Saturday, December 4, 2021

Messenger က စာတစောင်


            {စာတွေဝင်ဖတ်လိုက်ရရင် စိတ်ခွန်အားတွေပေးလို့ကျေးဇူးတင်ပါတယ် ကျမက နီးပိန်းပါတ်ချာလည်ဝိုင်းနေတဲ့နေရာမှာ မဖြစ်မနေ နေရတဲ့သူပါ ကုန်ကုန်ပြောရရင် ကျမခင်ပွန်းကအစ နီပိတ်ပိန်းပါ တခုလေးပြောပြချင်တာပါ 
       
         အခု သူတို့က ဒီapril ဆိုပွဲပီးပီ သူတို့နိုင်ပီ ပြောတယ် သူတို့မှာပိုင်ပိုင်နိုင်နိုင်ပြောနိုင်တာက 

၁ / ပြည်သူတွေနဲ့နိုင်ငံတကာ nug မှ nug

၂/ ငွေအင်အား 

၃/ အမေရိကန်နဲ့အဖွဲ့ နောက်ခံထောက်ပံ့

၄/ ပြင်သစ်က လက်နက် ဒရုန်းထိ ထောက်ပံ့မယ်

၅/ တပ်ချုပ်နဲ့တကွ စကစ ခုံရုံးတက်ရမယ်

၆/ မိသားစုလိုက် စကစအဖွဲ့ ရုရှားကိုပြေး လိုချင်တာ သယ်နိုင်သလောက်ယူ သွား /

         ကျမ စာချက်လက်ကျကျမရေးတတ်ပါဘူး အခု ကျမနားကနီပိတ်တွေပြောတာ ရေးပြတာပါ ။
   
    ကျမတနေ့တနေ့စိတ်မချမ်းသာရဘူး သူတို့အဲ့လိုပိုင်ပိုင်နိုင်နိုင်ပြော နေနိုင်ပီး ကျမ ဘာမှပြန်မတုံ့ပြန်နိုင်တဲ့ဘဝနဲ့နေနေရတာ ငရဲကျနေသလိုစိတ်ဆင်းရဲရပါတယ်အကို ။

          အကိုအဆင်ပြေရင် အားလို့အချိန်ပေးနိုင်ရင် ဒီအချက်လက်တွေနဲ့ post တင်ရေးပေးပါရှင် }

           ကျနော့်ဆီကို messenger ကနေ ပို့လာတဲ့ စာလေးပါ ။ ကျနော်တို့အတွက် အခုပြောနေတဲ့ အချက်တွေက အလိမ်အညာတွေဆိုတာ သိထားတော့ ရီစရာထက် မပိုပေမယ့် အထက်ပါ စာရှင် မိန်းကလေးမျိုး အထူးအားဖြင့် နီပိတ်အုပ်စုကြားထဲ ရောက်နေတဲ့ သူမျိုးတွေ အတွက်တော့ နေ့စဥ်ကြားနေရရှာတော့ ဟုတ်နိုးနိုးထင်မိရှာမှာပါပဲ ။

       ကျနော် ဒီကလေးမအတွက် ပြန်ဖြေပေးပါ့မယ် ။   

၁ ။ ပြည်သူတွေနဲ့နိုင်ငံတကာ nug မှ nug

(တူမကြီးရေ ပြည်သူတွေကို သူတို့ ပြောသလို လိုက်မလုပ်လို့ လူသတ် ၊ ဗုံးခွဲ ၊ မီးရှို့ လုပ်နေတာ ကြည့်လေ ။ မွေးကင်းစ ကလေးကနေ သံဃာတွေ အထိ ရက်ရက်စက်စက် သတ်ဖြတ်နေတာ ပြည်သူတွေက သူတို့ကို လက်မခံကြဘူး ဆိုတဲ့ အကောင်းဆုံး သက်သေပါပဲ ၊ လက်ခံနေရင် ပြည်သူကို PDF တွေ ခြိမ်းခြောက် သတ်ဖြတ်ပြလို့ ဘယ်လိုမလဲ ကွယ် ။

         နောက် နိုင်ငံတကာဆိုတဲ့ ကိစ္စလေ့လာကြည့်ပါ ၊ နစက ကို မထောက်ခံပဲ NUG ကို ထောက်တယ်ဆိုပြီး ပိတ်ပြန်သွားတဲ့ သံရုံး တခုမှ မရှိပါဘူးကွယ် ။ ကြောငြာချက်လေး ထုတ်လိုက် ၊ မဝရေစာ ဒေါ်လာလေး ထောက်ပံ့လိုက်နဲ့ ကျွန်မွေးနေကြတဲ့ အဆင့်ပါပဲ ။ ဘေးကနေ အူသံဟောင်သံလေးပေးနေရတာတော့ နိုင်ငံရေး ပရိယာယ်လို့ ခေါ်သကွဲ့)

