MHT News (Sep- 10)
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် မြောက်ပိုင်းက သာလင်းရွာနဲ့ မြင်သား ရွာအနီးမှာ စက်တင်ဘာ ၉ ရက် ညနေပိုင်းက ကင်းလှည့်လာတဲ့ စစ်သားတွေကို NLD အကြမ်းဖက်အဖွဲ့တွေက သေနတ်နဲ့ဝိုင်းပစ်ခတ်ခဲ့တဲ့အတွက် အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်ကြောင့် NLD အစွန်းရောက် အကြမ်းဖက်သမားအလောင်း ၁၆ လောင်းနဲ့ လက်လုပ်စိန်ပြောင်း ၈ လက် ၊ တစ်ထောင့်ထိုး ခါးချိုးသေနတ် ၂ လက် ၊ တူမီးသေနတ် ၁၀ လက် ၊ လက်လုပ်သေနတ် ၁ လက် ၊ လေသနတ် ၁ လက်အပြင် တစ်ထောင့်ထိုးကျည်ဆံ ၈၃ တောင့်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းရရှိပါတယ်။
20210910:Thuya
#MHTnews