး ဘားအံ 
ခရိုင်သစ်တောဌာန၊ တောခေါင်းအဖြစ် စတင်
တာဝန် ထမ်းဆောင် ခဲ့သည်။ အဲဒီက တစ်ဆင့် 
KNU ဗဟိုတွဲဖက်အတွင်းရေးမှူးရုံးမှာ ရုံးအဖွဲ့မှူး
အဖြစ် စောထူးထူးလေးနှင့်အတူ တာဝန်ထမ်း
ဆောင်ခဲ့ပြီး ၁၉၉၂ မှာ KNU စီးပွားရေးဌာနမှာ 
အတွင်းရေးမှူးအဖြစ် ဌာနကြီးမှူး တာဝန်အား 
တာဝန်ထမ်းဆောင်ခဲ့သည်။ 

၂၀၀၈ ဒီဇင်ဘာလမှာ ကျင်းပတဲ့ KNU (၁၅) ကြိမ်
မြောက် ကွန်ဂရက်မှာ ဗဟိုအလုပ်အမှုဆောင် 
ကော်မတီအဖွဲ့ဝင် ရွေးချယ်ခံရပြီး စီးပွားရေးရာ 
ကော်မတီ ဥက္ကဋ္ဌအဖြစ် ပူးတွဲတာဝန် ထမ်းဆောင် 
သည်။ 

၂၀၁၇ ဧပြီလ မှာ ကျင်းပတဲ့ KNU (၁၆) ကြိမ်
မြောက် ကွန်ဂရက်မှာတော့ အထွေထွေအတွင်းရေး 
မှူးချုပ်အဖြစ် ရွေးချယ်ခြင်းခံရပြီး အခုအချိန်ထိ 
တာဝန်ထမ်းဆောင်နေဆဲဖြစ်သည်။ 

စောတာဒိုမူးက ၁၉၈၈ ခုနှစ်မှာ ပဒိုအားတိုရဲ့တူမနဲ့ 
အိမ်ထောင်ကျပြီး ၁၉၉၆ ခုနှစ်မှာ ဇနီးဖြစ်သူ 
ကွယ်လွန်ခဲ့တော့ ၂၀၀၅ မှာ KNU ဥက္ကဋ္ဌရဲ့ နိုင်ငံ 
ရေး/စစ်ရေး အကြံပေးဖြစ်သူ စောထူးထူးလေးရဲ့ 
မွေးစားသမီး (အမေရိကန်နိုင်ငံသူ)နဲ့ အိမ်ထောင်
ထပ်ကျသည်။   

KNU လူကြီးပိုင်းများနှင့် အဆင်ပြေအောင်နေထိုင်ခဲ့
သူဖြစ်ပြီး ၎င်း၏ရည်ရွယ်ချက်ဖြစ်သော KNU အား 
ချုပ်ကိုင်လိုသော ဆန္ဒကိုအကောင်အထည် ဖော်နေ
သူဖြစ်သဖြင့် ခေါင်းဆောင်ပိုင်းများ၏ ထောက်ခံမှု
အားနည်းအမျိုးမျိုးဖြင့်ရအောင် ကြိုးစားခဲ့၍ (၁၆) 
ကြိမ်မြောက် ကွန်ဂရက်မှာ အထွေထွေ အတွင်းရေး 
မှူးအဖြစ် ရွေးချယ်တင်မြောက် ခံခဲ့ရသူတစ်ဦးဖြစ် 
လာခဲ့သည်။
 
အထွေထွေအတွင်းရေးမှူးအဖြစ် KNU ရဲ့အရေးပါ
သော ရာထူးရရှိပြီး နောက်ပိုင်း ပြည်ထောင်စု 
ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ ဒုတိယ
အစည်း အဝေးအပြီးမှာတော့ အရင်ကလုပ်ခဲ့တဲ့ 
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကနေ စတင် သွေ 
ဖယ်လာသည်။ 

ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးထားသော တိုင်းရင်း 
သားလက်နက်ကိုင် ၁၀ ဖွဲ့၏ အစည်းအဝေးများ
တွင် ''အစိုးရနဲ့တပ်ဆိုတာ ဗမာတွေချည်းပဲ ''ဆိုပြီး 
လူမျိုးရေး သဘောဆောင်တဲ့ စကားတွေပြောခဲ့ပြီး 
ယုံကြည်မှုကင်းမဲ့တဲ့ ဆွေးနွေးပွဲများဖြစ်လာအောင် 
သွေးထိုးဆောင်ရွက်လာတာကို တွေ့ရှိလာရသည်။ 

