Sunday, September 5, 2021

ဘေးလွတ်ရာအရိပ်ကြီးမှာ စိတ်ပုတီးကြီးနဲ့ ဘုရားတကာကြီးရေ


အောက်ခြေမှာတော့ အပြစ်မဲ့ပြည်သူတွေဟာ နေ့စဥ်နဲ့အမျှ ခေါင်းဖြတ်ပြီး ရက်ရက်စက်စက်အသတ်ခံနေရတဲ့အချိန်မှာ အပြစ်ကျူးလွန်သူ အယုတ်တမာအမိုက်တုံးတွေကို
ကိစ္စတုံးမစီရင်ပဲ အရှင်ဖမ်းအရေးယူစနစ်မျိုးနဲ့ အချစ်တွေတိုးလာအောင် မေတ္တာကရုဏာရှင်ကြီးလုပ်ပြနေတာလား ။

ကြောက်ရွံ့မှု စိုးရိမ်ထိတ်လန့်မှု မလုံခြုံမှုတွေနဲ့ ရှင်သန်ရတဲ့ဒီကာလမှာ စိတ်ပျက်စရာတွေနဲ့ သိပ်ကိုရှက်စရာကောင်းခဲ့ပါပြီ ။
တပ်မတော်ကို လေးစားယုံကြည်လို့ ထောက်ခံအားပေးသူတွေဟာ ဒလန်ဆိုပြီး အသတ်ခံနေရသော်လည်း တပ်မတော်ကို အမုန်းကြီးမုန်းပြီး ပုန်ကန်တော်လှန်နေသူတွေကတော့ အပြစ်က လွတ်ငြိမ်းလို့  ဇွတ်အဖွဲ့တွေနဲ့တူ အောင်ပွဲတွေခံ အောင်ပန်းတွေပန်ကာ အောင်လံတွေလွင့်ထူနေတာ ဘုရားဒကာကြီးသိပါလေစ ။

ကာလကာလ အခါသမယမှာ ဓမ္မတွေကွယ်ပျောက်ပြီး အဓမ္မဇွတ်အဖွဲ့တွေက ခင်ဗျာတို့အသွေးအသားတွေကို အရေးထားလုပ်ကြံတော့မှ အပြေးအလွှားနာလုံးပေါက်ကာ
သတ်စေအမိန့်နဲ့ ဗဟိုအချုပ်တွေအဟုတ်ရယ်တကယ် ချေမှုန်းတော့မှာလား ။

အို ဘုရားဒကာ အမုန်းကြီးမုန်းသူထံမှ အပြုံးကြီးပြုံး၍ နည်းနည်းလေးမျှပင် ပြန်ချစ်လာဖို့ ဘယ်သောအခါမှ မမျှော်လင့်ပါနဲ့လို့ အခါမလင့်ခင် သတိပေးပါရစေ ။

ရှေးတုန်းကပေါ့ 
မဟာကရုဏာရှင် ဘုရားသခင်ကိုယ်တော်မြတ်ပင်လျှင် ဘဝပေါင်းများ ချစ်ခြင်းမေတ္တာတွေကို ပေးအပ်ခဲ့ပါသော်လည်း ဒေဝဒတ်အမိုက်တုန်းက ဘုရားပေါ်ကို နည်းနည်းလေမျှပင် ပြန်၍မချစ်ခဲ့ပါဘူး ။ မျောက်မင်းဘဝမှာ ချစ်ခြင်းကဒီလိုပါလို့ သက်သေပြခဲ့သော်လည်း ရက်စက်သူငမိုက်သားက ခါးကျိုးအောင်နိပ်စက်ခဲ့တာ အားမရပါဘူးတဲ့ဗျာ  ဘယ်လောက်ထိ မုန်းသလဲဆိုလျှင် အဖေဖြစ်သူဒေဝဒတ်ဟာ သားဖြစ်သူ ဘုရားလောင်းကို ဓားထက်ထက်နဲ့ အပိုင်းပိုင်းအတစ်တစ် ရက်ရက်စက်စက် ခုတ်သတ်ခဲ့ဘူးပါတယ် ဘုရားဒကာ ။ ဤမျှလောက် ရက်စက်ယုတ်မာသူအပေါ်ကို အပြစ်ရယ်မယူ သနားတော်မူ၍ တရားရေအေး တိုက်ကျွေးခဲ့ပါသော်လည်း ငမိုက်သားဒေဝဒတ်ဆီက အချစ်ကိုပြန်မရ အသက်ကိုရန်ရှာလို့ ခက်ဖွယ်ရယ် ကြုံရပြန်တယ်မဟုတ်လား ။

