Thursday, August 5, 2021

ကိုယ့်အလုပ် ကိုယ်လုပ်ပါ


နိုင်ငံတခုရဲ့ အချုပ်အခြာအာဏာဆိုင်ရာမှာ
ဝင်ရောက်စွက်ဖက်ခွင့်မရှိတာကို
ကုလ ပဋိညာဉ်မှာထဲ့သွင်းထားသလို....
အရာရာဟာ အကြောင်းကြောင့်အကျိုး
ဖြစ်တာကိုလည်း သတိထားဖို့လိုမယ်၊
အကျိုးကိုပြောချင်ရင် အကြောင်းရင်းကိုလဲ
ချန်မထားပါနဲ့၊

မြန်မာ့ ဒီနေ့ဖြစ်ပျက်မှုတွေရဲ့ အကြောင်းရင်းက
မဲမသမာမှုကအကြောင်းရင်းပါ၊
ဒိထက်ပိုပြောရရင် တပ်မတော်ဖက်က
အာဏာမထိမ်းချင်လို့ အကြိမ်ကြိမ်ညှိနှိုင်းတာကို
အဆင်ခြင်မဲ့ပြီး ပယ်ချလိုက်တဲ့ ဒေါ်စုရဲ့
မိုက်မဲမှုပါ၊  ( ဒိထက်ရင်းမြစ်ကျတဲ့ အကြောင်းက...
ရမလားဆိုပြီး ထီထိုးလိုက်သလို ဂျိုးဖစ်ရှာ ရဲ့
ဒေါ်စုကိုနားမချခဲ့လိုက်မှု )
မြင်သလောက် မရေးခဲ့ဘူးဆိုတာ
သဘောပေါက်လောက်မှာပါ။

ဗခမက မင်းအောင်လှိုင်က
" အိမ်စောင့်အစိုးရ " လို့ကြေငြာပြီး
လုပ်ငန်းစဉ်ကိုချပြပေးပြီးပါပြီ
မြန်မာလို "အိမ်စောင့်" ဆိုတာရော
အင်္ဂလိပ်လို " Care taker " ဆိုတာရောက
အဓိပ္ပါယ် ရှင်းရှင်းထွက်နေပါတယ်၊
'အိမ်ရှင်မဟုတ်ဘူး' 'ရာယီပဲတာဝန်ယူပေးထားတာ'
ဆိုတဲ့သဘောရတယ်၊

အဲ့ဒါကိုမှဆက်ပြီး ဖိအားပေးနေရင်...
အချုပ်အခြာဆိုတာ အဲ့ဒီနိုင်ငံကပြည်သူတွေ
လက်ထဲမှာပဲ ရှိနေတယ်လို့သာစဉ်းစားလိုက်ပါ။

#BaMaung