နောက်ထပ် ထပ်မံဆွေးနွေးမယ့် ပြည်ထောင်စု 
ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစုပင်လုံမှာ ဖက်
ဒရယ် အခြေခံမှုမရရှိပါက လက်ရှိဆောင်ရွက်နေ
တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို နောက်ပြန်ဆုတ်
မယ်ဆိုတဲ့ သဘောထားတွေကိုပြလာပြီး ငြိမ်းချမ်း
ရေး ဆွေးနွေးပွဲတွေကို နှောင့်ယှက်တာတွေ စလုပ်
လာကြောင်းတွေ့ရှိရသည်။
         
အဲဒီလိုလုပ်နေတာရဲ့နောက်ကွယ်မှာ သူရဲ့ ဒုတိယ
မိန်းမ (အမေရိကန်နိုင်ငံသူ)မှ နောက်ကွယ်မှ ကြိုး ကိုင်လျက်ရှိသည်။ 

အဲဒီမိန်းမက အစိုးရနဲ့တပ်ရဲ့ ဆွေးနွေးချက်တွေ၊ PPST အဖွဲ့ ဆွေးနွေး ချက်တွေ၊ KNU ဗဟို ကော်မ တီအစည်းအဝေး ဆွေးနွေးချက်တွေကို စောတာဒို
မူးဆီ ကနေရပြီး အမေရိကန် ထောက်လှမ်းရေး 
(CIA)၊ ဗြိတိသျှထောက်လှမ်းရေး (MI-5) တွေနဲ့  
ဆက်စပ်မှုရှိတဲ့ အေးဂျင့်တွေနဲ့ သံရုံး/သံတမန်တွေ
ဆီကို ရောင်းစားနေတာဖြစ်သည်။ 

၎င်းအဖွဲ့အစည်းတွေက ရသောအမိန့်တွေကို သူ့
ယောင်္ကျားဆီပြန်ပို့ပေးသည်။ ငြိမ်းချမ်းရေးဆွေး 
နွေးပွဲတွေမှာ သဘောတူညီမှုတစ်ခု လုပ်တော့မယ်
ဆိုရင် စောတာဒိုမူး အပြင်ကိုထွက်ပြီး ဖုန်းပြော 
တတ်တယ်လို့ MPC က ဝန်ထမ်းတွေကပြောသည်။ 
အဆင်မပြေရင်တော့ ကဖျက်ယဖျက်တွေ လုပ်တယ်ဟုလည်း သိရသည်။ 

ပြောရမယ်ဆို သူ့စိတ်အတိုင်း လုပ်တာလား…? 
သူ့နောက်ကလူတွေ ခိုင်းတာကို လုပ်တာလား…? 
သိသာပါတယ်။ 

စောတာဒိုမူးဘက်က သတင်းပေးတယ်... 
အနောက်အဖွဲ့က လက်နက်မှောင်ခို လုပ်ခွင့်နဲ့ 
တရားမဝင်စီးပွားရေးလမ်းကြောင်းတွေပေးခဲ့
တယ်။  

NGO အဖွဲ့တွေကနေ ဒုက္ခသည်တွေအတွက်ပေးတဲ့ 
အထောက်အပံ့တွေကို သူကတစ်ဆင့် ပေးမယ်လို့  
ငြိမ်းချမ်းရေးဖြစ်စဉ် အကြောင်းပြပြီး တိုက်ရိုက်     
တောင်းခံတာမျိုးတွေ အမြဲလိုလိုပဲ တွေ့ရှိလာရ
သည်။ 

ပြီးတော့ သူက စောထူးထူးလေးတို့ရဲ့ အုပ်စုဝင်
အဖြစ် EBO နှင့် ပြည်ပနိုင်ငံတွေဆီက အထောက်
အပံ့တွေကို ဟန်ညောင်ဝေက တစ်ဆင့်လက်ခံ ရရှိ
ကြောင်း သိရှိရတယ်။ 

