"လူတို့၏ လိုအင်ဆန္ဒများသည် လိုအပ်ချက်ထက်မက သာလွန်များပြားစွာ အတောမသတ်နိုင်အောင် ရှိကြသည် ''
ဘောဂဗေဒ သင်ခန်းစာထဲက လူ့သဘော လူ့မနေ ဖော်ကျူးထားတဲ့ စာပုဒ်လေးပါ ။ ကျနော်တို့ ပြန်ရှင်းပြပြီဆိုရင်.....
လိုအပ်ချက်သည် ဗိုက်ဆာပြီ ဆိုပါစို့ ။ ထမင်း စားမယ် ၊ ခေါက်ဆွဲစားမယ် ၊ မုန့်ပဲသရေစာ စားမယ် OK ။ ဒါက လိုအပ်ချက် ။
ထမင်းကို ပေါ်ဆန်းမွှေးနဲ့မှ ဟင်းကို ပုဇွန်ထုပ် နဲ့ မှ ဆိုတဲ့ ဆန္ဒ ၊ တဖန် ပေါ်ဆန်းမွှေးထမင်းကို မာမာကော့ကော့လေး မှ ၊ ပေါင်းအိုးနဲ့ချက်မှ ၊ ထမင်းရေငှဲ့ချက်မှ ၊ ပျော့နွဲ့နွဲ့လေး မှ (စောက်ဂျီးများလာပြီ) ၊ ပုဇွန်ထုပ်ကို ဟင်းအနှစ်နဲ့မှ ၊ ကင်ပေးမှ ၊ အစိမ်းသုတ်မှ ၊ အချိုမှ ချဥ်ငံစပ်မှ အစရှိသဖြင့် အတော်မသပ်နိုင်တဲ့ လိုအင်ဆန္ဒတွေ အကြောင်း နမူနာ ပြပြီး သင်ကြားပေးရလေ့ ရှိပါတယ် ။
လူများလာလေ လိုအင်ဆန္ဒတွေ များပြားလာလေပါပဲ ။ လွတ်လပ်ပြီးစ မြန်မာနိုင်ငံမှာ လူဦးရေ သန်း ၃၀ ဆိုပါစို့ ၊ လူတယောက် ဆန္ဒတမျိုးရှိရင် ဆန္ဒပေါင်း သန်း ၃၀ ပေါ့ ။ ယခု လူဦးရေ ၅၄ သန်းဆိုရင် ဆန္ဒပေါင်း ၅၄ သန်းဖြစ်လာပါပြီ ။
ဒီမိုကရေစီဆိုတာ လွတ်လပ်ခွင့် နဲ့ လူတို့ရဲ့ ဆန္ဒတွေကို ကွဲပြားစွာ ထုတ်ဖော်ခွင့် ၊ ကိုယ်ကြိုက်တာကို အများအား မထိခိုက်စေပဲ ပြုမူဆောင်ရွက်ခွင့် အစရှိသဖြင့် အဓိပ္ပါယ်ပေါင်း များစွာ နဲ့ ဖော်ညွှန်းကြပါတယ် ။
ယနေ့ မြန်မာပြည်မှာ ဒီကရေစီကို ဗန်းပြပြီး ပြဿနာပေါင်းစုံ တက်နေရတာ အားလုံး အမြင်ပါပဲ ။ လူသားများလာလေ ဆန္ဒများလာလေမို့ လူ့လောဘ သဘာဝအရ ဖြစ်လာမယ့် လိုအင်ဆန္ဒတွေကို ဘယ်လိုမှ ဖြည့်ဆီးပေးဖို့ မဖြစ်နိုင်ပါဘူး ။
ဒီမိုကရေစီ ဆိုတာ ကိုယ်ကြိုက်တာ ကိုယ်လုပ် ၊ ကိုယ်မကြိုက်တာ မလုပ်ဖူး ဆိုတဲ့ ဖြိုးမင်းသိန်းလို ဂေါက်တောက်တောက် အယူအဆလည်း မဟုတ်သေးပါဘူး ။
တကယ်တန်းကျတော့ လူ့ပတ်ဝန်းကျင်မှာ မိမိတိုနဲ့ အသိုင်းအဝိုင်း ရဲ့ ယဥ်ကျေးမှု ဓလေ့ထုံးစံတွေနဲ့ လျှော်ညီတဲ့ စည်းမျည်းတွေ နဲ့ တဦးရဲ့ ဆန္ဒကို တဦးက လေးစားစွာ ဆက်ဆံရင်း မိမိရဲ့ ဆန္ဒကြောင့် အခြားသူ မထိခိုက်အောင် နေထိုင်ပြုမူခြင်းသည်သာ စစ်မှန်တဲ့ ဒီကရေစီ ဖြစ်ရမှာပါ ။
