ASEAN mindset
Global mindset ဆိုပြီးကွာတယ်၊
မြန်မာက အာဆီယံထဲမှာပါတော့
မြန်မာတွေရဲ့ စီးပွားရေးအပေါ် ရှုမြင်မှု
အဲ့ဒီကတဆင့် ဖြစ်လာတဲ့ စီးပွားသဘောထားက
ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ တသားထဲမကျဘူး၊
Knowing whom ဆိုတဲ့
ဘယ်သူ့ကိုသိရမလဲ ဆိုတဲ့ကိစ္စမှာ
ကမ္ဘာက တော်သူဘယ်သူ့ကိုသုံးရမလဲဆိုတာသိခြင်း
မြန်မာက ဘယ်သူအခွင့်အရေးပေးနိုင်သလဲ
ဆိုတာသိခြင်း ဆိုပြီး.....
အခြေခံ အယူအဆမှာတင် ကွဲပြားသွားတယ်၊
ကမ္ဘာကျော် Coca Cola ရဲ့ CEO က
အိန္ဒိယနွယ်ဖွား အမျိုးသမီး၊
................
စီးပွားရေးကို
အခြေခံအကျဆုံးအုပ်စု ခွဲရင်....
- ကူးသန်းရောင်းဝယ်ရေး ( Trading )
( လူတိုင်းလွယ်လွယ်လုပ်လို့ရတယ် )
- ကုန်ထုတ်လုပ်မှု ( Manufacturing )
( လုပ်ကိုင်နိုင်သူနည်းပါးလာတယ် )
- ဝန်ဆောင်မှု ( Service )
( ဘဏ်လိုငွေကြေးဝန်ဆောင်မှုကနေ
ဟိုတယ်၊ အကြံပေးလုပ်ငန်းနဲ့ ပိုမြင့်
တာတွေပါလာတဲ့အတွက် လူတိုင်းမလုပ်နိုင် )
မြန်မာတွေ ဘယ်စီးပွားရေးကဏ္ဏမှာ
အများဆုံးရှိပါသလဲ ?
ကြည့်တတ်ရင် ညွှန်းကိန်းတွေပါ၊
အများကြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးချလို့ရတယ်၊
အခုလို အကြပ်အတည်းကာလမှာ
အီလစ်တွေ ဘယ်လုပ်ငန်းကို လုပ်ကြမလဲ၊
ဒီနေ့ မိတ်ဆွေတယောက်ကပြောတယ်၊
သူ Consultant လုပ်နေတဲ့ ကုပ္ပဏီကြီးက
Covid ရယ်၊ စီးပွားရေးကျဆင်းမှုဒါဏ်ကို
ခံရတော့မယ်လို့ သုံးသပ်လိုက်တာနဲ့
ဝန်ထမ်း (၂၇၀၀) ထဲက (၂၁၀၀) ကို အလုပ်က
အနားပေးလိုက်ပြီး (၆၀၀) ပဲထားတော့တယ်တဲ့၊
ရာနှုံးနဲ့တွက်ရင် ကြောက်စရာပဲ၊
အတွေ့အကြုံလဲရှိ
စီးပွားသဘောတရားလဲသိသူတွေအနေနဲ့
အလားအလာကို အလွယ်တကူ ခန့်မှန်းနိုင်တယ်၊
..................
အရင် (၅) မှာထဲက
မြန်မာ့စီးပွားရေးဟာ ခြေချင်းဝတ်က
ဖြတ်အရိုက်ခံထားရသလို အတော်ချိနဲ့သွားခဲ့တယ်
လုပ်ငန်းရှင်အတော်များများက ချစ်စိတ်နဲ့
အောင့်အီး ခံနေကြတာ၊ ဘမောင်သိတာပေါ့၊
ကြာတော့ မခံနိုင်ကြတော့ဘူး၊
အနာဂါတ်အလင်းရောင်က မှိန်သထက်မှိန်လာပြီလေ၊
ပိုဆိုးသွားတာက
- Covid
- အစိုးရအပြောင်းအလဲ
- PDF တွေကြောင့် မငြိမ်မသက်မှု
- ဘဏ်ပြဿနာ
2021 က
မြန်မာ့စီးပွားရေးဟာ
အနက်ရှိုင်းဆုံး အမှောင်ထဲ တစစ တိုးဝင်လာခဲ့တယ်၊
We still don't see the end and light.
အဲ့ဒီမှာ
နိုင်ငံရေးအရရော
စီးပွားရေးအရပါ ထိုနှက်လို့လဲရ
အကျိုးအမြတ်လဲ မြိုးမြိုးမြက်မြက်ရပြီး
လွယ်လွယ်ကူကူ ဝင်လို့လွယ်တဲ့
ငွေကြေးနဲ့ ရွှေလုပ်ငန်းကိုဝင်ကြတော့တာပဲ၊
Bank transfer ကိစ္စတွေ
အတော်အလုပ်ဖြစ်သွားကြတယ်၊
ရွှေ၊ ငွေကိစ္စက သွယ်ဝိုက်ပြီး
အစိုးရကို အားနည်းသွားစေတယ်၊
( ဒိထက်ပိုတွေးပါ )
ရွှေနဲ့ ငွေဈေးကွက်ထဲ Intervention
ဝင်လုပ်လိုက်ရော....
( အရှည်လုပ်လို့မရသေးပါ )
စီးပွားကဏ္ဏမှာ Diversion ကလဲ လုပ်မရသေးတော့
နောက်တခါ အလှည့်ကျတာကတော့
အိမ်ခြံမြေ ဈေးကွက်ပဲဖြစ်လာပါတော့မယ်၊
မြန်မာတွေအတွက်
Business mentality အရရော
ပေးထားချက်အခြေအနေအရရောက
သိပ်ကျဉ်းမြောင်းနေတယ်၊
ရွှေ၊ ငွေ၊ အိမ်ခြံမြေဟာ
အလှည့်ကျ ဆွဲဆောင်မှုရှိတဲ့
လွယ်လွယ်ကူကူ လုပ်လို့ရတဲ့ အလုပ်မျိုးကိုး၊
#BaMaung.