ဟန်ညောင်ဝေနဲ့ ပါတနာကျရာကနေ တစ်ဆင့်တက်
ပြီး နိုင်ငံရေး ပါတီတွေ၊ နိုင်ငံခြားသားတွေနဲ့ ပိုထိ
တွေ့ဆက်ဆံလာရလို့ KNU အဖွဲ့အ တွင်းမှာ သြဇာ
အာဏာ ပိုရှိလာတယ်။ 

အဲဒီလိုဖြစ်လာပြီးနောက်ပိုင်း KNU အဖွဲ့က လူကြီး
တွေဖြစ်တဲ့ ပဒိုစောကွယ်ထူးဝင်း၊ ပဒိုမန်းငြိမ်း
မောင်၊ စောရောဂျာခင်၊ ပဒိုရွှေမောင်း တို့နဲ့ သဘော 
ထားကွဲလွဲမှုတွေ မထီမဲ့မြင်လုပ်တာတွေ ပိုဖြစ်လာ
ပြီး ဆွေးနွေးပွဲတွေမှာဆို အချေအတင်တွေဖြစ် 
လာတယ်။  
       
လက်ရှိ KNU အဖွဲ့ကြီးမှာ အုပ်စုသုံးစုကွဲနေတာကို
တော့ မြင်နေရတယ်။ 
- ပထမအုပ်စု က အဖိုးစောမူတူးစေးဖိုး၊ ဖဒိုရွှေ
မောင်းနဲ့ ဗိုလ်ဂျော်နီတို့ အုပ်စုပဲ။ အဲဒီအုပ်စုက 
ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်ကြီးမားပြီး 
ဒေသဖွံ့ဖြိုးရေးအတွက် မျှော်လင့်ချက်ကြီးကြီး
ထားသူတွေ ပဲဖြစ်တယ်။ သမ္မတဦးသိန်းစိန် 
လက်ထက်တုန်း ကဆို ကရင်ပြည်နယ် စစ်မီးမ
တောက်လောင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် 
ဆောင်ရွက်ချက်တွေကို အတော်လေး အောင်မြင်
စွာ လုပ်ဆောင်နိုင်တယ်။ ပြီးတော့ ဘယ်နိုင်ငံရဲ့ သြ
ဇာကိုမှမခံဘူး။ KNU တပ်ရင်းမှူး အများစုကလည်း 
အဲဒီလူကြီး တွေကို အတော်ထောက်ခံတယ်။ စစ်
အင်အားရှိပေမယ့် ညှိနှိုင်းပွဲတွေ၊ ဆွေးနွေးပွဲ တွေနဲ့
ပဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆက်တိုက်ဖော်
ဆောင်နေလို့ soft liner သဘောထားပျော့ပျောင်း
သူများလို့ ခေါ်နိုင်တယ်။ 

- ဒုတိယအုပ်စုကတော့ နော်စီဖိုးရာစိန်၊ စောထူးထူး
လေး၊ စောတာဒိုမူးနဲ့ ဘောကျော်ဟဲ Hard liner အဖွဲ့။ သူတို့ နောက်ကွယ်ကနေ အမေရိကန်၊ ပြင်
သစ်၊ ဆွီဒင်၊ နော်ဝေဘက်မှ အုပ်စုတွေနဲ့ OIC အဖွဲ့
တွေက ကြိုးကိုင်ခြယ်လှယ်နေပြီး အဲဒီကရတဲ့ 
ငွေကြေးထောက်ပံ့မှုနဲ့ နိုင်ငံရေးသြဇာ အောက်က
နေ ရုန်းမထွက် နိုင်ဖြစ်နေတယ်။ လက်ရှိ NUG၊ 
CRPH၊ NUCC တို့ ဆက်ဆံမှုကောင်းတာက အဲဒီ
အဖွဲ့ပဲ။ နောက်လာမယ့်(၁၇)ကြိမ်မြောက် ကွန်ဂ 
ရက် မှာ ဥက္ကဋ္ဌနေရာရဖို့အတွက် ထောက်ခံမဲ များ
များရရှိဖို့ဆိုပြီး ဗဟိုကော်မတီဝင်တွေကို လိုက်လံ
စည်းရုံးနေတာတွေရှိတယ်။ တပ်နဲ့ ထိတွေ့မှု ဖြစ်နေ
တဲ့ KNU တပ်အများစုက ဒုတိယအုပ်စုရဲ့ တပ်တွေ
များတယ်။ ပြီးတော့ ဝေါလေ လူသတ်မှုလို အစု
လိုက် အပြုံလိုက်လူသတ်မှုတွေ လုပ်နေတာတွေ့ရ
လို့ လူမျိုးရေး မုန်းတီးသူ သဘောထား တင်းမာ 
သော အုပ်စုအဖြစ် သတ်မှတ်နိုင်တယ်။