မဟာကရုဏာရှင်ဘုရားသခင်ကိုယ်တော်မြတ်ပင်လျှင် အမုန်းသမားဆီက အချစ်ကိုပြန်မရခဲ့ပါလျှင် တပ်မတော်အစိုးရကို မုန်းတီးနေသူ နီပိန်းတသိုက်ထံမှ မေတ္တာမှန်အချစ်တွေကို ဘယ်သောအခါမှ ပြန်မရနိုင်ဘူးဆိုတာ နောင်ဘဝထိ မှတ်သွားစေချင်သည် ။

အိုဘယ့်ဘုရားတကာရေ

ဟိုအတိတ်ဆီက ဇာတ်လမ်းရယ်ပမာဆင်လို့ တကယ်တမ်းဖြစ်ဖူးခဲ့တာကို ပြန်ပြောင်းကာပြောပြချင်ပါတယ် ။ ဝေဿန္တရာဆိုသောဘုရင်ကြီးဟာ သောတပန်အမှန်တည်လို့  အရိယာသူတော်စင်ကြီးဖြစ်နေသော်လည်း တိုင်းနိုင်ငံအတွင်းမှာ သူပုန်ထကြွရက်စက်ကာပြနေတဲ့ အယုတ်တမာလူသတ်သမားတွေကို ချေမှုန်းသုတ်သင်ဖို့ အဟုတ်မှတ်စရာအမိန့်တခုကို ထုတ်ပြန်ခဲ့ပါတယ် ။

 " ငါ၏လက်ရုံး သူရဲကောင်းစစ်သည်တော်အပေါင်းတို့ အမောင်တို့သွားကြချေ ပြည်သူတွေအပေါ် အနိုင်ကျင့်ရက်စက်ယုတ်မာ သတ်ဖြတ်နေသူ သူပုန်အပေါင်းကို ဖယ်ရှားကြ ရှင်းလင်းကြ သုတ်သင်ချေမှုန်းကြ ပြီးနောက် မြို့ရွာဇနပုပ်တွေကို အဟုတ်တကယ် စည်ပင်တိုးပွားအောင် ဆောင်ရွက်ကြ " လို့ပြတ်ပြတ်သားသား မိန့်တော်မူပါသတဲ့ဗျာ ။

အိုဘုရားဒကာ မီးရှို့ ဗုံးခွဲ လူတွေသတ်ခြင်းဟူသော မည်သည့်အကြမ်းဖက်ကိုမှ မပြုလုပ်သော ဘိန်းစားတွေကို တွေ့ရာသင်းချိုင်းဓားမဆိုင်းပဲ သတ်စေအမိန့်ထုတ်ခဲ့တဲ့ သမ္မတဒူတာတေးကို နမူနားပေးချင်ပါ၏ ။ မိမိကိုရန်သူလို့သတ်မှတ်သူကို မိမိကပြည်သူလို့ သတ်မှတ်လျှင် မြွေပွေးကိုနို့တိုက်သလို စို့သောက်သမျှအဆိပ်ဖြစ်ပြီး ငယ်ထိပ်ကိုတက်ကာတီးမှ ကိစ္စရယ်ပြီးလို့ အသေဆိုးနဲ့သေရပါလိမ့်မည် ။

အိုဘုရားဒကာ 
အထက်ပါစာများကို ဖတ်ပြီးသော် ငါသည် မဟာကရုဏာတော်ရှင် သဗ္ဗညုဘုရားပေလော သို့တည်းမဟုတ် မဂ်ဆိုက်ဖိုလ်ဝင် ရဟန္တာအရှင်မြတ်လေလော သို့တည်းမဟုတ် သောတာပန်အရိယာလေလော သို့တည်းမဟုတ် လူသာမန်ပုထုဇဉ်လေလော သို့တည်းမဟုတ် ရောမမြို့တော်ကြီး မီးဟုန်းဟုန်းလောင်နေတာကို တယောထိုးရင်း စိမ်ပြေနပြေမိန့်မိန့်ကြီး ထိုင်ကြည့်နေတဲ့ နီဂရိုးဘုရင်ကြီးလေလော သို့တည်းမဟုတ် လူအသတ်တွေစတေးပြီး စိတ်ပတီးကြီးနဲ့ ရိပ်ကြီးခိုအယောင်ဆောင်၍ လူမိုက်တွေထောင်ထောင်ဖြစ်ကာ ကြောင်တောင်တောင်နှစ်ကျပ်ကွက်တွေနဲ့ အသက်ကိုတန်ဖိုးမထား ရက်စက်သူအပြစ်သားတွေကို အချစ်စကားဆိုကာ မေတ္တာတွေစီဖြန်းလို့ ကမ္မဠာန်းဝင်နေသလား ဆိုသည်ကို အမောင်ဘုရားတကာကြီး စဥ်းစားသုံးသပ်တော်မူပါလော့ ။

လေးစားစွာဖြင့်
စျာကဝိ