Wednesday, December 8, 2021

ဒီလိုလူတွေ အုပ်ချုပ်မှတော့


       နစကကြီးတက်လာတော့ အထင်အရမ်းကြီးခဲ့မိပါတယ် ။ ငါတို့တွေ ငါး နှစ်လုံး အံကြိတ်ခံစားခဲ့ရတာတွေ ကုန်ဆုံးပြီ ။ တပ်မတော်ရဲ့ အသစ် စုဖွဲ့ထားတဲ့ လူတော် လူကောင်းတွေ နဲ့ တိုင်းပြည်ကို ကောင်းအောင် တည်ဆောက်ပြကြလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ခဲ့ဖူးပါတယ် ။

          ဒီလိုနဲ့ ကုန်စျေးနှုံးတွေ တက်လာတယ် ၊ OK ကိုဗစ်ကြောင့်ဆိုပြီး ကျနော်တို့ နားလည်မှုပေးနိုင်ခဲ့ပါတယ် ။ 

     ဘဏ်ပြဿနာတွေ ပေါ်လာတယ် ။ ဗဟိုဘဏ်နဲ့ ပုဂ္ဂလိကဘဏ်တွေ လက်ဝါးခြင်းရိုက်ပြီး ကိုယ့်ငွေကို အတိုးပေး (ရာခိုင်နှုံးပေးပြီး) ခခယယ ပြန်ထုတ်နေကြရတယ် ။ အခုချိန်ထိ နစက က ကြားသိပါလျှက် ပြည်သူ့ဒုက္ခကို စာနာမှု ကင်းမဲ့စွာ ဥပေက္ခာပြုထားဆဲပါပဲ ။ 

         ပြည်သူတွေကို PDF တွေ သတ်ဖြတ်နေတယ် ။ ထိရောက်တဲ့ အုပ်ချုပ်မှု စွမ်းရည်မပြနိုင်ပဲ ရနိကုန်လို မြို့လည်က ရဲစခန်းတွေမှာ သဲအိတ်ကတုတ်တွေ နဲ့ သံဆူးကြိုး အကာတွေ နဲ့ နေ နေရအောင် လုံခြုံရေးကင်းမဲ့နေတုန်းပါပဲ ။ ပြည်သူ့အသက် အကာအကွယ်ပေးဖို့ အသာထား သူခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးတောင် သူဘာသာ အကာအကွယ် မပေးနိုင်သေးတဲ့ ကျက်သရေတုန်း စီမံခန့်ခွဲမှု ။ 

        ဥပဒေအရပါ တွင်တွင်ပြောဆိုနေပြီး ၅၀၅ တွေ အပေါစားစျေးနဲ့ အခမဲ့ ပြန်လွှတ်တယ် ၊ နိုင်ငံတော်တခုလုံးရဲ့ သတ်ဖြတ်မှုတွေအပေါ် အရေး​အကြီးဆုံးတရားခံတွေကို အလွန်သက်ညှာစွာနဲ့ ဥပဒေမှ ကင်းလွတ်ခွင့်ပေးပြန်တယ် ။ 

       ဒီနေရာမှာ အမှုတခုအတွက် ကင်းလွတ်ခွင့်ပေးပြီးရင် နောက်အမှုတွေ ပေးလို့မရတဲ့အတွက် အဘ အကွက်တွေ လှတယ်ဆိုပြီး ပြည်သူကို လိမ်ညာနေတဲ့ ဘောအလွန်မတွေ သိဖို့က ဥပဒေလေ့လာကြပါ ဆိုတာပါပဲ ။ သမ္မတရဲ့ လုပ်ပိုင်ခွင့်မှာ အဲသလို ကန့်သတ်ထားတာ လုံးဝ မရှိဘူး ။ အခုလို ကင်းလွတ်ခွင့်ပေးတာ သမ္မတလုပ်ပိုင်ခွင့်ကနေ ပေးနေတာနော် ၊ နောက်အမှုတွေလည်း ဒီပုံစံသွားမှာပဲ အဲဒီကျမှ ဘယ်လို ဖာစကား နဲ့ ဖာမလဲဆိုတာ ကြိုစဥ်းစားနိုင်ဖို့ ဗဟုသုတပေးနေတာ။

       အခုလည်း ကြည့်ပါအုံး ။ ပြည်သူတွေမှာ စားဝတ်နေရေး အခက်အခဲဖြစ်နေကြတာ ကြာပါပြီ ။ fb လေး တထောင်ဖိုးထည့် သုံးရက်လောက် သုံးနေကြရပါတယ် ။ အဲဒါကို မသုံးကြနဲ့ဆိုတဲ့ အပေါက်နဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားပါသတဲ့ ။ data စျေးနှုံးတွေ နှစ်ဆတက်တောင်းဖို့ တဲ့ဗျာ ။ 

     ကုန်စျေးနှုံးကျဖို့တော့ အစိုးရနဲ့ မဆိုင်ဘူးတဲ့ ။ ဒီမိုကရေစီ စနစ်မို့တဲ့ ။ မင်းမေလိုးတဲ့ စျေးတက်တဲ့ ကိစ္စကျတော့ အစိုးရ ညွှန်ကြားချက်တဲ့လား... ?