- တတိယအုပ်စုကတော့ အရင်ဥက္ကဋ္ဌ စောဗိုလ်မြရဲ့
သား KNDO က နယ်ဒါးမြ နဲ့ Free burma ranger 
အမည်ခံ ကြေးစားတွေပဲ။ အဲဒီအုပ်စုက ဘာနိုင်ငံ 
ရေး မူဝါဒမှ မရှိဘဲ ငွေကြေးအကျိုးအမြတ်ကိုသာ 
ဦးစားပေးသော အဖွဲ့ဖြစ်သည်။ သူတို့နယ်မြေ ထဲ
မှာ PDF သင်တန်းဆင်းများစွာရှိသည်ဟု သိရှိရ
သည်။ တပ်မဟာ ၁၊၅၊ ၆၊ KNDO တို့က လေ့ကျင့်
ပေးခဲ့ကြတာပဲဖြစ်တယ်။ ငွေကြေးအကျိုးအမြတ်
ကြောင့် ဆောင်ရွက် ခြင်းသာဖြစ်သည်။
      
KNU အဖွဲ့ကြီးက အရင်သမ္မတဟောင်း ဦးသိန်းစိန်
လက်ထက်ကဆို အတော်ညီညွတ်ပြီး အင်အားကြီး
တဲ့ အဖွဲ့ဖြစ်ပေမယ့် နောက်ပိုင်းကျတော့ ငြိမ်းချမ်း
ရေး လုပ်ငန်းစဉ်တွေ အောင်မြင်လာသည်နှင့်အမျှ 
အဖွဲ့တွေ ကွဲကုန်တယ်လို့ ပြောရမယ်။ စောတာဒိုမူး
ဆိုတာ အရင်တုန်းက အဖိုးစောမူတူးစေးဖိုး အုပ်စု
ကပဲ။ 

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေလုပ်တော့ စွမ်းစွမ်း တမံလုပ်ဆောင်တယ်ဆိုပြီး လူကြီးတွေက သဘော 
ကျလို့ KNU အဖွဲ့ထဲက အထွေထွေ အတွင်းရေးမှူး
နေရာနဲ့ ငြိမ်းချမ်းရေးကော်မရှင်က KNU ကိုယ်စား
ပြုနေရာတွေကို ရရှိခဲ့တာပဲ။ 

အဲဒီလို နေရာတွေရပြီး ရာထူးတွေ၊ ပိုက်ဆံတွေရ
ပြီးတာနဲ့ ယောက္ခမဖြစ်တဲ့ စောထူးထူးလေး တို့
အုပ်စု ဆီသွားပြီး နော်စီဖိုးရာစိန်တို့ ဘောကျော်ဟဲ
တို့ နောက်ကွယ်ကအကူအညီနဲ့ ဖထီးကြီး စောမူတူး
ဆေးဖိုးကို ဆန့်ကျင်တယ်။  

PPST မှာ ကြေညာချက်တွေ ထုတ်ပြီး ပြည်ထောင် 
စုသဘောတူညီချက်တွေကို ပျက်ပြားအောင်လုပ်
တာတွေနဲ့ အကြမ်းဖက် အဖွဲ့အစည်း တွေဖြစ်တဲ့ 
CRPH၊ NUG တွေကို အားပေးထောက်ခံတာတွေ 
လုပ်ခဲ့တယ်။ 

အဲဒီလို သူလုပ်နေ တာဟာ KNU အဖွဲ့အတွင်း သူ့ရဲ့
နေရာမှာ ရေရှည်ရပ်တည်နိုင်ရေး သြဇာအာဏာပိုမို
ရရှိရေး၊ ကိုယ်ကျိုးစီးပွားခိုင်မာရေးကို ရှေးရှုပြီး    
လုပ်နေတာ တွေပဲ။ 

