ဒေါ်အောင်ဆန်းစုကြည်တွင်တော့
မေးစရာမေးခွန်းများ များလှနေပါ၏
- အဘယ့်ကြောင့် ဆိုးရော့ (Soros) နှင့် ရင်းနှီးစွာ
ဆက်ဆံခဲ့ရပါသနည်း။
- အဘယ့်ကြောင့် ဗြိသျှသံရုံးမှ ဂျိုးဖစ်ရှာကို နေရာပေးခဲ့
ပါသနည်း။
- အဘယ့်ကြောင့် ရှောင်တာနယ်ကို စီးပွားရေးအကြံပေး
ခန့်ခဲ့ရပါသနည်း။
- အဘယ့်ကြောင့် နိုင်ငံခြားသား ကိုးဆယ်ကျော်တစ်ရာကို
ဌာနစုံအတွင်း အသုံးပြုခဲ့ရပါသနည်း။
- အဘယ့်ကြောင့် ဆိုးရော့ (Soros)၏လူယုံ
ဦးသောင်းထွန်းကို အရေးပါသော ဝန်ကြီးနေရာပေးရသနည်း။
- အဘယ့်ကြောင့် ဆိုးရော့ (Soros)၏ထောက်ပံ့မှုများကို
လက်ခံခဲ့ရပါသနည်း။
- ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ တရားမဝင်ငွေကြေးများ
အဘယ်ကြောင့် လက်ခံရပါသနည်း။
အမှန်စင်စစ် ထိုထက်ပိုများပြားသော မေးခွန်းများရှိနေပါ
သေးသည်။
အထက်ပါမေးခွန်းများလျှင်ပင်
- ဒေါ်အောင်ဆန်းစုကြည်သည်
နိုင်ငံ၏ အကျိုးစီးပွားအတွက် အလုပ် လုပ်နေသလား။
- အခြားအဖွဲ့အစည်းတစ်ခုခုအတွက်
အလုပ် လုပ်နေသည်လားကို ထင်ရှားစေမည်ဖြစ်သည်ဟု
တွေးခေါ်တတ်သူတိုင်း စဉ်းစားနိုင်ကြပါလိမ့်မည်။
မဲဆန္ဒမပေးမီ တပ်မဲရုံများကို ပြင်ပသို့ ထုတ်ခိုင်းခဲ့သည်။
တပ်စာရင်းများကို တောင်းခဲ့သည်။
- ရွေးကောက်ပွဲ သတင်းအချက်အလက်များ ဘယ်ဆီသို့
ရောက်သွားပါသနည်း။
- တပ်တွင်းစာရင်း၊တပ်တည်နေရာများကို
ထိုစာရင်းမှ တစ်ဆင့် ခန့်မှန်းတွက်ချက်နိုင်သည်ကို
သာမန်သူများပင် တစ်ဆင့်တက် စဉ်းစားနိုင်ကြပါသည်။
ဒေါ်စုသည် အစိုးအဖွဲ့ခေါင်းဆောင်ဖြစ်သည်။
- အစိုးအဖွဲ့ခေါင်းဆောင်သည် နိုင်ငံအတွက် အရေးကြီးဆုံး
ပုဂ္ဂိုလ်ဖြစ်ပါသည်။
- နိုင်ငံတော်လုံခြုံရေးနှင့်အကျိုးစီးပွား
မထိခိုက်စေရေးအတွက် တာဝန်အရှိဆုံးသူလည်းဖြစ်ပါသည်။
ယခုသော်ကား ဒေါ်စုသည် တာဝန်ခံမှု တာဝန်ယူမှုများစွာ
လွဲချော်နေကြောင်း လွယ်ကူစွာ ထင်ရှားပါသည်။
ထို့ပြင်-
- အဘယ့်ကြောင့် မဘသ ဆိုင်းဘုတ်များဖြုတ်ချရပါသနည်း
- အဘယ့်ကြောင့် မဘသ ကျောင်းများပိတ်ပင်ရပါသနည်း။
- အဘယ့်ကြောင့် မျိုးချစ်စိတ်အလုပ်မဖြစ်တော့ဘူးဟု
ပြောနိုင်ရပါသနည်း။
- အဘယ့်ကြောင့်ဧည့်စာရင်းဥပဒေကိုပယ်ဖျက်ရပါသနည်း
- အဘယ့်ကြောင့် နောက်ယောင်ခံဥပဒေကို ပယ်ဖျက်ရပါ
သနည်း။
- အဘယ့်ကြောင့် ခိုးဝင်များကို သေချာစွာ မတားဆီးရပါသနည်း။
- အဘယ့်ကြောင့် ဖမ်းမိခိုးဝင်များအပေါ်
အရေးယူဆောင်ရွက်မှုများ ပြည်သူကို အသိမပေးရပါသနည်း။
ထိုမျှလောက်ဆိုလျှင်ပင်ရုပ်လုံးပေါ်လောက်ပြီဟုယူဆပါ၏။
- အဘယ့်ကြောင့် အနောက်တံခါးခြံစည်းရိုးအတွက်
ဘတ်ဂျက်မရှိဟုဆိုကာ Facebook အတွက်သိန်းပေါင်း
(၆၄၀၀)ကျော် သုံးစွဲနိုင်ခဲ့ပါသနည်း။
- အဘယ့်ကြောင့် ARSA အကြမ်းဖက်တိုက်ခိုက်ခံရမှုတွင်
အကြမ်းဖက်ဟု ချက်ခြင်းမသတ်မှတ်နိုင်ရပါသနည်း။
- သဘာဝဘေးအန္တရာယ်ကျရောက်မှုတွင်
တိုင်းရင်းသားတို့၏ ပြန်လည်ထူထောင်ရေးထက်
အခြားဘာသာဝင်တို့၏ ပြန်လည်ထူထောင်ရေးကို
အဘယ့်ကြောင့် ဦးစားပေးခဲ့ရပါသနည်း။
မည်သို့ပင် ငြင်းချက်ထုတ်သည်ဖြစ်စေ.....
များမြောင်လှစွာသော
အဘယ်ကြောင့်ဟူသည့်မေးခွန်းများ၏ အဖြေသည်
သဘောရိုးတိုက်ဆိုင်မှု မဟုတ်နိုင်သည်ကတော့ သေချာလှပါ၏။
အစီအစဉ်တကျဖြစ်လာသော
ရည်ရွယ်ချက်ရှိလာသောကြောင့်သာ
ထိုအဘယ့်ကြောင့် ဟူသော အဖြေများစွာက စနစ်တကျ
ဖြစ်လာခဲ့ရခြင်းသာ ဖြစ်သည်ဟု နောက်ဆုံးအဖြေသာ
ရရှိကြပါလိမ့်မည်။
သို့ဆိုလျှင်......
- ဒေါ်အောင်ဆန်းစုကြည် ဘယ်သူလဲ။
- ဒေါ်စု ဘယ်သူ့အတွက် အလုပ်လုပ်ပေးနေပါသလဲ။
- အဘယ့်ကြောင့် ဒေါ်စုထိုအလုပ်များကို လုပ်နေရပါသလဲ။
#နေဇင်လတ်
(တစ်မွန်းတည့်နိုင်ငံရေးနှင့်ဟောလိဝုဒ်နွေဦးတော်လှန်ရေး
ဇာတ်ညွှန်း စာမျက်နှာ ၇၇-၇၈-၇၉)