Wednesday, December 1, 2021

ခုလည်း KIA ရင်ဆိုင်ကုန်းကို သိမ်းပြီးရင် ကားလမ်း ဖေါက်ထားတဲ့ အတိုင်း ချီတက်ရင် အလော့ဘွမ် စခန်းနဲ့ ၄ နာရီခရီးဆို ရောက်နိုင်ပါတယ် အလော့ဘွမ်စခန်းက ခုတော့ KIA လက်ထဲမှာပါ


              တောတောင်ထူထပ်လွန်းပြီး ငှက်ဖျားက
ဖြစ်တတ်သည် ဒီတော့ မက်ဖလိုကွင်းလိုငှက်ဖျားကာကွယ်ဆေး အပါတ်စဥ်သောက် သုံးနိုင်ကာမှ တော်ကာကျမည့်နေရာပါ
                 ရင်ဆိုင်ကုန်းမှာတောင် ဗေဒါ ကျောက်ချဥ်ပေါင် ကျောက်ချင်း အင်မတန်ပေါသည် တောဝက် ချေ နဲ့ မျောက်သား ပေါပါသည်
               တစ်လ တစ်ခါ နားဖေါ့ မဆုတ်တမ်း ခံစစ်ဘက် လစာ နဲ့ စာသွားယူချိန်မှ တာကြွမ်း ဆိုသည့် တရုတ်အိမ်က ကချင်အ ရက်နဲ့ ဆေးလိပ် တို့
ဝယ်ရသည်မဟုတ်လား
                     အဲ့ဒီတာကြွမ်း အိမ်ဆိုင်ရောက်လျှင် တရုတ်ဖုန်းနဲ့ မိသားစုကို ဆက်လို့ရသည် တာကြွမ်းက နှစ်ဖက်ချွန်ဗျ နှစ်ဖက်လုံးနဲ့ ပီအောင်ပေါင်းသည် ဘိန်းလည်း ခိုးစိုက်သည်
                 စစ်သည်တွေ ဖုန်းပြောရင် အထိုင်ဖုန်းကို သူတို့နဲ့ ဝေးရာမှာ အသံတိုးတိုးဖြင့် ပြောခိုင်းရသည် ဒီကောင်ကိုလည်း မယုံကြည်ရချေ ကိုယ့်ဆီက စစ်သတင်းတွေ ပါကုန်နိုင်သည်မဟုတ်လား
                Fox Hole ခေါ် မြေခွေးကျင်းထဲမှာ အနေများတော့ လူက ဖေါလာတတ်သည် ဂလိုင်ကျင်း တူးပြီး ထင်းမီး ဖိုထားရသည် မီးခိုး အတွက်မပူနဲ့ မြူမှုန်နဲ့ရောပြီး ဘာမှ မမြင်ရချေ
                ဒီတော့ ချမ်းလွန်းလို့ မီးလှုံ ရေကလည်း ခဲသည်ဆိုတော့ ရေဆိပ်ကင်း ထုတ်ပြီး ရေ
ဆိပ်က ပေပါပြတ်ကို မီးထိုး နွေးလာတာနဲ့ ဟန်း
ကောချိုင့်နဲ့ ၁၀ ခွက်လောက် ဆိုရင် အဆင်ပြေပြီလေ တစ်လမှ တစ်ခါလောက်သာ ရေချိုး ဖြစ်ကြသည်
                 ချမ်းလွန်းသည့်အထဲ ပေ ၇၂၀၀ မှာ လေကလည်း တဝှီးဝှီးနဲ့လေ တိမ်ဆိုင်တွေက ကိုယ့်ကို ဝင်တိုက်သွားသလိုခံစားရသည် လေမလုံသဖြင့် စောင်ကြား အပေါ်က မြေခင်း Plastic Sheet
ကိုခြုံထားရသောကြောင့် မနက်လင်းချိန်ဆို စောင်ကြား က စိုရွှဲလို့ပေါ့ မသိရင် ရှုရှုးတွေ ပေါက်ထားသလားထင်ရပါရဲ့
               ချမ်းလွန်းလို့ မီလှုံများတော့ လက်တွေက ချိုးတက် မီးခိုးမှိုင်း စွဲ ပါးပြင် က အက်ကြောင်းတွေထ ဖါးတောင် ဝင်ဥသွားမှာ ကြောက်မိပါရဲ့
               တစ်ခါတစ်လေ ရတတ်တဲ့ ကင်မလင်းချဥက် ဝါးရောင်းချဥ်က်ကို ရိက္ခါ ငါးပိနဲ့ ကြိုလိုက်ရင် ထမင်းစား မြိန်တဲ့ ရက်တွေပေါ့ဗျာ
