Sunday, September 5, 2021

ဘာပဲပြောပြောဒီလိုဆရာမမျိုးတော့နှမျောမိတယ် သင်ခဏ်းစာယူတတ်စေဖို့...


ပညာရေးဌာနက နိုင်ငံတော်အပေါ် သစ္စာရှိစွာနဲ့ တာဝန်ထမ်းဆောင်ကြတဲ့ NON CDM တွေ ကို တဆင့်မြင့်ရာထူးတွေတိုးပေးတဲ့သတင်းတွေ့လိုက်ရတော့ဝင်ဖတ်ကြည့်တာ အဲ့အောက်မှာ CDM တွေ.အကြမ်းဖက်တာနီဘန်အားပေးတွေ မချိတင်ကဲနဲ့ မန့်နေတာတွေတွေ့ရတော့.ဒီဆရာမကြီး မျက်စိထဲ သွားပြေးမြင်မိတယ်.

သူက ပဲခူး အထက ၃ က ဆရာမတစ်ဦး.ပေါ့.

ကိုယ်တွေက လည်းပဲခူး ဇာတိ.ပြီးတော့ သူ သင်ကြားပေးတဲ့ကျောင်းက လည်း ကိုယ်တွေ နေခဲ့တဲ့ကျောင်းဆိုတော့ .အမှတ်တရလေးရှိနေတာ..

ပဲခူး မှာ အထက .၃. ဆိုတာအမည်တစ်လုံးနဲ့နေတဲ့ကျောင်း.နေရှင်နယ် ကျောင်းလို့လည်း ခေါ်ကြတယ်.
ပဲခူးရဲ့မြို့လည် မှာရှိပြီး ငွေကြေးပြည့်စုံတဲ့အသိုင်းအဝိုင်း က သားသမီးတွေ အများစု နေကြတဲ့ကျောင်း.
ပဲခူးက အချောအလှ တွေ များလို့ အခြားကျောင်းတွေ က မောင်တွေ ကျောင်းလွတ်ချိန်ဆို လာရောက်ပိုးပန်းကြနဲ့ လူငယ်သဘာဝ ပျော်စရာ ရင်ခုံစရာလေးတွေနဲ့ ပြည့်နေတဲ့ကျောင်း..
ပဲခူးမှာအောင်ချက်အကောင်းဆုံးနဲ့ စည်းကမ်းအရာ. သင်ကြားမှုအရာမှာ.ထိပ်ဆုံးက ရှိနေတဲ့ကျောင်း..
အာစရိယပူဇော်ပွဲတွေ.နေရှင်နယ်ဒေး.အစရှိတဲ့နေ့တွေမှာ ဘယ်ကျောင်းမှ မပြုလုပ်နိုင်တဲ့ ပျော်ပွဲရွှင်ပွဲ ဇာတ်.အစရှိတာတွေနဲ့စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်တဲ့ကျောင်း.(ဒါက အကျဉ်းရေးတာ)

အဲ့လိုကျောင်းမှာသဘောကောင်းသူ.အသင်အပြကောင်းသူကြီးတစ်ဦးလို့ အမည်ကောင်းရှိခဲ့တဲ့ ဆရာမတစ်ဦးဟာ.
ပြီးခဲ့ တဲ့ ဒေါ်စု ဦးဆောင်တဲ့ NLD ရဲ့ မဲမသမာမှုပြုလုပ်ပြီးနိုင်ငံတော်အာဏာကိုမသမာတဲ့နည်းနဲ့အတင်းအဓမ္မ ရယူဖို့ကြိုးစားတဲ့ ဖြစ်စဉ်မှာ တပ်မတော်က တည်ဆဲဥပဒေအရဥပဒေနှင့်အညီ နိုင်ငံတော်အာဏာကို ဝင်ရောက်ထိမ်းသိမ်းတော့. CDM ဝင်လုပ် လမ်းလွဲလိုက်ခဲ့ကြတယ်ပေါ့..

လိုင်းပေါ်က ဘယ်ဂျောင်က ဂလေကချေ တွေ ပညာမဲ့တွေ ရေးနေ.ဖွနေမှန်းမသိတဲ့ မစားရဝခမန်း သွေးထိုးလှုံဆော်မှုတွေကို အခြားသူတွေလိုပဲနားယောင်ပြီး ပညာမဲ့တွေ က မြှောက်ပင့်ပေးတာကို ပညာတတ်တစ်ယောက်ဖြစ်ပါလျက်နဲ့ မဆင်ခြင်ပဲ လုပ်ခဲ့တော့ သန့်စင်မွန်မြတ်လှတဲ့ ဆရာမ အလုပ်ကို စွန့်ခွာရပြီး ယနေ့ လမ်းဘေး ဟင်းရွက်ကစွန်းအော်ရောင်းပြီး ဘဝကိုပင်ပန်းဆင်းရဲစွာ ရပ်တည်ရုန်းကန်နေရတဲ့ ဘဝရောက်သွားပြီ..

ဘယ်အလုပ်ကမှလည်းလက်မခံရဲ.အစိုးရအလုပ်မှန်သမျှလည်း ဝင်လုပ်လို့မရ. တော့ပဲ တချိန်က ထောက်ပံ့ပါမယ်.တာဝန်ယူပါတယ်.ဒိုဆရာမကြီး လေးစားပါတယ်.စသည်ဖြင့် မုသားပြည့် မှိုင်းလုံးတွေနဲ့ မြှောက်ပင့်သွေးဆောင်ပြီး ပြောခဲ့ကြတဲ့အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ် .ခေါင်းဆောင်ပိုင်းဆိုသူတွေ ယုတ်စွအဆုံး လေပေါ်ကနေ ပြည်ထောင်စုမိခင်ပမာ ရေးပြီး ဘေးတီးပေးကြတဲ့ အောက်တန်းစားအုပ်တွေ.
အားလုံး.သူ့ကိုမေ့ကုန်ပြီ.မသိခြင်ယောင်ဆောင်ကုန်ပြီ.လျစ်လျုရှုကုန်ပြီ.

မရိုစင်းတဲ့နိုင်ငံရေးကစားကွက်ထဲမှာလူပုဂ္ဂိုလ် လေးစားမှုကို အခွင့်ရေးယူ အသုံးချသွားတာခံလိုက်ရတဲ့ များစွာသော CDM လမ်းမှားလိုက်ခဲ့ကြလို့ဘဝပျက် အလှပျက် ပကာသန ပျက်သွားကြတဲ့အသုံးချခံဘဝတွေထဲက တစ်ယောက်ကြောင်းကိုရေးရင်း သင်ခဏ်းစာယူတတ်စေဖို့ ပါ..

https://www.facebook.com/1030298590384347/posts/4487873707960134/

👁pmk.