Saturday, September 4, 2021

ငါ့ကို ဆဲလို့ မောနေရင် ငါရေလှူမယ် ငါ့ကို ဆဲလို့ နာသွားရင် ငါဆေးကုမယ် ငါ့ကို ဆဲဖို့ လမ်းလိုရင် လမ်းဖောက်ပေးမယ်


သူတပါးက ဆဲလို့ ပြန်ဆဲရတဲ့
မသူတော်ထဲ ငါ မပါရစေနဲ့
သူတပါးက ရိုင်းလို့ ပြန်ရိုင်းရတဲ့
မသူတော်ထဲ ငါ မပါရစေနဲ့။ 
သူတပါးက မိုက်လို့ ပြန်မိုက်ရတဲ့
မသူတော်ထဲ ငါ မပါရစေနဲ့။ 

ပရလောက သားတွေ ဆိုတာ
သူများမှီခို ရှင်သန်နေရတာကြောင့်
သူတပါးကို ထိခိုက်နစ်နာအောင် လုပ်မှာပဲ 
ကိုယ်တိုင် ပရလောကသား မဖြစ်ပါစေနဲ့။။ 

                      ကျေးဇူးတော်ရှင်..... 
              သီတဂူဆရာတော်ဘုရားကြီး