Saturday, December 4, 2021

မပြတ်သားရဲတဲ့ ကုလ နဲ့ NUG ရဲ့ ပန်ဒိုရာ box


      ကုလဆိုင်ရာမြန်မာကိုယ်စားလှယ် ရွေးချယ်ရေး အစီအစဉ် စိစစ်ရေးကော်မီတီ ဆိုင်းငံ့

            ကုလသမဂ္ဂမှာ မြန်မာနိုင်ငံအတွက် ကိုယ်စားပြုမယ့်သူ နေရာအတွက် စဉ်းစားဆုံးဖြတ်မယ့် အစီအစဉ်ကို ကုလသမဂ္ဂရဲ့ စိစစ်လက်ခံရေး ကော်မတီ (Credentials Committee) က ဆိုင်းငံ့လိုက်ပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေ ပေါ်ပေါက်နေတဲ့ မြန်မာနိုင်ငံအတွက် ကိုယ်စားလှယ်နေရာနဲ့ သြဂုတ်လထဲ တာလီဘန်တွေ တကျော့ပြန် အာဏာရခဲ့တဲ့ အာဖဂန်နစ္စတန် နိုင်ငံအတွက် ကိုယ်စားလှယ်နေရာတွေကို အဖွဲ့ဝင် ၉ ဦး ပါဝင်တဲ့ ကော်မတီမှာ ဆွေးနွေးရာမှာ လတ်တလော အဆုံးအဖြတ်မပေးဘဲ ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်လိုက်တာပါ။ 
------------------------------

       ဒီသတင်းထွက်လာတော့ ပန်ဆယ်လိုက ဦးကျော်မိုးထွန်းကို ကုလသအဂ္ဂကနေ ဆက်ခန့်တယ် ဆိုပြီး လော်ပါတယ် ။ သူ့ပို့စ်အောက်မှာတော့ ဘာမှ နားမလည်တဲ့ နီပိတ်တသိုက် ပျော်နေပြလေရဲ့ 😁😁😁

         အမှန်က မြန်မာ့အရေးမှာ ကုလသမဂ္ဂ တိုက်ပတ်နေတာဗျ ။ အနောက်အုပ်စု နဲ့ အိုအိုင်စီတို့ ကြိုးကိုင်ထားတဲ့ ကုလဟာ အခုချိန် ဘာလုပ်ရမှန်းမသိ ဖြစ်နေလို့ ဆိုင်းငံ့တယ်ချည်း လုပ်နေရတာဗျ ။ 

        NUG ကို အသိအမှတ်ပြု လက်ခံပါတယ် ဆိုပြီး ကြေငြာတာ နဲ့ ကုလလက်အောက်ခံ ရုံးအဖွဲ့အစည်းတွေ မြန်မာနိုင်ငံထဲက ၇၂ နာရီအတွင်း မောင်းထုတ်ခံရမယ်လေ ။ တကယ့် ရေ မြေ့ သခင်က တပ်မတော်ကိုးဗျ ။ NUG ဆိုတာ မြန်မာ့မြေဆိုလို့ မတော်လို့ သေရင်တောင် လေးပေ ခြောက်ပေကိုတောင် ယာယီပဲ ပိုင်းမယ့် အစိုးရကိုး ။ 

        တပ်မတော်အစိုးရကို အသိအမှတ်ပြုရင်ကော တွေးကြည့်ပါတယ် ။ တသက်လုံးက ရင်းနှီးမြှပ်နှံလာရတဲ့ ကျွန်သဘောက် NLD ဘဝပျက်သွားရမှာ ဖြစ်သလို သူတို့ ရင်းနှီးခဲ့ရတဲ့ အချိန် ငွေကြေးတွေအတွက် မျှော်လင့်ချက် Zero သဲထဲရေသွန် ဖြစ်ရမှာလည်း တွေးဆနေရတာကိုး ။ 

      နောက်တချက်က သူတို့ ကျွန်တပည့် NUG အတွက် ဒီကုလရဲ့ အသိအမှတ်ပြုမှုဆိုတာ (နိုင်ငံမဲ့ အစိုးရဟု သမုတ်၍ ဖြစ်စေ) အသက်ပါပဲ ။ အဲဒီ မျှော်လင့်ချက်လေး မရှိတော့ဘူးဆိုရင် ပန်ဒိုရာ သေတ္တာ ဖွင့်ပြီး အကုန် မှောက်ချခံရသလို NUG ဘဝပျက်ပြီလေ ။ 

        တပ်မတော်ကတော့ ကုလက သူစေလွှတ်တဲ့ ကိုယ်စားလှယ် လက်ခံသည် ဖြစ်စေ လပ်မခံသည်ဖြစ် ထူးထူးခြားခြား ခံစားစရာ အကြောင်းမရှိလှပါဘူး ။ ရှိသမျှ ဂျိုလ်ကာတွေ နဲ့ ဖဲ ထုပ် တထုပ်လုံးက သူ့လက်ထဲမှာလေ ဘယ်ထည့်တွက်မလဲ ဗျာ ။ 

