Monday, September 6, 2021

လူသက်သေတွေက မေးလာလျှင်


၁ ။ ဒေါ်စု ( အာဏာမရမီကာလ နှင့် အာဏာရပြီးကာတွေမှာ
နိုင်ငံခြားခရီးစဉ်များတွင် နိုင်ငံတကာခေါင်းဆောင်များနှင့်
လျို့ဝှက်တွေ့ဆုံ၍ အပေးအယူ ကတိကဝတ်ကိစ္စများကို ဖော်ထုတ်ခြင်း )

( အင်းယားကန်ကို ဖြတ်ကူး၍
ဒေါ်စုအိမ်သို့တိတ်တဆိတ်ဝင်ရောက်ခဲ့သောမစ္စတာရက်တောကိစ္စ
အပါအဝင် အာဏာမထိန်းမီရက်ပိုင်းအလိုမှာ
ဒေါ်စုက သူ၏လက်ကိုင်ဖုန်းကို ဖျက်စီးမှု အမေရိကန်မှပြန်လာချိန်တွင် လေဆိပ်ကို အမှောင်ချမှု )

၂ ။ နိုင်ငံတော် သမ္မတဟောင်း ဦးထင်ကျော်အား
ရာထူးမှ အနားပေးခြင်းနှင့် ဦးဝင်းမြင့်ကို သမ္မတဖြင့်ခန့်အပ်ခြင်းနောက်ကွယ်က အကြောင်းတရားကို 
ဖော်ထုတ်ဖို့ ဦးထင်ကျော်နှင့်ဇနီးတို့ကို စစ်ဆေးဖော်ထုတ်ခြင်း 

၃ ။ သမ္မတဟောင်း ဦးဝင်းမြင့်၏ဇနီးနှင့်သမီးတို့
ဘန်ကောက်ဆေးရုံတွင် ဆေးကုသမှုခံယူရန် သိန်းပေါင်းနှစ်သောင်း အပေါင်တင်ခြင်းကိစ္စနှင့် လာဒ်ပေးလာဒ်ယူမှုများ 

၄ ။ ဦးဝင်းထိန် ဦးအောင်ကြည် ဦးမျိုးညွန့် နှင့် Nld CEC အပါအဝင် ဖမ်းစီးရမိထားသော အတွင်းစည်းမှပုဂ္ဂိုလ်များ၏ အမေရိကန် အပါအဝင် OIC နိုင်ငံများနှင့် လျှိုဝှက်ဆောင်ရွက်ခဲ့မှုများနှင့်
ဝန်ခံထွက်ဆိုချက်များကို ရုပ်သံဖိုင်များဖြင့် ထုတ်ဖော်ပြသခြင်း 

၅ ။ ဒေါ်စု၏ အနီးကပ်ပုဂ္ဂိုလ်များဖြစ်သော ဒေါက်တာတင်မာအောင် နိုင်ငံတော် သမ္မရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးနှင့် ကိုယ်ရံတော်ချယ်ရီထက်တို့၏ ထုတ်ဖော်ပြောကြားမှု ရုပ်သံများကို ထုတ်လွှင်ပြသခြင်း

၆ ။ ဦးဇော်ဇော် ဦးအောင် ( အောင်သမာဓိ) ဦးဌေးအောင် အပါအဝင် ဒေါ်စုနှင့် NLD ၏ အနီးကပ်စီးပွားရေးလုပ်ငန်းရှင်များနှင့် ( ဒေါ်စုနေအိမ် ခြံတံခါးအစုတ်ကြီးကို သိန်းထောင်ချီပေး၍ ဝယ်ခဲ့သော လုပ်ငန်းရှင်များ ဒေါ်စု၏သိုးမွှေးအိင်္ကျီကို သိန်းရာချီပေး၍ ဝယ်ခဲ့သူများ ဒေါ်စု၏ ကဗျာကို သိန်းရာချီပေး၍ ဝယ်ခဲ့သူများ ) 
လူမင်း ၊ လင်းလင်း အစရှိသောဖမ်းစီးရမိထားသည့် အနုပညာရှင်များ၏ ဝန်ခံထွက်ဆိုချက်များကို ရုပ်မြင်သံကြားကနေ ဖော်ထုတ်ပြသခြင်း

အထက်ဖော်ပြပါ 
လူသက်သေများအားလုံးကို စစ်ကြောရေးထည့်ပြီး စစ်ဆေးလျှင် ၎င်းတို့၏ ယုတ်မာကောက်ကျစ်မှုများကို ဖော်ထုတ်နိုင်ပြီးလျှင် ပြည်သူတစ်ရပ်လုံးနှင့် နိုင်ငံတကာသိအောင်လည်း 
ချပြနိုင်မှာဖြစ်ပါသည် ။ 
( တောင်ကိုရီးယားသမ္မတ ဟောင်း၏ လာဒ်ပေးလာဒ်ယူမှု ဖော်ထုတ်ပုံနှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း၏ လာဒ်ပေးလဒ်ာယူမှု ဖော်ထုတ်ပုံကို နမူယူ၍ )

ဖော်ပြခဲ့ပြီးသော အကြောင်းအရာများကို စံနစ်တကျဖော်ထုတ်၍ ပြည်သူလူထုနှင့် နိုင်ငံတကာသိအောင် ချပြနိုင်မှု မရှိခဲ့ပါလျှင် အာဏာထိန်းခဲ့သော တပ်မတော်ကို မုန်းတီးမှုနှင့်
အိမ်စောင့်အစိုးရ၏ အစိုးရတစ်ရပ်လုံးကို မုန်းတီးမှုတွေဟာ ပပျောက်သွားမည်မဟုတ်ပါကြောင်း အသိပေးအပ်ပါသည် ။ 

ဖော်ပြခဲ့ပြီးသော အကြောင်းအရာများကို စံနစ်တကျ ဖော်ထုတ်ချပြနိုင်ခဲ့မည်ဆိုလျှင် _
NLD သမိုင်းကို မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်မှ၎င်း ..
မြန်မာ့နိုင်ငံရေးသမိုင်းတွင်၎င်း .. 
နိုင်ငံတော် သစ္စာဖောက်သူများ ( ဦးစောကဲသို့ ) အဖြစ် ..
အပြီးတိုင်သတ်နိုင်မည်ဖြစ်ပါကြောင်း အသိပေးကာ အကြံပြုလိုက်ရပါသည် ။

#Credit