Wednesday, December 1, 2021

PR နဲ့ အမတ်လောင်းရေစစ်


        ယနေ့ UEC အသစ်ကတော့ PR စနစ် နဲ့ တိုင်းပြည်ကို မောင်းနှင်ဖို့ အားထုတ်နေပါပြီ ။ ဒီနေရာမှာ ကျနော်တို့ သဘောကျတာကတော့ R to R ဥပဒေကို အသက်သွင်းပေးထားတဲ့ အမိန့် ညွှန်ကြားချက်ကို ပါပဲ ။ 

        ရွေးကောက်ပွဲ ဝင်ကြမယ် အမတ်လောင်းတွေအတွက် စနစ်တခုလည်း ထပ်မံတင်ပြချင်ပါတယ် ။ အမေရိကန်မှာ သမ္မတလောင်း အချင်းချင်း ဒီဘိတ် လုပ်စေတဲ့ ယှဥ်ပြိုင်မှုကို အလွန်သဘောကျပါတယ် ။ 

        ကျနော်တို့ဆီမှာလည်း အမတ်လောင်းများအား အဲဒီလို ဒီဘိတ် စနစ်နဲ့ မပြော မနေရ သတ်မှတ်သင့်ပါတယ် ။ တိုင်းရင်းဒေသများမှအပ ပြည်မရှိ အမတ်လောင်းများကို ပညာအရည်အချင်း ဘွဲ့ရအဖြစ် သတ်မှတ်ခဲ့ရင်လည်း ဘွဲ့ရ စာမတတ်တို့ ပါလာနိုင်တဲ့ ပြဿနာ တွေ့နိုင်ပါတယ် ။ 

         ပြည်သူတွေမှာလည်း အမတ်လောင်းက ဖြူသည် မည်းသည် မသိဘူး ပါတီအလံကြည့်ပြီး မဲ ထည့်နေရတဲ့ မျက်ကန်းမဲပေးစနစ်နဲ့ ကင်းဝေးစေချင်လို့ပါပဲ ။ ဒီတော့ ဥပမာ ပြရမယ်ဆိုရင် မန္တလေးမဲဆန္ဒနယ်မှာ တိုင်းဒေသကြီး အတွက် ယှဥ်ပြိုင်မယ့် အမတ်လောင်းတွေ ဆိုပါစို့ ။ 

        လေးယောက်ရှိရှိ ငါးယောက်ရှိရှိ အားလုံးကို ဒီဘိတ်လုပ်စေရပါမယ် ။ အဲလို လုပ်ပေးခြင်းအားဖြင့် ဘယ်သူက ဘယ်လောက် အရည်အချင်းရှိတယ် ၊ ဗဟုသုတများတယ် ၊ သူ့စိတ်ကူး သူ့ရည်မှန်းချက်က ပြည်သူအတွက် အခြေခံအားပြုသလား ၊ ငဖားကြီးလား ၊ ဖွန်ကြားလား ဆိုတာကို ပြည်သူတွေ အကဲဖြတ်ခွင့်ရပါမယ် ။ 

           အဲဒီလို အမတ်လောင်းတွေကို စာမေးပွဲ စစ်လိုက်ခြင်းဖြင့် ဝါဇီကနေ ဒေါ်လာရိုက်မယ့်သူ ၊ စစ်တောင်းစက္ကူနဲ့ ငွေစက္ကူရိုက်မယ့်သူ ၊ ပင်လယ်ကို ဦးရှင်ကြီးပိုင်တယ်ပြောသူ ဒါမျိုးတွေ လက်တွန့်သွားပါလိမ့်မယ် ။ 

         အတွေ့အကြုံအရ အဲသလို မလုက်ခဲ့တဲ့အတွက် ပါတီအလံမြင်ရင် မဲ ပေးမှာပဲကွ ဆိုတဲ့ ပြည်သူကို ငတုန်းစာရင်းသွင်းပြီး အမတ်လောင်းတင်ခဲ့ကြလို့ သေပြီးသား အလောင်းက နိုင်လိုနိုင် ၊ ခန့်ညားလွန်းတဲ့ လွတ်တော်ကြီးနဲ့ မတန်မရာ ကကြီး ခခွေး မရတဲ့လူတွေ ရောက်လိုရောက် ဖြစ်ခဲ့ရပါပြီ ။ 

         ဘယ်နိုင်ငံမှ မလုပ်တဲ့ ရူးကြောင်ကြောင် အလုပ်ပဲလို့ ပြီးစလွယ် မဝေဖန်နဲ့ဗျ ။ လောကကြီးမှာ တခါတရံ ပြောင်းပြန်တွေးမှ အဖြေမှန်ရတတ်တာမျိုးဗျ ။ 

        တခါတုန်းက လမ်းကျဥ်းကျဥ်းလေးထဲမှာ ကားတစီးအရေးကြီး မောင်းလာတယ် ။ တနေရာမှာ သိုးအုပ်တအုပ်က ရှေ့မှာ ပိတ်နေပါရော ။ အရေးကြီးလို့ သိုးအုပ်ကို မြန်မြန်မောင်းခိုင်းတယ် ။ သိုးကျောင်းသားက သိုးအုပ်ရှေ့သွားပြီး ပိတ်ရပ်တယ် ။ 

