Saturday, December 4, 2021

ဘာတွေ ပူပန်နေကြတာလည်း


         ခရီးထွက်ပြီး ပြန်ရောက်တော့ ပင်ပန်းတာနဲ့ အိပ်ကောင်းနေတုန်း ငမျိုး ရေ ငမျိုး ဆိုတဲ့ အာပြဲသံကြီး နဲ့ အိမ်ရှေ့က အော်နေတဲ့ ကိုစိုးကြောင့် လန့် နိုးပြီး ကပျာကရာ မျက်နှာသစ်ပြီး လက်ဖက်ရည်ဆိုင် ထွက်ခဲ့ကြပါတယ် ။ ကြက်ဥပလာတာ နဲ့ လက်ဖက်ရည် ဗိုက်ထဲရောက်ပြီး ရေနွေးလေးနဲ့ ခံတွင်းရှင်းကာ လေကန်ကြပါတယ် ။

"ငမျိုးရေ ခရီးထွက်ခဲ့တာ အဆင်ပြေလား ကွ ''

"ကဲပါ ခရီးထွက်ရတဲ့ ကိစ္စခင်ဗျားမေးချင်တာ မဟုတ်ပါဘူး ပြော ဘာတွေ မေးမလို့လဲ ''

"သြော် အေးကွ ​ဒါနဲ့ ယမ်ယမ် ခေါက်ဆွဲစက်ရုံ မီးလောင်တာ နီပိတ်တွေ ပျော်နေကြပါလား ကွ ဘာဆိုင်လို့ ပျော်နေကြတာလဲ ''

"သူတို့က ယမ်ယမ်သည် နစက နဲ့ ဆွေးနွေးပွဲ သွားတက်တယ် ဘာညာ နဲ့ ဗုံးခွဲဖို့ လှုံ့ဆော်ပြီး မကြာဖူး မီးလောင်လို့ ဝမ်းသာနေကြတာလေ ''

"ဟ ဒါဆို နီပိတ်တွေ လက်ချက်ပေါ့ ''

"မပြေးသော်လည်း ကံရာရှိဆိုသလို လှုံ့ဆော်တဲ့သူ ဖမ်းလို့ရရင်စစ်​ဆေးကြမှာအမှန်ပေါ့ ဗျာ ''

"လှုံ့ဆော်တဲ့သူ မမိရင်ဖူး ဆိုရင်ဘယ်နှယ်လုပ် မလဲ ''

"ကျ​နော်သာဆို မန့် တွေနဲ့ ထောက်ခံဝမ်းသာနေတဲ့ နီပိတ် ACC တွေ ရသလောက်ဖမ်းစစ်မယ်ဗျာ ''

"အေး ထားပါကွာ နောက်တခုက မိုးသွေးဆိုတဲ့ကောင်က ၅၀၀ တန် ထမင်းဆိုင်တွေ ရန်လုပ်နေပြန်ပြီဟေ့ ''

"တကယ့် လူယုတ်မာတွေပါဗျာ ဆင်းရဲသားတွေ အတွက် အင်မတန် အဆင်ပြေနေတဲ့ ၅၀၀ တန် ထမင်းဆိုင်တွေကို ဒီလို ရန်လုပိနေ​ကြတာ အင်မတန် အောက်တန်းကျလှသဗျာ သူတို့နိုင်ငံရေးဆိုတာ အဲဒါပဲ ငါက လွဲရင် ဘယ်သူ့မှ မကြိုက်ရဆိုတဲ့ အတ္တလွန် အောက်တန်းစား နီပိတ်တွေပါ ဗျာ ''

"ကြောက်စရာ ၊ ရွံစရာ ကောင်းတဲ့ အတွေးအခေါ်ပဲဟေ့ ဒါနဲ့ အာဂျင်တီးနားက တရားစွဲတယ် ဆိုတဲ့ ကိစ္စကရော ''

"နေစမ်းပါအုံးဗျာ အာဂျင်တီးနားလို နိုင်ငံအဆင့်နဲ့ UN အဖွဲ့နဲ့ ဘယ်သူက သြဇာပိုကြီးသလဲ ''

"ဟ နှိုင်းစရာလား ကွ ''

"အဲဒါပဲလေ UN လို နေရာမှာ သူ့လက်အောက်က အဖွဲ့အသီးသီးရဲ့ ဆုံးဖြတ်တွေတောင် နောက်ဆုံးအပြီးသတ်က လုံခြုံရေးကောင်စီ ပဲ ။ ဗီတိုအာဏာပိုင် အဖွဲ့ဝင် ငါး နိုင်ငံထဲက တနိုင်ငံထဲ ကန့်ကွက်ရင်တောင် တကမ္ဘာလုံးရဲ့ ဆန္ဒဖြစ်နေပါစေ မြောင်းထဲ ဂျောင်းပေတော့ပဲ ''

"ဟိုက် ဒီတော့........''

