ဘောဂဗေဒမှာ
အဓိက အားပြိုင်တဲ့ ဆန့်ကျင်ဖက်အယူအဆ
ခေါင်းကိုင်ဖခင်ကြီး (၂) ဦးရှိတယ်၊
အဒမ်စမစ် နဲ့ ဂျွန်မေနတ်ကိန်း
David Ricardo တို့လဲထင်ရှားကြပါတယ်၊ ထားတော့။
စမစ်က Invisible hand နဲ့နာမယ်ကြီးတယ်
ဈေးကွက်ကို မထိမ်းချုပ်နဲ့၊ ဈေးကွက်ယန္တရားထဲက
မမြင်ရတဲ့လက်က ထိမ်းညှိပေးသွားမယ်ဆိုတဲ့အယူအဆ၊
ကိန်းကစမစ်နဲ့ဆန့်ကျင်ဖက်
လိုအပ်ရင် Intervention ( စွက်ဖက်မှု) ဝင်ပေးရမယ်
ဆိုတဲ့အယူအဆ၊
.................
ဆန့်ကျင်ဖက်အယူအဆဖြစ်လို့
ဒီနေ့အထိ အငြင်းပွားနေဆဲပဲ၊
💥 ဘာကြောင့်အငြင်းပွားရပါသလဲ ?
အဓိက (၂) ချက်ရှိတယ်
(၁) သီအိုရီကိုလက်တွေ့နဲ့မတွဲစပ်နိုင်လို့
(၂) စီးပွားလုပ်ငန်းကြီးကြီးကိုမလုပ်ကိုင်ခဲ့ဘူးလို့
( တာဝန်ကြီးကြီး မယူဘူးလို့ )
ဘယ်အချိန်မျိုးမှာ လွှတ်ထားရမယ်
ဘယ်အချိန်မှာ ဝင်ရောက်စွက်ဖက်ရမယ်ဆိုတဲ့
မသိခြင်းပေါ်မှာမူတည်နေတယ်၊
.................
💥 Intervention ဆိုတာ " ဝင်ရောက်စွက်ဖက်" တာ
မူရင်းအဓိပ္ပါယ်က Negative sense ပါနေလေတော့
အပေါ်ယံကြည့်ရင် နှစ်သက်စရာမရှိဘူး၊
ဥပမာ-
Constructive destruction
အပြုသဘောဆောင် အဖျက်
အဓိကကြည့်ရမှာက adj ပဲ၊
"အပြုသဘောဆောင်" တာကပိုအရေးကြီးတယ်
လူမမာကောင်းစေချင်လို့ ဗိုက်ခွဲရတာမျိုး
သားသမီးလိမ္မာစေချင်လို့ ရိုက်နှက်ဆုံးမ ရတာမျိုး၊
Intervention ကို အယူအဆမမှားစေဖို့က အဓိကပဲ
ရွှေမြန်တွေက တိုတိုတွေးတယ်၊ Logic ကိုမသုံးဘူး
Intervention လုပ်ရမယ်လို့ လက်ခံလိုက်တာနဲ့
နေရာတကာ ပါဝါပြတော့တာပဲ၊ မဟုတ်ဘူး၊
" မူဝါဒပိုင်း" ကပဲ အင်တာဗင်းရှင်းလုပ်ရတာ၊
ပြည်ပမှာ
အခန်း (၄-၅၀၀) ပါ ကွန်ဒိုတွေဆောက်ကြတယ်
ပြဿနာဖြစ်ရင်ထိမ်းသိမ်းနိုင်အောင်လို့
ခရစ်ယန် % ဘယ်လောက်၊ အစ္စလမ် % ဘယ်လောက်
အခြားဘာသာ % ဘယ်လောက် ရှိစေရမယ်ဆိုတဲ့
အင်တာဗင်းရှင်းမျိုး၊ တဦးချင်း ဘယ်သူ့ထား
ဘယ်သူ့မထားနဲ့ဆိုတဲ့အထိ အင်တာဗင်းရှင်းမျိုး
မဟုတ်ဘူး၊
သဘောတရားနဲ့ အကောက်အယူဟာ
မှန်ကန်ရင် ရလဒ်ကောင်းပေးစေသလို
အသုံးချတာမှားရင် ဆိုးကျိုးပြန်ပေးတယ်
ဒါကြောင့်...
