Saturday, December 4, 2021

ဖြေရှင်းရမယ့် ပုစ္ဆာ


... မိတ်ဆွေတယောက်က ဒီပို့စ်ကို messenger ကနေ ပို့ပြီး ရှင်းပေးပါ ဆိုလို့ ရေးလိုက်ပါတယ် ။ 

- ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ( ငြိမ်း) တစ်လကို
ပင်စင်လစာ သိန်း (၁၀၀)

- ဒုတိယဗိုလ်ချုပ်ကြီးမောင်အေး (ငြိမ်း) တစ်လပင်စင်လစာ သိန်း ( ၈၀ )

- သမ္မတဟောင်း ဗိုလ်ချုလ်ကြီးသိန်းစိန် (ငြိမ်း) 
တစ်လပင်စင်လစာ သိန်း ( ၈၀ )

- ပြည်ထဲရေးဝန်ကြီးဟောင်း ဗိုလ်ချုပ်ကြီးကျော်ဆွေ (ငြိမ်း) ပင်စင်လစာ တစ်လ သိန်း ( ၅၀ )

- ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် အငြိမ်းစားယူရင် တစ်လပင်စင်လစာ သိန်း (၅၀)ခံစားခွင့်ရှိသည်ဟုအခြေခံဥပဒေကပြဌာန်းပေးထားတယ် ။

(အထက်ပါ တပ်မတော် ခေါင်းဆောင်ကြီးများရဲ့ ပင်စင်လစာ သတ်မှတ်ချက်များမှာ ဦးသန်းရွှေ ဆိုရင် မဆလ ခေတ်က နိုင်ငံရေး ပင်စင် + ခံစားခွင့် ၊ ဗိုလ်ချုပ်မှူးကြီး ပင်စင် + ခံစားခွင့် ၊ နဝတ / နအဖ ဥက္ကဌ ပင်စင် နှင့် ခံစားခွင့် များ ရရှိခံစားနေရတဲ့ အတွက် ရနေတာဖြစ်ပါတယ် ၊ အခြားဗိုလ်ချုပ်ကြီးများလည်း ဤ စစ်ဘက်ရေးရာ နဲ့ နိုင်ငံရေးပင်စင် ခံစားခွင့်များ ရရှိနေလို့ ဖြစ်ပါတယ်) 

- နိုင်ငံတော်သမ္မတ ဦးထင်ကျော် ပင်စင်လစာ 
တစ်လ ( ၅ ) သိန်း

- လက်ရှိနိုင်ငံတော်သမ္မတ ဦဝင်းမြင့်လစာ သိန်း (၅၀) (သိန်း ၂၀ နိုင်ငံတော်ကိုပြန်လှူထား)
အငြိမ်းစားယူရင် ပင်စင်လစာ ( ၅ ) သိန်းခံစားခွင့်ရှိ ။

(တာဝန်ချိန် အပြည့်မထမ်းဆောင်ခဲ့လို့ ဦးထင်ကျော်ဟာ ပင်စင်ခံစားခွင့် ရမယ်မထင်သလိုမဲခိုးထားတဲ့ အာဏာဒမြဦးဝင်းမြင့်လည်း ပင်စင်ပေးလို့မရပါဘူး)

- ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပင်စင်လစာ ခံစား စံစားခွင့်သည် တပ်မတော်နဲ့သက်ဆိုင်သူများသာအကျုံးဝင်သည်ဟုပြဌာန်းသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မခွဲငယ် အခန်း၃၈ ပုဒ်မ-၅၄စ

(ဒါကတော့ စာမတတ်တဲ့ နီပိတ်တွေပဲ လိမ်ညာထားတဲ့ စာပိုဒ်ပါ ၊ ခြေ / ဥ မှာ အခန်း ၁၅ ခန်းပဲ ပါရှိတာပါ ။ နောက် ပုဒ်မ ၅၄ ဆိုတာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေရဲ့ မြို့ ရွာ ခရိုင် ဖွဲ့စည်းပုံ ကိစ္စဖြစ်ပါတယ် ၊ ပုဒ်မ ၅၄ မှာ အပိုဒ်ခွဲ လုံးဝမရှိပါဘူး)  

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လစာ တစ်လ သိန်း( ၃၀ ) သမ္မတရုံးဝန်ကြီး လစာတခုကိုသာယူပြီး နိုင်ငံခြားရေးဝန်ကြီးလစာ သိန်း (၃၀) နဲ့ နိုင်ငံတော် အတိုင်ပင်ခံလစာ သိန်း (၄၀) ကို မယူမနေယူရမယ်လို့ အခြေခံဥပဒေကပြဌာန်းမထားလို့ အဲဒီ လစာ ၂ခုလုံးကို နိုင်ငံတော်အတွက် စွန့်လွှတ်ပါတယ် ဆိုပြီး မယူပါဘူးလိုအတိအလင်းကြေငြာထားပြီးသား .. 