"မြန်မာက တရုတ်မဲ နဲ့ ရုရှားမဲ ကိုင်ကစားနေတော့ လှုပ်မရဘူးလေ ဒီတော့ ဘာသာခြားတို့ ခွေးကျင့်ခွေးကြံ နဲ့ နာမည်ဖျက်ဖို့ ကစားကွက်ပြောင်းတဲ့ အဆင့်ပါ''

"ဟ ဒါဆိုလည်း အမေရိကန် တို့ အဂ်လန်တို့လို နိုင်ငံမျိုးတွေကနေ တရားစွဲပေါ့ ကွာ ''

"ခင်ဗျားကလည်း ဗျာ အဲဒီ နိုင်ငံတွေက စောက်ရေးလုပ်စရာမလိုတဲ့ အရေးမပါသော ဒီလို ပေါကြောင်ကြောင် တရားစွဲတဲ့ အလုပ်ကို အရှက်ကွဲခံ ဘယ်လုပ်မလဲ ဗျ သိက္ခာကျသွားမှာပေါ့ ''

"နေပါအုံး အရေးမပါဘူး ဆိုတာ ''

"သူတပါးနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ဝင်မစွက်ရဆိုတဲ့ မူအရ ကုလတောင် တရားစွဲခွင့်မရှိတာကို အာဂျင်တီးနားလို ဝက်လပြွတ်လောက် နိုင်ငံက တရားရုံးကနေ တရားစွဲတာကို ဖင်လှန်ပြေးပြီး တရားရင်ဆိုင်ရအောင် ဒေါ်စုကြည်လို အရူးမ မှ မဟုတ်တာဗျာ ''

"ဟိုက် ကြမ်းလှချည်လား ကွ ဒါဆို မသွားလည်း ရတယ်ပေါ့ ''

"ခင်ဗျားကလည်း ဗျာ ဦးသိန်းစိန်ကို တရားစွဲသတဲ့ ကဲ ဦးသိန်းစိန် သွားခဲ့သလား ဇစ်ဖြဲပြပြီး အခုထိ သရက်ပင်စိုက်လိုက် နွားမွေးလိုက်နဲ့ သာသာယာယာပဲ မဟုတ်ဖူးလား ''

"အေး ဟုတ်သားပဲ ဟ ဒါဆို အခု အာဂျင်တီးနားကို.....''

"ဗိုလ်ချုပ်တွေ လပြွတ်လာငုံတောင် မစဥ်းစားဘူးလို့ ခပ်တင်းတင်းသာပြောလိုက်ဗျာ ဒီကောင်တွေ အရှက်မရှိ လုပ်နေတာ ထည့်တွက်စရာမှ မလိုတာ ဒီလိုသာ သူလို ကိုယ်လို နိုင်ငံအခြင်းခြင်း အခြားနိုင်ငံရဲ့ အစိုးရကို တရားစွဲပြီး ဆင့်ခေါ်လို့ ရကြေးဆို မြန်မာပြည်ကလည်း ကိုယ့်တရားရုံးကနေ တကမ္ဘာလုံး ဆင့်ခေါ် တရားစွဲနေမှာပေါ့ အရူးချီးပန်းတွေ ခင်ဗျာမို့ စိုးရိမ်နေတယ် ''

"OK ရှင်းပြီ နောက်ဆုံးမေးခွန်း ငါ အရမ်းသိချင်နေတာကွ တနေ့က အရမ်း ဟော့ သွားတဲ့ ယွန်းယွန်း သတင်း မင်းဘာမှ မဝေဖန်လို့ အခု မင်းအမြင်ကို သိချင်တယ် ''

"ဘာမှ မဆန်းတဲ့ ကိစ္စကို ကျုပ်က ဘာဝေဖန်ရမှာလဲ ဗျ ခင်ဗျားက မကြီးမငယ်နဲ့ ကလေးတွေ ကိစ္စ ဘာဝင်ယောင်နေတာလဲ ''

"ဟေ့ကောင် လူတွေက အမျိုးမျိုး ပြောနေကြလို့ သိချင်တာကွ ''

"ပြောတဲ့သူတွေရဲ့ အရင်းစိတ်နဲ့ သက်ဆိုင်လို့ အမြင်တွေ ဘယ်တူမလဲ ဗျ ''

"အဲဒါ သိချင်တာ အပြစ်တင်တဲ့သူတွေကို မင်းဘယ်လို မြင်သလဲ ''

