Saturday, December 4, 2021

နယ်မြေစိုးမိုးရေး


         မြန်မာ့တပ်မတော်ဟာ နယ်မြေစိုးမိုးရေး ဆောင်ရွက်ချက်တွေကို လုပ်ဆောင်ရာမှာ အလွန်အောင်မြင်ခဲ့ကြပါတယ် ။ 

      တချိန်က အင်မတန် အားကောင်းခဲ့တဲ့ KNU ကြီးစိုးရာ ကရင်ပြည်နယ်ဖက်မှာ တပ်ရင်းတွေကို အချပ်အခြာနေရာတိုင်း ထိုင်ထားလိုက်တော့ ယနေ့ဆိုရင် ကရင်ပြည်နယ် နယ်မြေအများစုဟာ ငြိမ်းချမ်းနေပါတယ် ။ တောတောင်ထဲမှာပဲ လှုပ်ရှားနေတာ အများစုပါ ။ 

         ယနေ့ PDF လှုပ်ရှားမှုကို လေ့လာကြည့်ပါက တပ်မတော် တပ်ရင်းများ အနည်းဆုံး ရှိနေတဲ့ အဖြူရောင် နယ်မြေများကို စုဖွဲ့လှုပ်ရှားနေတာ မြင်ကြရမှာပါ ။ 

       စစ်ကိုင်းတိုင်း နဲ့ မကွေးတိုင်းရယ် ကယားပြည်နယ်ဆိုတာ တချိန်က လုံးဝ အဖြူရောင် နယ်မြေပဲ ဖြစ်ပဲတယ် ။ ဒီနယ်မြေ အကျယ်ကြီးမှာ အခြေချထားတဲ့ တပ်ရင်း တပ်မ အနည်းသာ ရှိပါတယ် ။ အခြားစစ်တိုင်းဒေသတွေ နဲ့ နှိုင်းယှဥ်လျှင် တပ်မရှိတဲ့ နယ်မြေ အများအပြားဖြစ်နေတာ တွေ့ရပါတယ် ။ 

        ဒီ အဖြူရောင် ဧရိယာကြီးအား အစဥ်အမြဲ လစ်လျှူရှုခဲ့တာကို နိုင်ငံခြားသားတွေ ကောင်းစွာသိတဲ့ အတွက် ယခု ၂၀၂၁ PDF လှုပ်ရှားမှု အမာခံနယ်အဖြစ် ရွေးချယ်ထားဟန် ရှိပါတယ် ။ ပြည်ပ အကြံပေးမှ လုပ်လေ့ရှိတဲ့ NLD ရဲ့ သဘောသဘာဝ အရ တွက်ဆကြည့်မိတာပါ ။ 

       ယခုလို တပ်မတော်က သာမန် စစ်ကြောင်းထိုး ရှာဖွေတွေ့သလောက် PDF တွေကို တွေ့သမျှ ပစ်ခတ်ချေမှုံးပြီး ပြန်လာ ဆိုတဲ့ ဗျူဟာနဲ့တော့ အလုပ်မဖြစ်ပါဘူး ။ စစ်ကြောင်းမရှိတာနဲ့ တပ် မနိုင် ပြည်သူသတ်နေတဲ့ လုပ်ရပ်တွေကို ထိမ်းနိုင်မှာ မဟုတ်ပါဘူး ။ 

        ဒီနယ်မြေအတွက် တပ်ရင်းအသစ်တွေ တည်ရပါမယ် ။ တပ်ရင်း တရင်းကို ဆယ်မိုင် ပတ်လည် ထိမ်းထားမယ်ဆိုရင် တပ်ရင်း ၁၀ ရင် ဆိုရင်ပဲ မိုင် ၁၀၀ ပတ်လည် ငြိမ်ဝပ်ပိပြား အေးချမ်းသွားပါမယ် ။ 

       တပ်သစ်တည်ဆောက်ဖို့ အတွက် မိမိထုတ်နှုတ်အင်အား အနည်းငယ်နဲ့ တပ်သားသစ်စုဆောင်းရပါ့မယ် ။ စုဆောင်းစည်းရုံးရာမှာ ပထမဆုံး ရွေးကောက်ပွဲ ယာယီရဲ ဖွဲ့စည်းတာ နမူနာယူပြီး လုပ်ကြည့်ရင် အောင်မြင်နိုင်ပါတယ် ။ 

