Thursday, August 5, 2021

ကံကြမ္မာဆိုတာ


သိရခက်တဲ့အရာတွေထဲမှာ ကံကြမ္မာဟာ
ထိတ်ဆုံးကတခုပဲ၊
ဘုန်းမီးနေလတောက်ခဲ့တဲ့ အလောင်းစည်သူ
မင်းကြီးနဲ့ မျိုးဆက် (၄) ဆက်ဟာ...
နန်းအာဏာတပ်မက်မှုကြောင့် သားကအဖကို
သတ်ခဲ့ဘူးကြတယ်၊

ရာဇပလ္လင်ဖင်ပါခဲ့တဲ့ ဦးနေဝင်းဟာ
ဗခအောင်ဆန်းကအရေးယူမယ်လုပ်တော့
ဦးနုတောင်းပန်မှုကြောင့်လွတ်ကင်းခဲ့တယ်
နောက်ဆုံး ဦးနုဆီကအာဏာသိမ်းသူဟာ
ဗခကနေဝင်းကိုယ်တိုင်ပြန်ဖြစ်လာတယ်၊

သီပေါမင်းဟာ မထင်မရှားမင်းသားပါ
နန်းစဉ်အရကို အိပ်မက်မက်ခွင့်မရှိသူပါ
ဒါပေမဲ့ နောက်ဆုံးမင်းဖြစ်လာတယ်။

.............

ဒေါ်လာသန်းပေါင်းများစွာချမ်းသာတဲ့
သူဌေးကြီးသေတော့ ဇနီးကအမွေရပြီး
သူဌေးမကြီးဖြစ်လာတယ်၊ အရွယ်ရှိသေးတော့
နောက်အိမ်ထောင်ပြုတယ်၊

တရက်...
ရုတ်တရက်ကားအက်ဆီဒင့်နဲ့ သူဌေးမကြီး
ဆုံးသွားပြန်တော့... ဘာမှမလုပ်ရပဲ ခင်ပွန်းက
သူဌေးကြီးဖြစ်သွားပြန်တယ်၊

သူဌေးမကြီးရှိစဉ်က ရုံးကိစ္စကို
နှစ်များစွာလုပ်ပေးနေတဲ့ ဝန်ထမ်းမလေးကို
သူဌေးကြီးယူလိုက်ပြန်တော့...
သာမန်ဝန်ထမ်းငယ်လေးက ရုတ်တရက်
သူဌေးကတော်ကြီးဖြစ်လာပြန်တယ်၊

ဆိုရင်....
ဘယ်သူက ဘယ်သူ့အတွက်
အလုပ်တွေလုပ်ပေးနေရပါသလဲ ?
လူတိုင်းမှာ ပြဌာန်းထားပြီးသား
ကံကြမ္မာဆိုတဲ့ Destiny တွေရှိထားပြီးသား၊

...............

ရှင်ရဲထွတ်ကိုသိကြပါလိမ့်မယ်
တပင်ရွှေထီးနဲ့ နို့စို့ဖက်
တပင်ရွှေထီးအမတော်နဲ့ ရည်ငံတော့
မင်းကြီးညိုက သတ်စေအမိန့်ထုတ်ခဲ့လို့
ရှောင်ပုန်းနေရတယ်၊တနေ့ဆရာတော်က...

" ဒီမှာ မင်းရဲ့ဇာတာ... ဒါကိုကိုင်ပြီး
နန်းတော်ထဲ ရဲရဲဝင်၊ မင်းတြားကိုဆက်
ပြီးရင် သတ်လိုက သတ်နိုင်ပါပြီဆိုပြီး
ခေါင်းငုံ့ပေးလိုက်တော့၊ သူလဲဗေဒင်
နက္ခတ်တတ်သူပဲလေ "

ရှင်ရဲထွတ် နန်းတော်ထဲရဲရဲဝင်တယ်
ဘဘုန်းမှာတဲ့အတိုင်း ဇာတာကိုဆက်သပြီး
ခေါင်းငုံ့ပေးထားလိုက်တယ်၊

မင်းကြီးညိုက သူ့ထက်ဘုန်းကြီးမဲ့ဇာတာမှန်းသိပြီး
သူ့သား တပင်ရွှေထီးကိုစောင့်ရှောက်သွားမဲ့သူဆိုတာ
သိလ်ုက်တော့... ပြစ်ဒါဏ်က လွတ်ငြိမ်းခွင့်ပြုတယ်
နန်တော်ထဲ  ဝင်စေ-ထွက်စေ အခွင့်ရတယ်။

အရွယ်တွေရလာကြတော့
တပင်ရွှေထီးကို ဘုရင့်နောင် ( ရှင်ရဲထွတ်) က
စောင့်ရှောက်သွားတယ်၊ ထန်းတောထဲမှာ အမြဲမူးနေတဲ့
တပင်ရွှေထီးက်ု အကြည်ညိုပျက်ကြပြီး
အာဏာသိမ်းခိုင်းတာတောင် ဘုရင်နောင်က
မသိမ်းခဲ့ဘူး၊

ဇာတာပါတဲ့အတိုင်းပဲ
ပြပြင်ပြောင်းလဲရေးတွေ အများကြီးလုပ်ပြီး
ဘုရင့်နောင်ဟာ ဒုတိယမြန်မာနိုင်ငံတော်ကို
တည်ထောင်သူအဖြစ် သမိုင်းကောင်းကို
ချန်ထားနိုင်ခဲ့တယ်၊

.............

