Saturday, December 4, 2021

ခန့်မှန်း နိုင်ငံရေး


         မနေ့က ဒေါ်စုကြည်အား အမိန့်မချဖြစ်သည့် အပေါ် ဝေဖန်နေကြရာမှာ လေလှိုင်း တရားသူကြီး များစွာကိုလည်း တွေ့ရပါတယ် ။ တဖန် ည ၈ နာရီ သတင်းမှာ ရဟတ်ယာဥ် ဝယ်ခြင်းနဲ့ ပတ်သက်ပြီး နောက်ထပ် ၁၅ နှစ်တန် ပုဒ်မ ထပ်တိုးသတဲ့ ။ 

         တပ်ချုပ်ကြီးအား ဝေဖန်နေကြရာမှာ အမှန်တကယ် ထောင်ချမှာ မဟုတ်ဖူး ပြန်လွှတ်မှာပါ ဟူ၍လည်း ခန့်မှန်းနေကြပါတယ် ။ 
  
      နောက်တဆက်တည်းမှာပဲ NLD ပါတီအား မဖျက်သိမ်းသေးသည့် ကိစ္စနှင့် ပတ်သက်ပြီး မကျေမနပ် ဝေဖန်နေကြတာလည်း ကြားနေရပါတယ် ။ 

       တကယ်တော့ တပ်မတော်ရဲ့ အထာကို မသိပဲ ဝေဖန်နေကြတာပါ ။ တပ်မတော်ဆိုတာ ဦးနေဝင်း လက်ထက်က စပြီး ဘယ်နိုင်ငံရေးသမားကိုမှ မသတ်ကြပါဘူး ။ နိုင်ငံရေးသမားဘဝကိုသာ သတ်ပစ်တာပါ ။ နိုင်ငံရေးလောကမှ အပြီးတိုင် ဖယ်ထုတ်တဲ့ နည်းကိုပဲ သုံးလေ့ရှိပါတယ် ။

        ဒေါ်စုကြည်ကို ထောင်ချပစ်မှာ ကျိန်းသေဖြစ်ပါတယ် ။ ထောင်ထဲမထည့်ပဲ နေအိမ်အကျယ်ချုပ်ထား မထားဆိုတာကိုတော့ မှန်းလို့ ခက်ခဲပါတယ် ။ တပ်မတေယ်က စွဲချက်တင် တရားစွဲပြီ ဆိုတာနဲ့ အဲဒီ ပုဒ်မအတွက် အလွန်သေချာခိုင်မာသော ငြင်းမရတဲ့ သက်သေများနှင့် အမှုတည်ဆောက်လေ့ရှိတာ တပ်မတော်ရဲ့ ထုံးစံပါပဲ ။ 

      နောက်တချက်ကတော့ NLD ဖျက် မဖျက် ငြင်းနေကြတဲ့ ပြဿနာ ဖြစ်ပါတယ် ။ တကယ်တမ်းကျတော့ NLD ကို ဖျက်သိမ်းကြမှာ သေချာပါတယ် ။ သတ္တိမရှိပါဘူး ဘာညာ ပြောနေပြီး အားမလို အားမရ ဖြစ်နေသူတွေဟာ နိုင်ငံရေးပါး မဝကြသေးလို့ပါပဲ ။ 

        ယနေ့ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှု အဝဝသည် NLD ကြောင့် ဖြစ်နေတာပါလို့ နစက အနေနဲ့ ကမ္ဘာသိ သတင်းလွှင့်ထားပြီး ဖြစ်ပါတယ် ။ NLD ကတော့ ပြည်သူတရပ်လုံးက အမှန်တရားအတွက် တော်လှန်နေကြတာပါလို့ ဝါဒ ဖြန့်ထားကြပါတယ် ။ 

         ကောင်းပြီး NLD ကို ဖျက်သိမ်းလိုက်ပါပြီတဲ့ ဆက်လက်ဖြစ်ပေါ်နေမယ့် အကြမ်းဖက်တွေရဲ့ လှုပ်ရှားမှုမှာ ဦးဆောင်နေတဲ့ NLD ဆိုတဲ့ ဦးဆောင်သူ အခန်းကဏ္ဍ ပျောက်သွားရင် သူတို့ ဝါဒဖြန့်သလို ပြည်သူတရပ်လုံးက အာဏာသိမ်းလို့သာ NLD နဲ့ မဆိုင်ပဲ ပုန်ကန်နေတလို့ ယူဆဖွယ် ဖြစ်သွားနိုင်ပါတယ် ။ 

        အခုပဲ NLD လိုဂိုတွေ တံဆိပ်တွေ တွေ့ရင် ဖမ်းမယ်လို့ ကြေငြာသတဲ့ ။ အဲဒါကိုက NLD ရဲ့ အနာဂါတ်ကို ခန့်မှန်းလို့ ရနေပါပြီ ။ 

        လိုင်းပေါ်မှာလဲ PDF တွေ နိုင်နေလိုက်တာ သောက်သောက်လဲ ပဲ ။ မြေပြင်အနေအထားကတော့ အမေရိကန်တို့ အနောက်အုပ်စု ခွေးအော်ဝက်အော် အော်နေရပြီ ဆိုတော့ PDF တွေ ဘယ်လောက် ကြိတ်ခံနေပြီးလဲဆိုတာ မှန်းဆကြည့်ပေတော့ ။ 

        တကယ်တမ်း ဘယ်သူနိုင်နေပြီလဲ သိချင်ရင် မြို့ကြီးတွေမှာ NLD အက်ျီ ဝတ်သွားရဲလား မေးကြည့်လေ ။ အဲဒါ အဖြေပါပဲ ။ 

        ကိုရွှေမျိုးဝင်း

(ခရီးသွားနေလို့ အခုမှ ကမန်းကတမ်း ရေးတင်လိုက်ရပါတယ် ။ မွေးနေ့ အတုအား ဆုတောင်းပေးပါသော မိတ်ဆွေများကိုလည်း ကျေးဇူးတင်ပါတယ် ။ အကောင့်ဖွင့်ပေးသူက ဥပတိရုပ်ကြည့်ပြီး အသက်အရွယ်ကို ခန့်မှန်းထည့်လိုက်လို့ပါတဲ့ 😁😁😁😁)

{မကြာမှီ မြင်တွေရတော့မယ့် အခြေအနေ...}