Wednesday, September 1, 2021

ရွှေရောင်ရှု့မျှော်ခင်းများ


ပန်းချီကားအလား
ထင်ရောင်မှားသည်
စစ်ကိုင်းတောင်တလွှား
ရွှေရောင်ရှု့မျှော်ခင်းများ 🏔🏝🌅

ရုပ်ခန္ဓာကိုယ်ကျန်းမာဖို့ အစားအစာတွေနဲ့
အစာကျွေးကြသလို
စိတ်ကျန်းမာဖို့အတွက်လည်း
စိတ်နှလုံးကို အေးချမ်းစေနိုင်တဲ့ ရှု့မျှော်ခင်းတွေနဲ့
အစာကျွေးရပါမယ်
ဒါကိုပင် နှလုံးသားရဲ့ အာဟာရတစ်ခု
စိတ်ရဲ့အစာတစ်ခုလို့ ခေါ်ဆိုလို့ရမလား

ခုလို ပူလောင်မှုတွေနဲ့ မွန်းကြပ်လှတဲ့ ကာလမျိုးမှာ
ရုပ်ရော စိတ်ရော နေကောင်းကျန်းမာနေဖို့လိုပါတယ်
ဒါမှ မိမိတို့လိုချင်တဲ့ ဘဝအောင်မြင်မှုတွေကို
ဆက်လက်ရှာဖွေနိုင်ကြမှာဖြစ်ပါတယ်

ရုပ်မှာဖြစ်တတ်တဲ့ ဒဏ်ရာတွေကို
ပျောက်အောင်ကုသဖို့လွယ်ကူပေမယ့်
စိတ်ရဲ့ဒဏ်ရာတွေကိုတော့
ကုသဖို့ အတော်ခက်တယ်

စိတ်ဒဏ်ရာတွေကို ကုသတဲ့နေရာမှာ
ရွှေရောင်ရှု့မျှော်ခင်းများက
သင့်အတွက် နှလုံးသား ရဲ့အာဟာရတစ်ခု
စိတ်ရဲ့အစာတစ်ခု အားဆေးတစ်ခွက်ဖြစ်ခဲ့မယ်
ဆိုရင်.....

friအားလုံး ကိုယ်ရော စိတ်ပါ နေကောင်းကျန်းမာကြပါစေဟု ဆန္ဒပြုလျှက်...

ဘုန်းနဒီ
1.9.2021
ထိုထိုဤဤမှ ဓာတ်ပုံပညာရှင်တို့အား Credit ပေးပါ၏