Saturday, December 4, 2021

ဆီစျေးကြီး၍ ဆေးစျေးချိုပါစေ


               ဒီကနေ့ ဖတ်လိုက်မိတဲ့ ပို့စ် တခုကို ထပ်ဆင့်ရေးသားဖို့ လိုအပ်နေလို့ ရေးလိုက်ရပါတယ် ။ 

       မြန်မာနိုင်ငံထဲကို 2012-13 လောက်မှာ တရုတ်တယောက် ရောက်လာပါတယ် ။ သူနဲ့အတူ ပါလာတဲ့ စကားပြန်ရဲ့ အပြောအရ ဆီအတုလုပ်ရောင်းနိုင်ဖို့ ဓာတုဗေဒနည်း နဲ့ လုပ်ထားတဲ့ ပဲဆီ ၊ နှမ်းဆီ ၊ နေကြာဆီ အနံ့ ထည့်ထားသော နမူနာ ပုလင်း လေးလုံးပါလာသတဲ့ ။ 

        လိမ်လည်တဲ့ အလုပ်မို့ လုပ်ငန်းရှင်က မလုပ်လိုကြောင်း ပြောပေမယ့် နမူနာဓာတုအနံ့ပုလင်း လေးလုံး အတင်းထားသွားခဲ့ပါတယ် ။ အဲဒီပုလင်းတွေကို FDA (ရန်ကုန်ရုံးခွဲ)ဆီကို သွားပို့ပြီး စစ်ဆေးစေခဲ့ကာ သတိပေးခဲ့ပါတယ် ။ 

       2014 မှ စတင်ပြီး အဆိုပါကိစ္စအား စားသုံးသူရေးရာ အစည်းအဝေးတက်တိုင်း ယင်း လုပ်ငန်းရှင်မှ အကြိမ်ကြိမ်သတိပေးရင်း 2016 မှာ ယင်းဆီအတု 80 % စျေးကွက်ကို လွှမ်းမိုးသွားပါပြီ ။ 

         တရုတ်က မြန်မာတို့ရဲ့ ​မြေပဲအစစ်အကောင်းစားတွေကို အောက်စျေး နဲ့ ဝယ်ပြီး သူတို့ဆီမှာ ပဲဆီ တပိဿာ တသောင်းကျော် နဲ့ ရောင်းစားကြပါတယ် ။ နှမ်းကိုလည်း သူခိုးစျေးနဲ့ဝယ်ပြီး ပြန်လည်သန့်စင်ကာ ဂျပန်ကို ရောင်းစားကြပါတယ် ။ 

          FDA ဆိုတဲ့ အဖွဲ့အစည်းကြီး ဘာလုပ်နေကြသလဲ မေးခွန်းထုတ်ရပါမယ် ။ ဓာတုဆေးသုံး ဆီအတု လုပ်နေကြတာ ဥပဒေအရ ဖမ်းခွင့်မရှိဖူးလို့ ပြောကြမလား ။ 

        ဘယ်ကထုတ်နေမှန်းမသိလို့ ဆိုပြီး လိမ်ကြမလား သိချင်မိပါတယ် ။ ဟုတ်ကဲ့ ရန်ကုန် ၂၆ ၊ ၂၇ ၊ ကုန်စိမ်းတန်းလမ်း နဲ့ သိမ်ကြီးစျေး A ရုံ မှာ ရှိနေသော ဆီ လက်ကားကုန်သည်ကြီး ၆၀ ခန့်က ဒီ ဆီအတုတွေကို ဖြန့်ချီနေတာ တနိုင်ငံလုံး သေချင်းဆိုးနဲ့ မသိမသာ သေနေကြပါတယ် FDA လူကြီးမင်းများ ခင်ဗျား ။ 

        ကုန်စိမ်းစျေးထဲက လက်လုပ်လက်စာ ချဥ်ဖက်သယ်တို့ ၊ ပဲနို့သယ်တို့ ၊ ငပိလက်လီရောင်းနေတဲ့ ဆိုင်ပေါက်စလေးတွေ ပဲ စစ်ဆေး အယူပြီး တိုင်းပြည်ကို လိမ်နေကြတာ ရပ်တံ့ချိန် လွန်နေပါပြီ ။ 

        တနိုင်ငံလုံး သောက်နေကြတဲ့ ဓာတုအချိုရည် စက်ရုံတွေကို ခင်ဗျားတို့ အပေါ်ရံစစ်ဆေးပြီး လာဘ်စားထားကြတာတွေ ၊ အုန်းမှုတ်ခွံနဲ့ လုပ်ထားတဲ့ ကော်ဖီမစ်စက်ရုံတွေကို ငွေမျက်နှာကြည့်ပြီး ဥပေက္ခာပြုထားတာတွေ ၊ အခု ဆီအတုလုပ်ငန်းရှင်တွေကို ရူးချင်ယောင်ဆောင်ပြီး မဖမ်းဆီးတာတွေဟာ ပြည်သူတွေကို ရောဂါပေါင်းစုံနဲ့ ဆေးဖိုးနဲ့မွဲစေပြီး နောက်ဆုံး သခ်ျိုင်းကို ဖြတ်လမ်းကနေ ပို့နေ​ကြတဲ့ လုပ်ဆောင်ချက်တွေ ဖြစ်ပါတယ် ။

        ဒီလို လုပ်ရင် စားသုံးဆီစျေးတွေ တက်ကုန်မှာပေါ့လို့ ဆင်ခြေမပေးနဲ့ဗျ ဆီစျေးတက်ရင် လျှော့သုံးလို့ရတယ် ၊ ပြည်ပက ​ဆေးစျေးတက်တာ လျှော့သုံးလို့မရဘူး ။ ဆီအတုတွေကို အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးပေးပါ ။ FDA က ဆက်လက်တာဝန်မဲ့နေရင်တော့ အသေးစိတ် စုံစမ်းပြီး FDA ကိုပါ လာဘ်စားမှု ပေါင်းစုံနဲ့ အရေးယူနိုင်ရန် တိုက်ရိုက်တိုင်ကြားရပါလိမ့်မယ် ။ 

       ဒီကိစ္စကြီးသည် ပေါ့ဆနေရမယ့် အရေးမဟုတ်ပါဘူး ။ အမျိုးသားကျန်းမာရေး ၊ အမျိုးသား အကျိုးစီးပွား ကိစ္စကြီး တခုဖြစ်ပါတယ် ။ လူကြားမကောင်း ပြည်သူ ၅၄ သန်းရဲ့ ကျန်းမာရေးကိစ္စနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ စားသုံးဆီ ကို လူ ၆၀ လောက်က လုပ်ချင်တိုင်း လုပ်နေတာ FDA က သိပါလျှက်နဲ့ ရူးချင်ယောင်ဆောင်နေသတဲ့ ထွီ ။

https://www.facebook.com/100075148974549/posts/113070331207932/

        ကိုရွှေမျိုးဝင်း

(မြန်မာ့ FDA.........)