Saturday, December 4, 2021

သိထားသင့်တဲ့ အကြောင်း


.. NLD တို့ ဇောင်းထ အာဏာရချိန်တုန်းက ၁၉၉၀ ရွေးကောက်ပွဲရလာဒ် နဲ့ ပတ်သက်ပြီး နီပိတ်တွေကို အထောက်အထားနဲ့ ငြင်းခဲ့မိတဲ့ ပို့စ် အဟောင်းလေးပါ ။ မိတ်ဆွေ Mya Myo Thitsar ACC မှ ပြန်တင်ထားလာတာ တွေ့မိလို့ မဖတ်ဖူးသူ မိတ်ဆွေသစ်များအတွက် သမိုင်းမှတ်တမ်းတခုကို ထပ်မံ တင်ပြလိုက်ပါတယ် ။

{အတိတ်က ဇာတ်လမ်းလေး}
====================

        နဝတအစိုးရဟာ ၁၉၇၄ ခြေ / ဥ ကို ဖျက်သိမ်းလိုက်တော့ သူ့ဆီမှာ ကိုးကားစရာ အခြေခံဥပဒေ မရှိတော့ပါဘူး ။ ဒီတော့ မာရှယ်လောအရ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်များနဲ့ ထုတ်ပြန် အုပ်ချုပ်ခဲ့ရပါတယ် ။ 

      ၁၉၈၉ ခုနှစ်မှာ

 "ပြည်သူ့ရွေးကောက်ပွဲ ဥပဒေ " 

      ကို အမိန့် အမှတ် ၁၄ / ၈၉ နဲ့ ထုတ်ပြန်လိုက်ပါတယ် ။ ဤရွေးကောက်ပွဲသည် 

"ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအား ရွေးကောက်တင်မြှောက်နိုင်ရန်သာ ရည်ရွယ်ခြင်းဖြစ်ကြောင်း "

ဥပဒေအဖွင့်မှာ ရှင်းလင်းစွာ ရေးသားခဲ့ပါတယ် ။ 

( အလုံးစုံသော အာဏာ ၃ ရပ်အား လွှဲပြောင်းပေးအပ်ရန် မဟုတ်သေး လို့ အဓိပ္ပါယ်ရပါတယ်)

           အဲဒီ အဖွင့်ကြောင့် ရွေးကောက်ပွဲ မကျင်းပခင်မှာပဲ Asiaweek မဂ္ဂဇင်းက အင်တာဗျူးမှာ ဒေါ်စုကြည်ကို ဒီဖွင့်ဆိုချက်ရဲ့ အဓိပ္ပါယ်ကို သိပါသလားလို့ မေးမြန်းခဲ့ပါတယ် ။ ဒေါ်စုကြည်တယောက် ၁၄ / ၈၉ ရဲ့ ဆိုလိုချက်ကို တိတိကျကျ မသိသေးကြောင်း သူ့ရဲ့ ဝေ့လည်ကြောင်ပတ် အဖြေတွေက သက်သေခံနေပါတယ် ။

            ၁၉၉၀ ရွေးကောက်ပွဲမှာ NLD အနိုင်ရပြီးနောက် တပ်မတော်ကို ခေါင်းဖြတ်ပြီးကိုယ်ပဲယူမယ် ဆိုတဲ့ အသံတွေ ကျယ်ကျယ်လောင်လောင် ကြားလာရတော့ Asiaweek မဂ္ဂဇင်းကပဲ ဦးကြည်မောင် နဲ့ အင်တာဗျူးမှာ တပ်မတော်အပေါ် ဘယ်လိုသဘောထားမလဲ မေးကြည့်ပါတယ် ။ 

"ခင်ညွှန့်လိုလူကတော့ ဒီ နုရင်ဘတ်ခုံရုံးလို အသံတွေကြားရင် သူ့နောက်ကျောသူ ဘယ်လုံမလဲ"

    ဆိုပြီးဖြေခဲ့ပါတယ် ။ 

(ယခု အပုပ်ချနေတဲ့ နောက်ပြန်မပြန်ရ ဥပဒေ ပုဒ်မ ၄၄၅ ဆိုတာ အဲလိုအသံတွေကြောင့် ပါဝင်ခဲ့တာပါ)
     