ပြီးတော့ စောထူးထူးလေး၊ ဟန်ညောင်ဝေနဲ့ ပြည်ပ
နိုင်ငံကနေ ခိုင်းတဲ့အတိုင်း၊ ကြိုးဆွဲတဲ့အတိုင်း 
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ မအောင်မြင်အောင် 
လုပ်နေတာပဲဖြစ်တယ်။ 

လက်ရှိအချိန်မှာ ငြိမ်းချမ်းရေးလိုလားတဲ့ ပထမ
အုပ်စုကို နည်းလမ်းပေါင်းစုံသုံးကာ သွေးခွဲ
သပ်လျှိုနေပြီး မိမိကိုယ်ကျိုးစီးပွားအတွက် မိမိ
လူမျိုးနှင့် အဖွဲ့အစည်း ပျက်စီးတာကို လိုချင်တဲ့
လူဖြစ်နေပါပြီ။ 

ဘာကြောင့် လဲဆိုတော့ KNU ဥက္ကဌနဲ့ခေါင်းဆောင်
ပိုင်းများက စစ်ဟာအကျိုးမရှိဘူးလို့ သူတို့ ယုံကြည်လို့ ငြိမ်းချမ်းရေးယူဖို့ လုပ်ခဲ့ကြတာပဲ။ 

ဒါပေမဲ့ အခုလက်ရှိ KNU အထွေထွေ အတွင်းရေး 
မှူးဖြစ်သူ စောတာဒိုမူးက ၂၁ ရာစုပင်လုံ ငြိမ်းချမ်း
ရေး ညီလာခံနဲ့ ပြည်ထောင်စု သဘော တူညီချက်
တွေကို နှောင့်နှေးအောင် လုပ်နေတာတင်မကဘဲ 
စစ်ကို နောက်တစ်ကျော့ ပြန်ခေါ်သလို ရန်လိုတဲ့ 
ရန်စတဲ့ လုပ်ဆောင်မှုတွေ လုပ်နေတာဖြစ်တယ်။   

မိခင်အဖွဲ့ အစည်းဖြစ်တဲ့ KNU အဖွဲ့ကြီးနဲ့ ကိုယ့်ရဲ့ 
ကရင်လူမျိုးတွေကို စတေးပြီး သူ့အာဏာသြဇာ 
ကြီးမားလာအောင် ဆောင်ရွက်နေ တာဖြစ်ပါတယ်။ 

သို့ပေမယ့် လည်း ငြိမ်းချမ်းရေးကိုလိုလားတဲ့သူက
အများစုဖြစ်ပြီး ဖထီးကြီးစောမူတူးဆေးဖိုးရဲ့ 
လမ်းစဉ်ကို သဘောကျလိုက်နာတဲ့သူက အများစု 
ဖြစ်တဲ့အတွက် ရည်မှန်းချက်မအောင်မြင်ဘဲ သူ
ခိုင်းတာလုပ်...သူ့သြဇာခံနေတဲ့ တပ်မဟာ ၁ နဲ့ 
တပ်မဟာ (၅) ဒုစစ်ဦးစီးချုပ် ဘောကျော်ဟဲ တို့နဲ့ပဲ 
စစ်သွေးကြွ PDF တစ်စု ကို လက်နက်/ငွေကြေး
ထောက်ပံ့ပေးပြီး စကစကို ပုန်ကန်ခိုင်းတယ်။ 

NLD၊ CDM အကြမ်းဖက်တွေကို ခိုလှုံခွင့်ပေး၊ 
လက်နက်မှောင်ခိုတွေလုပ်ပြီး စစ်ပွဲတွေ ဖော်ဆောင်
လာတယ်။ 

တော်လှန်ရေးကို စောတာဒိုမူး တို့ကမပြီးစေချင်တဲ့
သူတွေထဲမှာ ထိပ်ဆုံးကပဲ.... စစ်ပွဲ ဖြစ်နေမှ အကျိုး 
အမြတ်ရနေတာဖြစ်တဲ့အတွက်ကြောင့် ဖြစ်တယ်။ 

နောက်တစ်ဆက် သူအတွင်းရေးမှူး ဆက်ဖြစ်နေဦး
မယ်ဆိုရင်တော့ ကရင်ပြည်နယ်ကြီးနဲ့ KNU အဖွဲ့
အစည်းကြီးအတွက်တော့ အပိုင်းပိုင်းကွဲထွက်သွား 
လိမ့်မည်ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ပါသည်။

crd. လင်းနေ
#KT