               KIA တပ်သားတစ်ယောက်ရဲ့လစာဟာ အခုခေတ်မှာကို ၃ သောင်းဘဲရတာပါ ရိက္ခါက
ဆန် ဆား ဆီတို့ဟူး ဆေးလိပ် တို့ဘဲရတာပါခင်ဗျာ ပင်ပန်း ဆင်းရဲတာချင်း အတူတူ မြန်မာ့
တပ်မတော်သားတွေက လစာ ရိက္ခါ အပြင် ကျဆုံး သွားရင် Pension ပင်စင်ဆိုတာ ခံစားရပါသေးတယ်   
                မိုင်းထိ ခြေပြတ် လက်ပြတ်ဖြစ်သွားရင်
လည်း မြန်မာ့ တပ်မတော်သားဆိုတာက ပင်စင် ခံ
စားခွင့်ရပေမဲ့ KIA တပ်သားတွေ အရာရှိတွေဆိုတာ KIO KIA က ဘာမှ ပြန်မကြည့်နိုင်ကြပါဘူး
              ဒီအတိုင်း ပစ်ထားလိုက်ကြတာပါဘဲ ဒါကတော့ သူတို့အကြောင်း သူတို့သမိုင်းပေါ့ဗျာ
ခု လက်ရှိ ကန်တော်ယာန်ဘက်ကရော ပါဂျို
နားဖေါ့ဘက်ကရော စစ်အင်ဂျင်နီယာတပ်ဖွဲ့တွေ
ရဲ့ အကူအညီနဲ့ L of C လမ်းဖေါက်ထားတာ
ဖြောင့်လို့ ဖြူးလို့ပေါ့
                ပွိုင့် ၇၇၁ နဲ့ ဂီဒုံဘက်မှာလည်း သံချပ်ကာယန္တယား တပ်တွေ တိုက်ပွဲဝင်အသင့်ပါဘဲ
လဂျားယာန် နန်ဆန်ယာန် ဘက်တွေမှာလည်း ချီ
တက်ရာ လမ်းကြောင်း ရွေးချယ်ထားပြီးပါပြီ
              စစ်ကိုင်းသားတွေ မကွေးသားတွေ နဲ့ ဒကစ တနိုင်း မပခ စကခ (---) လက်အောက်ခံ
တပ်တွေဟာ ဖြန့်ခွဲ လှုပ်ရှားနေပြီး ဒုတပ်ချုပ်ကြီးရဲ့ တိုက်စစ်အမိန့်ကို နားစွင့်လျှက်ရှိပါတယ်
                လိုင်ဇာ မိုင်ဂျာယာန် မသိမ်းသေးဘူးလား လို့ မေးနေတဲ့ မိတ်ဆွေသူငယ်ချင်းများ အား
မလို အားမရ ဖြစ်နေသော သူများအတွက် ရသေ့ စိတ်ဖြေ မဟုတ်ဘူးနော်
              NCA လမ်းကြောင်းပေါ်ကို တက်မလာဘဲ
ဗိုလ်ချုပ်ကြီးအဆင့်ရှိ အန်ဘန်လ နဲ့ ဗိုလ်ချုပ်အဆင့်ရှိ ဂွမ်းမော် တို့ ဘာဆက်လုပ်မလဲ ဆိုတာအ
ချိန်သိပ်မကြာတော့ပါဘူး
                 ပွင့်လင်းရာသီလဲ ရောက်လာပြီ လိုင်ဇာ မြို့ လက်တစ်ကမ်း ကာကင်းစိုးမိုးကုန်းတွေ များမှ
ကျည်ထိုးပြီး အသင့် ဖြစ်နေတဲ့ အပူးဂဏန်း တပ်မ များမှ တပ်မတော်သားများကတော့ အချက်ပေး ခရာသံကိုသာ နားစွင့်နေကြပါကြောင်း
တင်ပြအပ်ပါတယ်ခင်ဗျာ
             တပ်ရင်း တပ်ဖွဲ့များရဲ့ စစ်အဂ်ါစဥ်များ နဲ့ အမြှောက်နဲ့ လေကာ တပ်ဖွဲ့ဝင်များ တပ်တည်မပါ
သော်လည်း ကျေနပ်နှစ်သက်လိမ့်မည်ဟု ယုံကြည်မိပါကြောင်း
ဆရာသမားများနှင့် သူငယ်ချင်းများအားလုံးကိုလေးစားစွာဖြင့် ခြေလျှင်စစ်သည် ဗိုလ်စော
၂၀၂၁ နို ၂၈ ၁၉၂၀

Credit Captain Saw

New Wave🇲🇲