မီးဖိုချောင်အလုပ်ဆို
လူတိုင်းအထင်သေးတယ်။
မိဘနဲ့လင်ယောက်ျားလိုလူတောင်
ကိုယ့်ကိုမလေးစားဘူး။
တချို့မိဘဆို မီးဖိုချောင်ကိစ္စတာဝန်ယူတဲ့
သားသမီးနဲ့ ပိုက်ဆံပေးတဲ့ သားသမီးမှာ
ပိုက်ဆံပေးတဲ့သူပဲ မိဘဆီမျက်နှာရတယ်။
ယောက်ျားဆိုတဲ့အမျိုးလည်းမေးကြည့်
အိမ်မှုကိစ္စလုပ်တဲ့မိန်းမနား သာယာလား
KTV က စော်တွေနား သာယာသလားလို့။
အိမ်မှုကိစ္စဟာ ကိုယ့်တစ်ယောက်တည်း
အတွက် သီးသန့်လုပ်နေတာမျိုးမဟုတ်ဘူး။
အိမ်ရှိလူတွေတွက် တစ်ယောက်တည်းကနေ
အများမလုပ်ချင်တဲ့ ကိစ္စတွေကို ဒိုင်ခံ
ဆောင်ရွက်တာပဲဖြစ်တယ်။
မီးဖိုချောင်မှာ အလုပ်လုပ်လို့
အကောင်းဆုံးဆိုတာတွေ ရွေးမစားဘူး။
ထမင်းအအေးနဲ့ အပူ ပေါင်းထားရင်တောင်
အကျန်အအေးနွေးထားတဲ့ဟာကို
အိမ်ရှင်တွေစားတယ်။ အိမ်သားတွေကို
အကောင်းပဲကျွေးတာ။
ဟင်းမလောက်ရင် သူတို့ကိုအရင်
စားခိုင်းတယ် ပိုရင်စားတယ် မပိုရင်
ခေါက်ဆွဲပြုတ်နဲ့ညားတယ်။
အိမ်သာလူတိုင်းတက်တယ်
လူတိုင်းမဆေးချင်ဘူး။
လူတိုင်းမဆေးချင်တဲ့အိမ်သာကို
အိမ်ရှင်မဆေးရတယ်။ လူတိုင်းမလုပ်ချင်တဲ့
အညစ်ကြေးတွေကို အိမ်ရှင်မတွေ မီးဖိုဝင်တဲ့
သူတွေ ဆေးကြောသန့်စင်ရတယ်။
လူတိုင်းပြီးစလွယ် ပွစာလန် ထားခဲ့တဲ့
ပန်းကန်ပေတွေ တနင့်တပိုး ဆေးရတယ်။
မိုးရွာရွာနေပူပူ နေကောင်းကောင်း
မကောင်းကောင်း စျေးသွားရတယ်။
ဟင်းမထပ်အောင်ချက်ရတဲ့သောကရှိတယ်။
စဉ်းစားကြည့်ပါ
တစ်နေ့တစ်နေ့ ဘာချက်ရမလဲဆိုတဲ့
မေးခွန်းတွေက တစ်ကယ်တမ်း
ခက်ခဲတယ်ဆိုတာ လုပ်ဖူး စဉ်းစားဖူးတဲ့
သူတွေပဲသိပါလိမ့်မယ်။ ပိုက်ဆံလည်းမရ
အချိန်ကုန်ပြီး ဒီအလုပ်တွေနဲ့လုံးပမ်းနေတဲ့
သူဟာ ဘာကြောင့်ပါလဲ?
အဖြေက တစ်ခုတည်းပါ
ချစ်ခြင်းမေတ္တာကြောင့်ပါပဲ။
ဒါပေမဲ့ ချစ်ခြင်းမေတ္တာဆိုတာမျိုးက
ငွေကိုမတော်လှန်နိုင်ခဲ့ပါဘူး။
ချစ်ခြင်းမေတ္တာတွေဟာ
ဘယ်နေရာမှာမှ နေရာမရခဲ့ပါဘူး။
ချစ်ခြင်းမေတ္တာတွေဟာ
အမြဲလိုလို မျက်နှာငယ်ရပါတယ်။
တစ်ကယ်တော့
ချစ်ခြင်းမေတ္တာဆိုတာလည်း
ဝဋ်တစ်မျိုးပါပဲလေ။
#Credit…… Eaint Myat Noe Wint
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်။