        ဒါက ကုလသမဂ္ဂရဲ့ လောလောဆယ် ဖြစ်နေတဲ့ ကိစ္စ ။ နောက်ကိစ္စက အခု မင်းသားကြီး အကောင့် ပြန်ပွင့်ပါပြီ ။ သူ့ထဲမှာ ရေးလက်စ ကိုရဲမိုးရဲ့ ''တပ်မတော် ဘယ်လဲ ဘာလဲ '' ဆိုတဲ့ အခန်းဆက်ကို ကျနော်က ထပ်ဖြည့်ပြီး ရေးနေပါတယ် ။ 

      ကျနော့်နာမည် တပ်လို့ဆိုပြီး ဝေဖန်ပါတယ် ။ ကျနော်က စာအားလုံး ကော်ပီယူပြီး နာမည်တပ်တာ မဟုတ်ပါဘူး ။ အချက်အလက်ပဲ ယူပြီး ကျနော့်အာဘော်နဲ့ ပြန်ရေးနေတာပါ ။ 

         ကိုရဲမိုးရေးတာ အင်မတန်ကောင်းပါတယ် ။ သို့သော် သူသည် စစ်သားတယောက်ရဲ့ စစ်ဘက်ဆိုက်ရာ အမြင် နဲ့ ရေးသားခဲ့တာပါ ။ နိုင်ငံရေး အမြင်နဲ့ ဆောင်ရွက်ခဲ့ရခြင်း ပြဿနာတွေ မပါဝင်ပါဘူး ။ 

       ကျနော်က အဲဒါကို ပြည့်စုံအောင်လည်း ဖြည့်စွက်ရေးသားရပါတယ် ။ နောက် စာဖတ်သူတွေ အဆင်ပြေအောင် ခုနှစ်သက္ကရာဇ်များအား ပြန်လည် ပြင်ဆင်ရပါတယ် ။ လက်တန်းရေးကြတဲ့သူတိုင်း ဖြစ်နေကြ ခုနှစ်တွေ ရှေ့နောက် ရေးမိတာမျိုးကို ပြန်ပြင်ရတာပါ ။ 

      ကိုရဲမိုးကို မလေးစားလို့ မဟုတ်ပါဘူး ။ ကျနော်ရေးဖူးတဲ့ ပြုံယမ်းမှ နေပြည်တော် ဆိုရင်လည်း ဆရာမြင့်အောင်ကျော်ထံ ကြိုတင် ခွင့်ပြုချက်တောင်းပြီးမှ ရေးခဲ့တာပါပဲ ။ ဆရာကတော့ လူတွေ ဖတ်မိလေ တပ်မတော်အပေါ် ချစ်ခင်လေးစားလာလေ ဖြစ်မှာမို့လို့ ကြည်ဖြူစွာပဲ ရေးခွင့်ပေးခဲ့ပါတယ် ။ 

      ကျနော်တို့ ရေးဟန်တွေက တဦး နဲ့ တဦး မတူကြသလို မြင်ကြရတဲ့ ရှု့ဒေါင့်တွေလည်း မတူညီကြပါဘူး ။ အရသာ အသစ် ရစေချင်လို့ ဒီလို ရေးနေတာပါ ။ ကိုရဲမိုးကို ချစ်ခင်လေးစားစွာ နဲ့ သူ့နဲ့ မူရင်း ပို့စ်ကို ကျနော် တွဲတင်ပေးပါတယ် ။ နောက်ပြီး သူ့ရဲ့ ဓာတ်ပုံတွေနဲ့ပဲ ချစ်ခင်စွာ ဂုဏ်ပြုတင်ဆက်ထားတာပါ ပဲ ။ 

       ပြန်လည်ရေးသားရတာ အင်မတန် ပင်ပန်းပါတယ် ။ ကိုယ့်ဘာသာ ရေးရတာ လွယ်ကူပါတယ် ။ ကိုရဲမိုးရည်ရွယ်ချက်သည် တပ်မတော်အပေါ် ပြည်သူများ လေးစားချစ်ခင်လာစေရန် ဖြစ်ပြီး ကျနော့်ရည်ရွယ်ချက်ကလည်း ထိုးနည်းလည်းကောင်းမို့ ဆက်လက်ရေးသားပါ့မယ် ဗျာ ။ 

     ပိုမိုပြည့်စုံသော သမိုင်းကြောင်းကို မသိမှီသော လူငယ်များ အတွက် ရည်ရွယ်ပါတယ် ။ 

     ကိုရွှေမျိုးဝင်း

(လွယ်လွယ် နဲ့ အစားထိုး သုံးလို့ရမယ်ထင်ရင်လည်း ကိုယ်တိုင် လုပ်ကြည့်ကြပါ နောက်မှ အဆင်မပြေမှန်း သိလာပါ့မယ်........ )