         ယခု စစ်ကိုင်း ချင်း အစပ်နယ်မြေခံများအား စီစစ်ပြီး လက်ခံဖွဲ့စည်းကြည့်ပါ ။ အခြားဒေသများသို့ သွားရောက် စစ်မှုထမ်းရန် မလိုပဲ မိမိတို့ ဒေသတွင်း တည်းငြိမ်အေးချမ်းရေးအတွက်သာ တာဝန်ထမ်းဆောင်ရမည် ဆိုတဲ့ မက်လုံးနဲ့ စည်းရုံးရင် ရနိုင်ပါတယ် ။ 

          PDF မဟုတ်သော လူငယ်များအား စီစစ်လက်ခံမယ် ဆိုရင် တပ်မတော်အား ထောက်ခံသူတွေ ဝင်လာပါလိမ့်မယ် ။ သာမန် အချိန်မှာ တပ်အသစ်တည်ဆောက်ဖို့ ဆိုရင် မြေနေရာ ကိစ္စက စပြီး ပြဿနာ တက်မှာ သေချာပါတယ် ။ ယနေ့တွင်ကား PDF ဇောင်းထသော အချက်အား ပိုင်ပိုင်ကိုင်၍ ကြိုက်တဲ့ရွာမြေ သိမ်းလို့ရပါပြီ ။ 

          ရွာလုံးကျွတ်ရွေ့ပြောင်းခိုင်းလဲ အဆင်ပြေပါပြီ ။ ဥပမာ အင်မတန် ရိုင်းစိုင်းတဲ့ ကာပေါင်းကျလို ရွာမျိုး ဖျက်ပစ်ပြီး တပ်သစ်တည်ရင် ရပါတယ် ။ 

        ဒီလို ဆောင်ရွက်ရာမှာ အရပ်ဖက် အုပ်ချုပ်ရေးအာဏာလည်း အသုံးပြုရမှာ ဖြစ်ပါတယ် ။ အဲဒါကြောင့် စစ်ကိုင်း နဲ့ ချင်းပြည်နယ် အတွက် တိုင်း နဲ့ ပြည်နယ် အဆင့် ဝန်ကြီးချုပ် တာဝန်အား ကစထမှူးကြီး ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်အား ပူးတွဲ တာဝန်ပေးအပ်လိုက်မယ်ဆိုရင် ပိုပြီး သွက်လက်မြန်ဆန်လာပါ့မယ် ။ 

      မြေပြင်မှာ ဖြစ်နေတဲ့ ပြဿနာက စစ်ဆင်ရေးကွပ်ကဲမှုက တယောက် ၊ တိုင်း နဲ့ ပြည်နယ် ဝန်​​ကြီးချုပ်က တယောက်နဲ့ ဖြစ်နေတော့ ကျွဲတဖက် နွားတဖက် ရုန်းနေရတဲ့ လှည်းလို ခြေကျမညီလို့ အဆင်မပြေမှုတွေ ရှိနေပါတယ် ။ 

        အုပ်ချုပ်မှုမှာ တပ်ကို ဒုတိယ ဗိုလ်ချုပ်ကြီးတေဇကျော်က ကိုင်ထားပြီး ရဲ နဲ့ ထွေအုပ်ကို တိုင်းဝန်ကြီးချုပ် ကိုင်ထားလေတော့ ဟာကွက်တွေ ရှိမှာ အမှန်ပါပဲ ။ 

         ထကြွနေတဲ့ စစ်ကိုင်း နဲ့ ချင်းရှိ PDF တွေ မျိုးပြုတ်ဖို့ အတွက် တပ်ရင်းအသစ်တည်ပြီး နှိမ်နင်းနိုင်ရန် ကစထမှူးအား ဝန်​​ကြီးချုပ်တာဝန်ကိုပါ ယာယီဖြစ်စေ ပူးတွဲတာဝန်ပေးခဲ့ပါလျှင် မကြာမှီ PDF တို့ ချုပ်ငြိမ်းပြီး အေးချမ်းသွားနိုင်ပါတယ် ။ 

      ကိုရွှေမျိုးဝင်း

(တည်ဆောက်နေတာ ရည်ရွယ်ချက်ကောင်းပေမယ့် လုပ်ဆောင်ချက်မှားရင်လည်း ကိုယ့်ဘာသာ ပြန်ပြီး အချုပ်ကျတတ်ပါတယ်)