လူတိုင်းဟာ
အတိတ်ဘဝပေါင်းများစွာက ဆက်ခဲ့တဲ့
ကုသိုလ်၊ အကုသိုလ်အကျိုးပေးတွေကို
ပြန်ခံစားကြရတယ်၊ 

ပုဂံမင်းလို၊ နရသီဟပတေ့လို၊ သီပေါလို
ဘယ်လောက်ညံ့ညံ့ ပလ္လင်ဇာတာက
ပုလ္လင်ကိုတော့ပေးသွားတာပဲ၊
မင်းကြီးညိုလို အမြှော်အမြင်ရှိသူအတွက်
ပြန်စောင့်ရှောက်ခြင်း ခံရသလို....
နှိပ်ကွပ်တဲ့မင်းအချို့ ကံကုန်တဲ့အခါ
နောက်လူရဲ့ ပစ်ပယ်ခြင်းကိုခံရတာလဲ
သမိုင်းမှာ အများကြီးပါ
ဒါလဲပြောရရင်... ဘယ်သူမပြု မိမိမှုနဲ့
စေတနာ အကျိုးပေးပြန်ခံရတာမျိုးပါပဲ။

..............

ကံတရားရဲ့အကျိုးပေးဆန်းကြယ်မှုကို
ကျောက်လောကမှာ ထင်ထင်ရှားရှားပိုတွေ့နိုင်တယ်၊
အခြေခံလုပ်သားသာသာဘဝက
အကျိုးပေးသန်တော့... ထင်ရှားတဲ့ သူဌေးကြီးတွေ
ဖြစ်လာကြတာကို တွေ့ကြရပါလိမ့်မယ်၊

ဒါကြောင့်
ဒီဘဝ လိုတာမရကြရင်တောင်
စိတ်ကောင်းစေတနာကောင်းနဲ့ အလုပ်လုပ်ကြရင်
နောင်ဘဝအတွက် ကုသိုလ်ဆက်နိုင်ကြပါလိမ့်မယ်။

#BaMaung  ( 4.8.21 ) 



Related Posts:

  • စစ်သင်တန်းမှ ထွက်ပြေးသူပလက်၀သားများအား AA အဖွဲ့က မြေလှန်ရှာဖွေနေသြဂုတ် ၁၈ --ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ပီချောင်းဒေသတွင် AAလက်နက်ကိုင်အဖွဲ့မှ ပေးသော စစ်သင်တန်းတက်ရောက်နေသူ ပလက်၀ဒေသခံအများအပြားထွက်ပြေးသွားခြင်းကြောင့် အနီးအနားရှိရွာများတွင် ရွာသူ/သားဒေသခံများအား လက်နက်များထောက်၍ မြေလှန်ရှ… Read More
  • #စကြာမင်းသားတစ်ည၌ ဘိုးတော်ဘုရား ထူးဆန်းသောအိပ်မက်တစ်ခု မြင်မက်တော်မူလေသည် ။ အိပ်မက်ထဲ၌ပြည်မြို့နဝင်းရပ်နေ မောင်ရွှေအောင်ရောက်ရှိလာပြီး လက်ထဲမှဆေးရုပ်ရှင်ကိုပြကာ မင်းတရားကြီး၏ သားတော်ကြီး မဟာဥပရာဇာနှင့် သားတော် ပြည်မင်းတို့ကိုဆက်သရန် ဤ ဝိ… Read More
  • ခွေး ရိုက် တုတ်အာဏာရူးတော့ မဲခိုးတယ်မဲခိုးမရတော့  ထကြွတယ်ထကြွပြီးတော့ ပုန်ကန်တယ်ပုန်ကန်ပြီးတော့ ဖျတ်ဆီးတယ် ဖျတ်ဆီးပြီးတော့ သတ်ဖျတ်တယ် ဘယ်မလဲ အသင်ဟာ လူစိတ် ဘာသာတရားနဲ့ ရဟန်းသံဃာ စော်ကားတာ  လူစိတ်လား???ကိုယ်မွေးသော နိုင်ငံ ကိုယ်ဖျတ်ဆီးတာ လူစိ… Read More
  • အုပ်ချုပ်မှု နည်းဗျူဟာ      နဝတ ခေတ်ဦးမှာ နွားခိုးတွေ အလွန်သောင်းကျန်းတယ် ။ တောင်သူတွေက ရဲတွေ တရားရုံးတွေကို အားမကိုးရမှန်း သိလို့ ဗိုလ်ချုပ်ကြီးတွေဆီ တိုက်ရိုက် တင်ပြလိုက်ကြပါတယ် ။        နယ်မြေအသီးသီးဆီ လုံခြုံရေး တပ်တွေ ရောက်လာတယ် ။ နွားခိုးမှ… Read More
  • #နောင်ခေတ်အဆက်ဆက်မှာသမိုင်းတွင်မည့် ပြည်ဖျက်သစ္စာဖောက်လောက်ကောင်များ...၁။ အောင်ဒင်အဖွဲ့၂။ မျိုးရန်နောင်သိန်း၃။ မျိုးထိုက်တန်သိန်း၄။ ဇော်ဝေစိုး၅။ ပန်ဆယ်လို၆။ ကြည်တိုး၇။ ဆာဆာ (R2P)၈။ ဇာနည်ထိုက်၉။ သက်ကမိုးညို၁၀။ မိုးသီးဇွန်၁၁။ မင်းသေ့၁၂။ မောင်မောင်… Read More