ငါတို့ဆန္ဒ နဲ့ ငါတို့ပဲ ဆိုပြီး လမ်းမပေါ်မှာ သံဝါသ ပြုလို့ ဘယ်ဖြစ်မလဲ ဗျာ ။ ဒိလိုပါပဲ ငါတို့ ဒါကိုကြိုက်တယ် မင်းတို့လည်း ကြိုက်ရမယ် ဆိုပြီး အတင်းအကြိုက် ခြိမ်းခြောက် တိုက်တွန်းနေတာ ဒီမိုကရေစီရဲ့ ဆန့်ကျင်ဖက် ဗျ ။
အဲလို ပြုမူနေပြီး ခေါင်းစဥ်တပ်တော့ ဒီမိုကရေစီ ရရှိရေး တဲ့ ။ ငါ နဲ့ မတူ ငါ့ရန်သူ လုပ်နေတဲ့ အာဏာလက်လွတ် ငှက်တောင်ကျွတ်တွေက အာဏာမရှိပဲတောင် ဆန္ဒမတူတဲ့ အရပ်သား ပြည်သူတွေကို လစ်ရင် လစ်သလို ရက်စက်စွာ သတ်နေကြတယ် ။ ဒီလူတွေ အာဏာရရင် ပိုဆိုပြီပေါ့ ခမာနီ ပိုပေါ့ထက် ရက်စက်စွာ လုပ်ကြမယ့် အဖွဲ့အစည်းဆိုတာ သေချာနေပါတယ် ။
ဒီမိုကရေစီရဲ့ သဘော သဘာဝက ကိုယ်လုပ်ချင်တာ လုပ်ရမယ်ဆိုတာထက် အများနဲ့ လိုက်လျှောညီထွေဖြစ်တဲ့ လုပ်သင့်တဲ့ ကိစ္စကို ဦးစားပေးရမယ် ဆိုတဲ့ အနှစ်သာရ ဖြစ်ပါတယ် ။
ကျနော်တို့ လူမျိုးဟာ စိတ်ခံစားမှု ဦးစားပေးပြီး တကိုယ်ကောင်းစိတ်များလွန်းလှတဲ့ အတွက် ဒီမိုကရေစီ နဲ့ အလှမ်းဝေးပါတယ် ။ ငါ့လူပြောတာ မှန်တယ် ဆိုတဲ့ ဘောင်အပြင်ထွက်ပြီး မတွေးတတ်သေးတဲ့ နလပိန်းတုန်း အုပ်စုတွေ ရှိနေတာ အများအပြားပါပဲ ။
နှစ်ပေါင်းများစွာ သွေးထိုးလာတဲ့ အဖျက်သဘော အမြင်တွေကို နားလည်အောင် ရှင်းပြနေဖို့ထက် ဂုတ်ဆွဲ ဒရွတ်တိုက် ခေါ်သင့် ခေါ်ရပါမယ် ။ အချိန်ကုန်လှပါပြီ ။
ရှေ့မှာ ကောင်းမွန်တဲ့ အရွှေ့ဆီသို့ ရောက်အောင် ချီတက်ဖို့ အတွက် ခရီးဖင့်အောင် ခြေကန်ရုန်းနေသူတွေကို အပြတ်ရှင်းချိန် တန်ပါပြီ ။
လူတို့ရဲ့ဆန္ဒတွေကို ဖြည့်ဆီးပေးနိုင်မှာပဲလို့ ကိုယ့်ကိုကိုယ် ထင်တလုံးနဲ့ ရူးကြောင်ကြောင်တွေးမိပြီဆိုရင် နိဒါန်းက ဒီစာလေးကို သတိပြန်ရလိုက်ပါ ......
" လူတို့၏ လိုအင်ဆန္ဒများသည် လိုအပ်ချက်ထက်မက သာလွန်များပြားစွာ အတောမသတ်နိုင်အောင် ရှိကြသည် ''
လိုအင်ဆန္ဒထက် လိုအပ်ချက်ကို ဖြည့်ဆီးပေးနိုင်ရင်ပဲ အစိုးရကောင်း ဖြစ်ပါပြီ ။ လူညစ် လူယုတ်များအား ပြတ်သားစွာ လက်တွဲဖြုတ်၍ လူကောင်း လူတော်များနဲ့ ခရီးဆက်ရန် အချိန်ကျပါပြီ ။
(တခြားအကောင့်တွေ တင်မရ ဖြစ်နေပါတယ်)
ကိုရွှေမျိုးဝင်း
(လူတိုင်းရဲ့ ဆန္ဒကို လိုက်လျောဖို့ ကြိုးစားရင်း ရာဇမာန် မရှိတော့တဲ့ ဘုရင် နဲ့ မှူးမတ်တို့ရဲ့ အနေအထား....)