ကျုပ်တို့က ဗုဒ္ဓဘာသာတွေလေ ဗလီတွေအများကြီး ဆောက်ပေးချင်နေတဲ့ အစိုးရမျိုးကို အာသာငမ်းငမ်းတက် လိုချင်နေရမှာတဲ့လား?
သူငယ်ချင်းတစ်ပါးက
ပြောဖူးတယ် ဒေါ်စုနဲ့ NLD ဘာသာရေးကို အလေးမထားတာ တခုတော့ ကောင်းသွားတယ်တဲ့။ မဟုတ်ရင် သူ့အတွက်သံဃာတွေ သေပေးရအုံးမှာတဲ့။ သိပ်မှန်တာပေါ့ အဲ့စကား နိုင်ငံရေးသမားတွေ လိုချင်တာကစစ်တပ်က ဘုန်းကြီးတွေပါ ပစ်သတ်နေပီဆိုတဲ့ attention မျိုးလိုချင်ကြတာ။ ဒါပေမယ့်ဒေါ်စုကို ဘုရားလိုကိုးကွယ်တဲ့ ဘုန်းကြီးအနည်းစုကလွဲရင် တကယ့်သံဃာထုရဲ့ အင်အားကိုတော့ ခင်ဗျားတို့တွေလမ်းပေါ်မှာ တွေ့ရမှာမဟုတ်ပါဘူး နားလည် သွားကြပီလေ။ လိုသလိုအသုံးချတဲ့ နိုင်ငံရေးသမားတွေရဲ့ ယုတ်မာမှုတွေကို။
ဆန္ဒပြမှုတွေ စဖြစ်လာတော့ သံဃာထုမပါလို့ အမျိုးမျိုး စော်ကားဆဲရေးကြတယ်။ ဟိုးတချိန်ကသံဃာထု တရပ်လုံးရာနှုန်းပြည့် နီးပါးဟာဒေါ်စုထိ ဓားကြည့်ဆိုတဲ့ ကိုယ်တော်တွေက ဒီကနေ့မှာ ဘာလို့မရပ်တည် ပေးကြတော့လဲ ဆိုတဲ့အဖြေကို ဘယ်သူမှ မစဉ်းစားကြဘူး။ ညံ့ဖျင်းလွန်းတဲ့ ကိုယ့်သားသမီးရဲ့အရည်အချင်းကို မမြင်ပဲ စာမတတ်လို့ဆရာကို ရန်လုပ်တဲ့ ကျောင်းသားမိဘနဲ့ တူနေတယ်။
ဒေါ်စုဦးဆောင်တဲ့ NLD အစိုးရအနေနဲ့ အမျိုးသားရေးကို မျက်ကွယ်မပြု ဘာသာရေးကို အလေးထားခဲ့မယ်ဆိုရင် ဘယ်သူမှခေါ်စရာမလိုဘဲ လမ်းပေါ်တက်ကြမယ့် ကိုယ်တော်တွေချည်းပါဘဲ။ သမိုင်းကြောင်းကို ပြန်ကြည့်ရင်လည်း ရဟန်းရှင်လူပြည်သူတွေအတွက် ဒေါ်စုအနေနဲ့ သက်စွန့်ဆံဖျား ကြိုးစားပေးခဲ့ဖူးတာ မရှိပေမယ့် ဒေါ်စုအတွက်ပဲ ရဟန်းရှင်လူပြည်သူတို့မှာ အသက်ပေးခဲ့ရတာလားဆိုတာ ပြန်တွေးမိရင်သူတို့ရဲ့ ကျေးဇူး တိုင်းပြည်အပေါ်မှာ မူးလို့တောင် ရှူစရာမရှိပါလားလို့ တွေးရင်း ................
ဦးကဝိသာရ ဟင်္သာတ
Aug.28.2021