          ကျုပ်တို့ ပြည်သူတွေ ၂၀၁၆ ကစပြီး အင်မတန်ကံဆိုးကြတယ်ဗျ ။ စောက်သုံးမကျတဲ့ ပြည်ပကျွန် NLD အစိုးရ နဲ့ စောက်ဖြစ်မရှိတဲ့ တပ်မတော်အကြား နေခဲ့ကြရတာ ၅ နှစ်ကြာခဲ့တယ် ။ 

       တပ်မတော်က အာဏာသိမ်းလိုက်လို့ ပိုကောင်းလာမလား တွေးပျော်နေပါတယ် ။ ကဏ္ဍပေါင်းစုံ မှာ ပြင်ပ ဆက်ဆံရေးတောင် မဆိုးပါဘူးဆိုတဲ့ အနေအထားပဲ တွေ့ရတယ် ။ စီးပွားရေး ၊ လုံခြုံရေး ၊ ကျန်းမာရေး ၊ ပညာရေး ဘယ်ကဏ္ဍမှ တိုးတက်ဖြစ်ထွန်းအောင် နစက မဆောင်ရွက်နိုင်သေးဘူး ။

       ပြည်သူကို ပိုဆင်းရဲအောင် အခု လုပ်ပြန်ပြီ ။ နိုင်ငံတကာမှာ ပြည်သူတွေ စားဝတ်နေရေးချောင်လည်ဖို့ အများပြည်သူသုံး ကဏ္ဍတွေကို စျေးအနိမ့်ဆုံးနဲ့ သုံးနိုင်ဖို့ စီမံခန့်ခွဲနေကြတယ် ။ 

      အခုမြန်မာပြည်က နစက အစိုးရ လက်ထက်ကျမှ ကြာလေ စျေးချိုလေ ဖြစ်ရမယ့် အင်တာနက် သုံးစွဲခကို နှစ်ဆမြှင့်တင်ဖို့ အစိုးရကိုယ်တိုင် အမိန့်ပေးသတဲ့ ။

     အင်မတန် ယုတ်မာတဲ့ အစီအမံပါပဲ ။ ပြည်သူတွေကို အင်တာနက် မသုံးစေချင်ရင်လည်း ပိတ်လိုက်ပါ ဘာမှ မဖြစ်ပါဘူး ။ အခုတော့ မူလကတည်းက ခိုးချင်တိုင်းခိုးယူနေတဲ့ အော်ပရေတာ သူခိုးကြီးတွေပဲ နှစ်ဆပိုပြီး ချမ်းသာအောင် လုပ်ပေးပြီး ပြည်သူကို ဒုက္ခပေးနေတဲ့ နစက ကို လီးပေါင်းတထောင်ပဲ လို့ ဆဲပါတယ် ။ 

         လာလိမ့်မယ် စျေးကြီးတော့ လိုင်း​ပေါ်မှာ အမှိုက်ရှုပ်သက်သာတာပေါ့တို့ ငါတို့တော့ ကြိုက်တယ် နီပိတ်တွေ မွဲနေတာကြောင့် မျက်စိနောက် သက်သာပြီတို့ ပြောကြပါလိမ့်မယ် ။ 

     ကျုပ်တို့ပြောနေတာ အဲဒါမဟုတ်ဖူး ။ စီမံခန့်ခွဲမှု စွမ်းရည် နိမ့်ကျနေတာကို မြင်အောင်ကြည့် ။ ဌာနဆိုင်ရာတွေ နစကလို ခပ်ညံ့ညံ့ လူကြီးတွေကို အလွယ်တကူ လှည့်စားပြီး ပြည်သူကို ဒုက္ခပေါင်းစုံ ပေးနေတာ မြင်အောင်ကြည့် ၊၊

         တိုင်းပြည်က ခပ်ပဲ့ပဲ့ အုပ်ချုပ်သူက ယုတ်မာသူထက် ပိုညံ့နေတဲ့ လူပျော့လူညံ့ လီးမှ ဒီတိုင်းပြည်မကောင်းနိုင်ဘူး ။ 

      ကိုရွှေမျိုးဝင်း

။ ။ ဝယ်ပြီးသား ဒေတာ ကုန်သွားရင် မရေးတော့ပါဘူး ။ ကျုပ်တို့ အားထုတ်မှု ကျုပ်တို့ စေတနာ မေတ္တာ နဲ့ မတန်တဲ့ လူယုတ်မာ လူညံ့ အုပ်ချုပ်သူတွေချည်းပါပဲ ။ 

{ဒီ ချက်ခုံနဲ့ ကစားပြနေတဲ့ ပွဲမျိုးကို ကျုပ်တို့က ဟုတ်နိုးနိုး စောင့်ကြည့်နေမိတာ ကျုပ်တို့ ရူးနေလို့ပဲ ဖြစ်မှာပါ }

နိုင်ငံရေးသတင်းနှင့်အခြားဗဟုသုတများကိုလည်း yutube ချန်နယ်မှာတင်ဆက်ပေးနေပါတယ် 
👇 👇 👇 👇 👇 👇
https://youtube.com/channel/UCG7fGVz_iyGtDnM

တယ်လီဂရမ်လင့်
https://t.me/komyowin