(ဘ ခြောက်လုံး မေးခွန်း နဲ့ စီစစ်လိုက်ပါ ဘယ်သူက ဘယ်သူ့ကို ဘယ်နေရာ ဘယ်အချိန် မှာ ဘယ်လို ပြောခဲ့ပါသလဲ ပေါ့ လွယ်လွယ်မေးရရင် ဘယ် သတင်းစာမှာ တရားဝင် ဖော်ပြထားပါသလဲ ပေါ့ဗျာ) 

ဒေါ်အောင်ဆန်းစုကြည်ဟာသူရဲ့ ကမ္ဘာ့နိုင်ငံတွေကချီးမြှင့်ထားတဲ့ နိုဘယ်ဆုကြေး တစ်လဒေါ်လာ(၁၅၀၀၀) မြန်မာငွေနဲ့ဆို သိန်းတစ်ရာ့ကိုးဆယ်သုံးသိန်းရှစ်သောင်း ၁၉၃၈၀၀၀၀ အကုန်လုံး သူမရဲ့မိခင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကိုလှူဒါန်းထားပါတယ်

(လာပြန်ပြီ နောက်တမျိုး ပထမတုန်းက မြန်မာ့ပညာရေးအတွက် အကုန်လှူသတဲ့ ၊ မှတ်တမ်းတွေမေးတော့ အဂ်လန်မှာ ရှိတဲ့ ဖောင်ဒေးရှင်းတဲ့ ၊ ဟိုက တပြားမှ မလှူပါဘူး ဆိုတော့ အခု ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရောက်သွားပြန်ပြီ ချင့်ယုံကြပေါ့ဗျာ) 

- ဆင်းရဲတဲ့တိုင်းပြည်အတွက် သူမခံစားခွင့်လစာ နဲ့ ဆုကြေးလစာအသီးသီးကို မယူရှာတဲ့ခေါင်းဆောင် ဒီလို အနစ်နာခံ တဲ့ခေါင်းဆောင်မျိုးပါ။

(အခုတော့ လာဘ်စားမှု ခိုးမှု ပြည်ဖျက်မှုတွေ နဲ့ အမှုပေါင်း ၁၂ ကြောင့် ထောင်ကျတော့မယ် အခုထိ လော်ကောင်းတုန်း ပဲလား) 

ရှားရှားပါးပါး🙏🇲🇲👈🙏🇲🇲👈 မြန်မာပြည်မှာတစ်ယောက်ထဲရှိတယ်သူမရဲ့ပါတီဝင်တွေလည်း လစာထဲက အဖြတ်ခံပြီးပါတီရံပုံငွေ အဖြစ် အားဖြည့်ကြတယ်။

လေးစားဖို့ကောင်းတဲ့ခေါင်းဆောင်နဲ့ NLDပါတီ မြန်မာပြည်မှာရှိတာ ဂုဏ်ယူစရာပါ။

(အံ့သြပါ့ ကမ္ဘောဇ ပါပဲ ဗျာ တော်သေးတယ် တယောက်တည်း တပါတီတည်း ရှိနေလို့ တိုင်းပြည်လည်း ဖွတ်ဖွတ်ကျေနေပါရောလား)

          သနားစရာ နီပိတ်လေးတွေခမျှာ အဲသလို ခပ်တည်တည် နဲ့ လော်ချက်တွေကြောင့် မှိုင်းမိပြီး ဘဝပျက်နေရရှာတာပါပဲ ။ 

       ထင်ရှားတဲ့ အချက်တွေက NLD ရဲ့ သမ္မတပြုတ်တွေ ပင်စင်ရတယ်ဆိုတဲ့ ကိစ္စ နဲ့ သူညွှန်းထားတဲ့ ခြေ / ဥ အခန်း ၃၈ ပုဒ်မ ၅၄ စ ဆိုတာ တိုက်ဆိုင်စစ်ဆေးကြည့်ရင် သိနိုင်ပါပြီ ။ 

       ဒါက မူရင်း ပို့စ် အပြည့်အစုံကို အကြောင်းအရာ တခုချင်းအတွက် ကျနော်ဖြေရှင်းထားတာပါ ။ အချို့သူတွေလို ညစ်ပတ်တဲ့ စိတ်ဓာတ်နဲ့ လိုသလောက် ဖြတ် ညှပ် ကပ် လုပ်ပြီး မဖြစ်စလောက် ဥာဏ်လေးနဲ့ အပုပ်ချနေတာ မဟုတ်ပါဘူး ။

          ကိုရွှေမျိုးဝင်း

(လူငယ်တွေအတွက်သာ ရေးပြနေရတာ ကျနော်က လမ်းဘေးရောက်နေတဲ့ ဇာတ်ဂေါင်းကွဲ အဖွဲ့အကြောင်း သိပ်မပြောချင်ဘူး ဗျ)