၂ ။ ငွေအင်အား 

(ကဲ ပထမဆုံး အလှူခံကြတယ် ၊ နောက် ထီလက်မှတ် နဲ့ လိမ်စားတယ် ၊ အခုနောက်ဆုံး ငွေတိုက်စာချုပ်နဲ့ ထပ်လိမ်တယ် ၊ တောထဲက သူတို့ တပည့် PDF တွေ ကြည့်လိုက်အုံး ။ ခွေးစာ ဝက်စာ အသီးပုပ် အရွက်ပြုတ်တွေပဲ စားနေရတယ် ၊ တချိန်တုန်းက ဘင်လာဒင်တပည့်တွေ အသေခံဗုံးခွဲရင် ဒေါ်လာ တသိန်း (မြန်မာငွေ သိန်း ၂၀၀၀ ခန့်) မိသားစုက ရကြတယ် ။ အခု PDF တွေ လူသတ် ဗုံးခွဲ ​ကြတာ ငွေတသိန်းပဲ အနိုင်နိုင် ကဲ ဘယ်မလဲ သူတို့ပြောနေတဲ့ ငွေကြေး) 

၃ ။ အမေရိကန်နဲ့အဖွဲ့ နောက်ခံထောက်ပံ့

(အမေရိကန်က လေနဲ့ ထောက်ပံ့ပြီး မြန်မာ့တပ်မတော်ကို ချေမှုံးနေတာ ၆၂ ကနေ ဒီကနေ့ထိပဲ ကွဲ့ ၊ သူတို့သမ္မတတွေသာ ၁၂ ကျော် ယောက်လောက် ပြောင်းသွားတယ် မြန်မာ့တပ်မတော်ကတော့ တနေ့တခြား အင်အားတောင်းတင်းလာနေတာ မျက်မြင်ပဲ လေ)

၄ ။ ပြင်သစ်က လက်နက် ဒရုန်းထိ ထောက်ပံ့မယ်

(ပြင်သစ်ဆိုတာ ဒုတိယကမ္ဘာစစ်မှာ ဟစ်တလာတိုက်တော့ တလ မကြာပဲ အရှုံးပေးခဲ့ရတဲ့ တိုင်းပြည်ပါ ၊ ၁၈ ရာစုက ကျယ်ခဲ့တဲ့ ဖင်ခေါင်း အခုချိန်မှာ သုံးစားလို့မရတော့ပါဘူး PDF လို အဆင့်က ဒရုန်းလောက်မပြောနဲ့ လေယာဥ်ပျံပေးလည်း ခွေးသေ ဝက်သေ သေရမှာပဲလေ) 

၅ ။ တပ်ချုပ်နဲ့တကွ စကစ ခုံရုံးတက်ရမယ် ။

(မြန်မာ့တပ်မတော် တပ်ချုပ်တွေကို ခုံရုံးပို့နေတာ ကြာပါပြီ လောလောဆယ်တော့ ဦးသန်းရွှေကြီး သူ့အိမ်တော်မှာ အငြိမ်းစားလစာ တလ သိန်း ၁၀၀ နဲ့ ဒူးနန့် စာအုပ်ဖတ်နေတုန်းပဲ ။ အခု တပ်ချုပ်ကြီးဆို ပိုဆိုးပြီပေါ့ အမေရိကန်တွေ အရိုးထဲက ကြောက်နေရတဲ့ ပူတင် နဲ့ ပခုံးဖက်ပေါင်းနေပြီး အလုံးစုံကာကွယ်ရေး မဟာမိတ် စာချုပ် ချုပ်ထားနိုင်မှတော့ တွေးကြည့်ပေါ့လေ) 

၆ ။ မိသားစုလိုက် စကစအဖွဲ့ ရုရှားကိုပြေး လိုချင်တာ သယ်နိုင်သလောက်ယူ သွား 

(စိတ်ကူးနဲ့သာ ရူးနေကြပေတော့လို့ ပြောလိုက်ပါကွယ် ။ ဟိုကဖြင့် ဘယ်သူ့မှ အရေးမလုပ်လို့ နိုဗယ်ဆုရှင်ကြီး ဖမ်းဆီး တရားစွဲထောင်ချတော့မယ် ၊ နီပိတ်လေးတွေက ရူးကောင်းနေဆဲပဲ လေ)

      ဒါတွေက ဖတ်ကောင်းရုံ ရေးထားတဲ့ အချက်တွေမဟုတ်ပါဘူး ။ မြန်မာ့တပ်မတော် သမိုင်း နဲ့ ဖြတ်သန်းမှုတွေကို လေ့လာဖူးသူတိုင်း သိနေတဲ့ အချက်အလက်တွေပဲ ဖြစ်ပါတယ် ။ 

      နီပိတ်တွေရဲ့ စိတ်ကူးယဥ်နဲ့ ပျော်ရွှင်နေကြတာလေး ဖျက်ဆီးသလို ဖြစ်သွားရင်လဲ sorry ပါ ။ ကျနော်က အရူးအားပေး မဟုတ်ဖူးလေ.......

       ကိုရွှေမျိုးဝင်း

(တခါတရံ ကြားသမျှ မယုံကြည်ပဲ အစအဆုံး နားစွင့်ထားမှ အမှန်သိရပါတယ်)