"သူတို့က အရမ်းဖြူစင်စွာ နေခဲ့ဖူးသူ တနည်း ဗိုင်းကောင်းကျောက်ဖိ နေခဲ့ကြရတဲ့ အမျိုးသမီးအုပ်စုပေါ့ အခုလို ဖြစ်ရပ်ကို ကျင့်ဝတ်အရ မသင့်တော်ဖူးလို့ ယူဆပြီး ကောင်မ ယွ လှချည်လားဆိုပြီး ဝေဖန်​ကြတာ ''

"အေး အဲဒါ မှန်တယ်လေ ''

"တချို့က ယွန်းယွန်းကို အဲသလိုမပြောသင့်ဖူးလို့ စာနာစွာ ကန့်ကွက်တယ် ''

"အေးထားပါ ယောကျ်ားလေးတွေလည်း ဝေဖန်တာကြတော့ကော ''

"ဒီလိုဗျ မိန်းကလေးတွေ ဝေဖန်ကြတာ အနည်းငယ်သော အုပ်စုက သူတို့ကိုယ်တိုင် တကယ့်ကို ဖြူစင်စွာ နေထိုင်ခဲ့ကြလို့ အံ့သြတကြီး ဝေဖန်တာ တချို့က မိန်းမ ဗီဇ အရ မနေနိုင် မထိုင်နိုင် လျှာရှည်ကြတာ ''

"အင်း ယောကျ်ားတွေရော ''

"90 % က သူတို့ ယွန်းယွန်း ဘဲ နေရာ မနေရလို့ အူပွပြီး ဖွနေကြတာပါ ဗျာ ခင်ဗျားလည်း ယောကျ်ား ကျုပ်လည်း ယောကျ်ားပါပဲ ဒီမယ် ကျားဆိုတာ လက်ကိုင်ရရင် လက်ကိုင်တာပဲ ၊ ပါးနမ်းလို့ရရင် ပါးနမ်းတာပဲ ၊ ဟိုဟာ ကိုင်လို့ရရင် ဟိုဟာ ကိုင်တာပဲ ပြောချင်တာက ရသမျှ ယူချင်တဲ့ တနည်း အထိအတွေ့ကို သာယာချင်တဲ့ လူတွေချည်းပါပဲ ဗျာ ''

"ဟိုက် နည်းနည်းတော့ များသွားပြီ ''

"သြော် ခက်ပါ့ဗျာ ရီးစားထားဖို့ ကြံကတည်းက အဲဒီ ကိစ္စ မပါပဲ ဘယ်သူတောင်းစားမှ မကြံစည်ပါဘူး ကိုစိုးရာ နာမနေပါနဲ့ ဒါက သဘာဝတရားတွေပါ ရှက်စရာကိစ္စလည်း မဟုတ်ပါဘူး ''

"ကဲ ထားပါ မင်းအမြင် ကောင်မလေးကရေ မလွန်ဖူးလား ကွာ ''

"သူလည်းအပျို ကောင်လေးလည်း လူပျို ရီးစားကိုယ်စီ ရှိ​ကြတယ် ၊ အနေနီးတော့ အခြင်းခြင်း ကြိုက်ကြတယ် ၊ နှစ်ယောက်လုံး ကြည်ဖြူကြလို့ အတူနေတယ် ဒါပဲလေ ဘာဆန်းလဲဗျ ''

"မဟုတ်ဖူးလေ ကွာ လူကြားမကောင်း ပြောဆိုနေတာတွေကိုတော့ မင်း ဘယ်လို ပြောမလဲ ''

"ခင်ဗျားတို့လို မစွံတဲ့သူတွေ နားလည်အောင် ရှင်းပြဖို့ ခက်သဗျာ လင်မယားလို နေထိုင်နေတဲ့ မိန်းမ နဲ့ ယောကျာ်းရဲ့ ပွင့်လင်းမှုကို ဂေါ်မစွံတွေ ဘယ်နားလည်မလဲ ဗျ ''

"လုပ်ပြီ ငါတို့ကို ထိခိုက်လာပြီ ''

"ဒီလိုဗျ သူတို့ အဲသလို ပြောတာ ဆိုတာကို ဆိုရှယ်မီဒီယာမှာ လူသိထင်ရှား ကိုယ်တိုင် အရှက်မရှိ တင်ခဲ့တာ မဟုတ်ဖူးလေ သူတို့ခြင်း နှစ်ကိုယ်ကြားပြောတာကို ခိုးယူပြီး တင်ပေးသူရဲ့ အပြစ်ပဲ ဗျ ''

"အေးထားပါ ကွာ ဆက်ပြောနေရင် ငါပါ မနာလိုတဲ့ စာရင်းထဲ ပါတော့မယ် မေးမိတာကိုက ငါ့အမှား ပြန်ကြစို့ကွာ ''

        ကိုရွှေမျိုးဝင်း

(ကျား / မ အများစုရဲ့ သဘာဝကို အမှန်အတိုင်း ရှုမြင်ကြည့်လျှင်........)