Friday, September 10, 2021

ကျွန်မကစစ်သားဇနီးပါမောင်။


မျက်ခုံးမွှေးကို ဖြောင့်မှန်အောင်မဆွဲတတ်ပေမဲ့
ပစ်မှတ်ကိုမလွဲအောင်ပစ်နိူင်တဲ့
လက်နက်ငယ် သင်တန်းဆင်းတစ်ယောက်
လက်ဖြောင့်သူပါမောင်။

ကျွန်မကစစ်သားဇနီးပါမောင်။
မော်ဒယ်တွေလို catwalkမလျှောက်တတ်ပေမဲ့
အနှေးလျှောက် အမြန်လျှောက်
လက်နက်မဲ့စစ်ရေးပြ
ပထမရခဲ့သူပါမောင်။

ကျွန်မကစစ်သားဇနီးပါမောင်။
နီနီခင်ဇော်လိုအသံမကောင်းပေမဲ့
စစ်ချီတေးသံကို ဌာန်နဲ့မာန်နဲ့
ဟစ်ကြွေးတတ်သူပါမောင်။

ကျွန်မကစစ်သားဇနီးပါမောင်။
ဆယ်လီတွေလို မိတ်ကပ်မလိမ်းတတ်ပေမဲ့
သနပ်ခါးပါးကွက် ပါးမှာဆင်လို့
အပတ်စဉ်လုပ်အားပေးလည်း
ရှောင်မလွှဲတတ်သူပါမောင်။

ကျွန်မကစစ်သားဇနီးပါမောင်။
အပတ်စဉ်ဝတ်ရွတ်တဲ့အခါ
ဓမ္မာစင်္ကြာ၊ပဌာန်းဒေသနာနဲ့
ပရိတ်ကြီး(၁၁)သုတ်
အလွတ်ရွတ်တတ်သူပါမောင်။

ကျွန်မကစစ်သားဇနီးပါမောင်။
စိုက်ပျိုးမွေးမြူ မသင်ယူခဲ့ပေမဲ့
၁၀မျိုး၁၀ဘောင်၊ကြက်တစ်အုပ်တစ်မနဲ့
မိသားစုကိုထမင်းဝစေခဲ့သူပါမောင်။

ကျွန်မကစစ်သားဇနီးပါမောင်။
အချက်အပြုပ်သင်တန်း မတက်လှမ်းခဲ့ပေမဲ့
အိုးကြီးအိုးငယ်အသွယ်သွယ်နဲ့
နတ်သုဒ္ဓါကဲ့သို့ အရသာရှိအောင်
ချက်ပြုပ်တတ်သူပါမောင်။

ကျွန်မကစစ်သားဇနီးပါမောင်။
နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားကြီးမဟုတ်ပေမဲ့
တပ်မရဲ့အားထားရာ
လက်ရွေးစင်ဘော်လီဘောသမားကြီးပါမောင်။

ကျွန်မကစစ်သားဇနီးပါမောင်။
ပန်တျာကျောင်းဆင်းမဟုတ်ပေမဲ့
သင်္ကြန်ယိမ်းတွေမှာ ရှေ့တန်းကနေရာယူ
အမူပါပါ အချိုးကျကျ ကတတ်သူပါမောင်။

ကျွန်မကစစ်သားဇနီးပါမောင်။
Phd.ဒေါက်တာဘွဲ့တွေ မရခဲ့ပေမဲ့
ကျန်းမာရေး၊စီးပွားရေး၊ပထဝီဝင်နိူင်ငံရေးပါမကျန်
သဘောတရားပြည့်ဝ
တပ်တွင်းဆွေးနွေးပွဲရဲ့ ရလာဒ်တွေပါမောင်။

ကျွန်မကစစ်သားဇနီးပါမောင်။
တိုင်းပြည်နဲ့လူမျိုးအတွက်
အမိမြေကိုတစ်လက်မမှအထိမခံ
အသက်ကိုပေးဆပ်လို့ ကာကွယ်ဖို့အသင့်ရှိသူပါမောင်။

တကယ်တော့
ကျွန်မတို့စစ်သားဇနီးတွေဟာ
ခုနှစ်ထွေမင်းသမီးတွေပါမောင်။
#moemoemyintoo(Khaing Thet Mon)




Related Posts:

  • သို့ / ဦးသန်းဌေး          အနီတွေက တိုက်ကွက်ပြောင်းနေပြီ ခင်ဗျားတို့ကို အမှည့်ချွေ ချွေနေပြီ ။       သူတို့ဖက်က တပ်ကိုလည်း မတိုက်နိုင်ဖူး ၊ ကျောင်းသူ ကျောင်းသား ကလေးတွေကိုလည်း ခြောက်လှန့်ရုံပဲ လုပ်… Read More
  • 🐈ကြောင်သူတော် 🐀ကြွက်သူခိုး 👪လူ့ခွင်ဒေသ ဤလောကဝယ်ပြင်ပသဏ္ဌာန် သူတော်ဟန်ဖြင့်အကြံညစ်စုတ် စိတ်ထားပုပ်သည့်လူယုတ်လူပွေ ပေါလှချေ၏။🐈ဆိုထွေစကား သကာပျားသို့တရားစပ်ဖွယ် နာပျော်ဖွယ်ဖြင့်ရှေ့ဝယ်သူမြတ် ကျင့်ဆောင်တတ်၍လွန်လတ်သောခါ မျက်ကွယ်ရာတွင်ယုတ်မာသမှု ကျင့်ကြံပြ… Read More
  • ရဲရဲပြန်ကြည့် စမ်းပါ         မနက်က ကိုစိုးလာတော့ သူ့တူပါ ပါလာတယ် ။ လက်ဖက်ရည်သောက်ပြီတော့ ရေနွေးကြမ်းသောက်တာ ကြည့်ပြီးတာ နဲ့ ဒီကောက်လေး ဆေးသမားမှန်း ကျနော်သိလိုက်ပါပြီ ။      မသိသေးတဲ့ မိဘတွေအတွက် ဗဟုသ… Read More
  • အကုသိုလ်တို့ သိကြဖို့...စျေးကုန်းဆရာတော်ဒေါက်တာ ဘဒ်ဒန်တက၀ိသာရ နဲ့ ဆရာတော် ဦးတေဇောဘာသ တို့ဟာ တကယ်တော့ဒေါ်စုကြည်တို့  ဦးဝင်းမြင့်တို့ရဲ့ ကိုးကွယ်ရာ ဆရာတော် ဖြစ်ပါတယ် ။ ......သူတို့ အဖမ်းခံရတော့ ဆရာတော်ကြီးက ပြန်လွှတ်ပေးဖို့ မေတ္တရပ်ခံပါ… Read More
  • အဖြူထည် လူငယ်များအတွက် ၈၈ & ၂၁ ဂျင်းဆိပ်ဖြေဆေး (22) .......ဒီပြဿနာကလည်း ဦးသိန်းစိန် ပြုတ်ကျရေးအတွက် အရေးပါတဲ့ အဓိကရုဏ်းဖြစ်လို့ ကျနော် မှတ်မိသလောက် အသေးစိတ် ရေးပြချင်ပါတယ် ။        ကျောင်းသားသမဂ္ဂကနေ ဦးသိန်းစိန် အစိုးရဆီကို ရာဇသံပို့တယ် ဗျ ။ သူတို့ … Read More