            အဲဒီ အင်တာဗျူး တွေ့ပြီး နောက် ၂ ပတ်လောက် 27-7-1990 မှာပဲ နဝတကနေ အမိန့် အမှတ် ၁/၉၀ ကို ထုတ်ပြန်ခဲ့ပါတယ် ။ အဲဒီ အမိန့်စာထဲမှာ ၁၄ / ၈၉ ရဲ့ ထုတ်ပြန်ချက် အဓိပ္ပါယ်တွေကို ထပ်မံ ရှင်းပြခဲ့ပါတယ် ။ 

- ၁၉၉၀ ရွေးကောက်ပွဲ ရည်ရွယ်ချက်သည် ခြေ/ဥ ရေးဆွဲနိုင်ရန် ကိုယ်စားလှယ်ရွေးသည့် သဘောသာ ရည်ရွယ်ကြောင်း

 (ယင်းကိုလည်း ၁၄/၈၉ နိဒါန်းမှာ ရှင်းလင်းစွာ ပြဌာန်းထားကြောင်း)

- ယင်းလွှတ်တော်မှ အခြေခံဥပဒေရေးဆွဲအတည်ပြုပြီးမှသာ အလုံးစုံသော အာဏာကို လွှဲပြောင်းပေးမည် ဖြစ်ကြောင်း

- ယာယီအခြေခံဥပဒေဖြင့် အာဏာမလွှဲပေးနိုင်ကြောင်း

           အတိအလင်း ထပ်မံရှင်းလင်း ထုတ်ပြန်ခဲ့ပါတယ် ။ အဲဒီလို အခြေအနေအရ NLD ပါတီဟာ ဥပဒကြောင်း အရသော်လည်းကောင်း ၊ အင်အားအရာအရသော် လည်းကောင်း နဝတ ရဲ့ အစီအမံကို မလှန်နိုင်ပဲ ခြေ / ဥ ရေးဆွဲရာမှာ ပါဝင်ခဲ့ရပါတယ် ။ 

                NLD အမတ် ၈၀ ကျော်ဟာ ယခု ၂၀၀၈ ခြေ / ဥ ရဲ့ ပထမဆုံး အခန်းကြီး ၃ ခန်း နဲ့ ဒုတိယခန်း ၃ ခန်းရဲ့ တဝက်ခန့် အထိ ပါဝင်ဆွေးနွေး သဘောတူပြီး ဖြစ်ပါတယ် ။ 

      ဒါပေမယ့်

    " မြန်မာ့မြေပေါ်မှာ မည်သည့်နိုင်ငံခြားတပ်ကိုမျှ အခြေချတပ်စွဲခွင့် မပြုရ"

     ဆိုတဲ့ ပုဒ်မကို အတည်ပြုပြီးချိန်မှာ အမေရိကန်က မက်ဘရင်းအောဘရိုက် ချက်ခြင်း ပြေးလာပြီး ဒေါ်စုကြည် နဲ့ ၂ ကိုယ်ကြား ဆွေးနွေးပြီးနောက် NLD ပါတီဟာ ခြေ / ဥ ရေးဆွဲရာကနေ ထွက်ခွါသွားပါတယ် 

( အသေးစိတ် ပို့စ် တင်ဖူးပါတယ်)

            ကဲ အဲဒါတွေကတော့ ၁၉၉၀ ရွေးကောက်ပွဲရဲ့ သရုပ်မှန်တွေပါပဲ ။ ကျနော်တို့ ရေးနေတာတွေဟာ အထောက်အထား မပါပဲ ရေးနေတာ မဟုတ်ပါဘူး ။ နဝတရဲ့ ၁၄/၈၉ တို့ ၁/၉၀ တို့ကို ပြန်ကြည့်မယ်ဆိုရင် အမှန်တရားကို မြင်တွေ့နိုင်ပါတယ် ။

         တပ်မတော် နဲ့ ပြည်သူ စိတ်ဝမ်းမကွဲစေဖို့ အမှန်တရားကို တတ်စွမ်းသရွှေ့ ဖော်ထုတ်နေခြင်းသာ ဖြစ်ပါတယ် ။ ကလိမ်ကကျစ် နိုင်ငံရေးသမားများရဲ့ အောက်တန်းစား အပုပ်ချမှုများမှ ပြည်သူအပေါင်း လွတ်မြောက်၍ အမှန်တရားကို သိမြင်လာကြပါစေဗျာ ။

         ကို​ရွှေမျိုးဝင်း