      ကားသမားက စိတ်တိုနေပြီ ။ အဲလိုနေတုန်း သိုးကျောင်းသားက သိုးအုပ်ကို နောက်ပြန်မောင်းလိုက်တယ် ။ သိုးတွေက ကားနဲ့ဟနေတဲ့ လမ်းသေးသေးကနေ ဖြတ်သွားတယ် ။ ကားက သိုးအုပ်ရှေ့ရောက်သွားတယ် ။ ပြောင်းပြန်လုပ်ပြလိုက်တာ အဆင်ပြေသွားပါတယ် ။ 

     ကျနော်တို့လည်း အမေရိကန် သမ္မတ ဒီဘိတ်ကို ပြောင်းပြန်ယူပြီး အမတ်လောင်း ဒီဘိတ် လုပ်ခိုင်းကြပါစို့ဗျာ ။ အမှိုက် အမတ်လောင်းတွေ နိုင်ငံရေးရေစီးကြောင်းမှာ ထိပ်ကနေ ပိတ်ဆို့မနေအောင် ဒီဘိတ်ဆိုတဲ့ ရေစစ်နဲ့ စစ်ထုတ်နိုင်မှ ရေသန့်မယ်လို့ ယူဆမိပါတယ် ဗျာ ။ 

      ကိုရွှေမျိုးဝင်း

(တကယ်ခုတ်မယ့်ဒါးဆိုတာ အဟန့်သိပ်ကြီးဖို့ မလိုဘူး အလုပ်ဖြစ်ဖို့ပဲ အရေးကြီးတယ်)

Related Posts:

  • BBC အကြောင်း သတင်းကောင်း မြန်မာ ဆိုတာမွန်ဂိုလီးယားမှာ ကျွန်တော်က မြန်မာလူမျိုး ဖြစ်နေလို့ သူတို့က အရမ်းစိတ်ဝင်စားကြတာလေ တွေတဲ့လူတိုင်း မေးခွန်းပေါင်းစုံ မေးတာ ခံရတယ် ... သူတို့မေးသမျှထဲက ယနေ့အထိမှတ်မိနေတဲ့ မေးခွန်းတွေက ... " မင်းတို့ မြန်မာပြည်မှာ ဗိုလ်ချုပ်တွေက… Read More
  • ဘုရားမမြင်တော့တဲ့ ပုဂ္ဂိုလ်စွဲတွေအမျိုးသားရေးသမားဆိုတာ ဗုဒ္ဓရဲ့ လော်ဘီတွေ ဖြစ်တယ်။ ဓမ္မရဲ့ လော်ဘီတွေ သံဃာ့ရဲ့ လော်ဘီတွေလည်း ဖြစ်ပြန်တယ်။ဗုဒ္ဓဘာသာဝင်တိုင်းရဲ့ လော်ဘီတွေလည်း ဖြစ်ကောင်းဖြစ်ပြန်တယ်။ ဒါဆို အစ္စလာန်ကို မုန်းလား? ခရဇ်ယာန်ကို မုန်းလား ဟိန္ဒူကို မုန်… Read More
  • ဒလန်အကြီးစားဒေါ်စုကိုယ်တိုင်ကတိုင်းပြည်ကိုသစ္စာဖောက်တဲ့ ဒလန်အကြီးစား Nobal ဆုရှင်ဒေါ်စုကို ဖမ်းထားလို့Nobal ဆုပေးတဲ့အဖွဲ့ရော နိုင်ငံကာကရောဘယ်နိုင်ငံကများ အပြစ်မရှိဘူး ချက်ချင်းလွှတ်ဆိုပြီးပြောတာကြားဖူးလား ပြောရဲကြလား။သူမွေးထားတဲ့သူ့သားတွ… Read More
  • အင်္ဂလန်နိုင်ငံရဲ့ အိမ်ရှေ့စံမင်းသားဦးဆောင်မှုဖြင့် ဗုဒ္ဓဓမ္မ စင်တာများဖွင့်ပြီး ဝိပဿနာ ကမ္မဋ္ဌန်းတရားများအားထုတ်နေ ကြပါပြီမနှစ်က စပြီး အင်္ဂလန် အိမ်ရှေ့စံမင်းသားဦးဆောင်မှုဖြင့်စစ်ဘက်အရာရှိကြီးများဌာနဆိုင်ရာပေါင်းစုံ ဝန်ကြီးများစုပေါင်းဗုဒ္ဓစင်တာများဖွင့်လှစ်ပြီး ဝိပဿနာကမ္မဋ္ဌန်းတရားများအားထုတ်ကျင့်ကြံလာရာ ယခုနှစ်မှာ စစ်တပ် အရာရှိကြီးများ နှင့်ဝန… Read More
  • ဗုဒ္ဓဘာသာကို နှိမ့်ချ ပြောဆိုခဲ့ကြသော NLD အမတ်များ၏ အမည်စာရင်း ဒေါ်စု ( အတိုင်ပင်ခံ ပုဂ္ဂိုလ် )ဗုဒ္ဓဘုရားဟာ သာမန်မင်းသားတစ်ပါးဖြစ်တဲ့အတွက် ထူးပြီး ကိုးကွယ်စရာမလိုကြောင်း ပြောခဲ့သလို ရဟန်းတစ်ပါး မီးရှို့သတ်ခံရတာဟာ ဘာမှ မဖြစ်ပါဘူး...ဗလီဆိုတာ သူတို့ရဲ့ အသည်းနှလုံးဖြစ်လို့ ထိခိုက်အောင် မလုပ်… Read More