" အ "လွန်းတဲ့သူတွေ ..
တဖက် " စွန်း " ကို ရောက်ရောက်သွားတတ်ကြလို့
" အစွန်းရောက် " လို့ ခေါ်တယ် ထင်ပါတယ် ..
" အစွန်းရောက် " ရင် လမ်းပျောက်သွားတတ်တယ် ..
" လမ်းမှန် " လျှောက်နိုင်ကြပါစေလို့ပဲ လေးနက်စွာ ဆန္ဒပြုပါတယ် ..
အနုပညာရှင်အချို့ တောထဲရောက်ပြီး
ထမင်းချက် စားဖိုမှူးလုပ်နေရတဲ့ သတင်းတွေ ....
ဖခင်သေဆုံးတာကို လိုက်မပို့နိုင်တဲ့ အကြောင်းတွေ .....
ထွက်ပြေးနေရချိန်
အပ်ထားတဲ့ပစ္စည်းတွေ ပြန်မပေးလို့ ပေါက်ကွဲနေကြသူတွေ ....
တောထဲမှာ ပင်ပန်းဆင်းရဲစွာ
နေထိုင် စားသောက်နေရတဲ့ ညည်းသံတွေ ....
တချို့အမျိုးသမီးငယ်လေးတွေ
သွေးအလိုဆန္ဒတွေအတွက် အကြမ်းဖက်ခံရတာတွေ ....
Online စာမျက်နှာဖြစ်တဲ့
Fb ပေါ်မှာ တွေ့တွေ့နေရတာ ..
စိတ်မကောင်းဖြစ်ပေးရုံကလွဲပြီး ဘာမှမတတ်နိုင်ခဲ့ပါဘူး ‼️
ကိုယ့်ဦးနှောက်နဲ့ကိုယ် ဆုံးဖြတ်ပြီး
ကိုယ်ရွေးတဲ့လမ်းပေါ်မှာ ကိုယ့်ယုံကြည်မှု့နဲ့
ကိုယ်တိုင်ကိုယ်ကျ လျှောက်ခဲ့ကြတာကိုး .....
ဒါပေမယ့်
အစိုးရတစ်ရပ်ကို မကြိုက်လို့ ဆန့်ကျင် ဆန္ဒပြတာတွေ ..
အစိုးရက အကြမ်းဖက်အဖွဲ့အစည်းလို့ ကြေညာထားတဲ့
အဖွဲ့အစည်းနဲ့ ဆက်သွယ်မှုလုပ်နေတာတွေ..
အကြမ်းဖက်အဖွဲ့အစည်းကို ကူညီထောက်ပံ့နေတာတွေ ..
အကြမ်းဖက်လုပ်ရပ်တွေကို အားပေးအားမြှောက်ပြုပြီး
ထောက်ခံနေတာတွေ...
ဒါမျိုးတွေ မလုပ်ခဲ့ကြရင် ..
တည်ဆဲအစိုးရကို မဆန့်ကျင်ခဲ့ကြရင် ..
တည်ဆဲ ဥပဒေတွေကို လိုက်နာခဲ့ကြရင် ..
တောထဲမှာ ဒုက္ခခံစရာမလိုဘူးပေါ့ ..............
#ဘယ်သူမပြုမိမိမှု့ပါပဲ ‼️
NLD က #မုံရွာအောင်ရှင်စကားနဲ့ပြောရရင် _
" ပုပ်လို့ ကြွေတဲ့ အသီး အတွက် .. အပင်မှာ တာဝန်မရှိဘူး "
ဆိုသလို ..... ။
#Credit