မူဝါဒကို အကောင်အထည်ဖေါ်ရာမှာ
သူလုပ်တော့အောင်မြင်ပြီး၊ ငါလုပ်တာ ဘာကြောင့်
မအောင်မြင်ရသလဲဆိုတာ ဖြစ်နေကြတာ၊
ဒါက Intervention အပေါ် အကောက်အယူဆိုင်ရာ၊
..................
ဈေးကွက်တခုဟာ
ပုံမှန်လည်ပါတ်နေရင်...
အခြေခံ Demand n supply ပေါ်အရပဲဆိုရင်
adam smith အယူအဆကို ကွန့်စရာမလိုဘူး၊
2008 မှာ အမေရိကန် Subprime mkt က
စပြိုလာတယ်၊ ဖင်နီ၊ ဖရက်ဒီမဲ ဘဏ်တွေအဓိက၊
အစိုးရက Stimulas package နဲ့ Inject လုပ်ပေးရတယ်
ဒါအင်တာဗင်းရှင်းလုပ်တာပဲ၊
Subprime အကြောင်းတော့မရှင်းတော့ဘူး
ရှည်မှာစိုးလို့၊
..............
ဒီနေ့ခေတ်ကြီးက သိပ်ပြောင်းသွားပြီ
Counter to counter ကနေ
Card to card... အခု
Wallet to wallet ( မြန်မာကိုတော့မရောက်သေး)
Crypto ခေတ်ရောက်ပြီ၊ Blockchain ခေတ်ရောက်ပြီ
Hedge fund တွေ ကစားအားသိပ်ကြီးတယ်
Manipulated demand, manipulated supply ကို
ဖန်တီးနိုင်တယ်၊
အရာရာဟာ...
အသိကြီးသူ၊ အင်အားကြီးသူတွေအတွက်
Manipulable ဖြစ်လာတော့...
သာမန် ရင်းနှီးမြှုပ်နှံသူတွေအတွက် မဆုံးရှုံးရအောင်
ဆိုင်ရာတွေက အင်တာဗင်းရှင်း ဝင်လုပ်ပေးရတယ်၊
NYSE မှာရော Shanghai stock မှာရော
Stock ပိတ်လိုက်ရတာတွေကြားဘူးမှာပေါ့
ဒါ.... အင်တာဗင်းရှင်းပဲ။
တခုပြောစရာရှိတယ်
အင်တာဗင်းရှင်းဟာ
* မှန်ကန်ရိုးသားဖို့လိုတယ်
* ဝင်တတ်ဖို့လိုတယ်
* ဝင်နည်းလိုတယ်။
.................
တမနက်လုံး
နိုင်ငံကြီးတခုက ပရော်ဖက်ဆာ (၇) ဦးနဲ့
(၄) နာရီကြာ နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး
မြန်မာ-အမေရိကန်ဆက်ဆံရေး၊ ရှေ့အလားအလာ
စတာတွေကို vdo နဲ့မေးသမျှဖြေနေရတာကြောင့်
fb မကြည့်လိုက်နိုင်ဘူး၊
ထမင်းလေးစားပြီး fb ကြည့်လိုက်တော့
လား... လား...
ရွှေဈေး (၁၈.၅) သိန်းနဲ့
တဒေါ်လာ (၂၀၀၀) တဲ့
ဒါတောင် မှောင်ခို၊ ချက်ခြင်းမရဘူးလို့
တဦးတင်ထားတာတွေ့လိုက်တယ်၊
သေခြာအောင်လို့ ရုံး ငွေစာရင်းဌာနက
ဝန်ထမ်းကိုမေးခိုင်းလိုက်တော့လဲ... ဟုတ်နေတယ်၊
ညနေက အကြီးစားလုပ်ငန်းရှင်ကလဲ ပြောပြန်တယ်၊
ဘာကြောင့်
ဒီလိုတွေ ဒိလောက်တောင်ဖြစ်သွားရပါသလဲ ?
( ဘာဖြစ်လာမလဲလို့ကြိုတွေးထားသူအနေနဲ့
အနေသာကြီးပါ၊ ဒေါ်လာတက်လေ၊ ရွှေတက်လေ
ပိုကြိုက်သူပါ ၊ ဒါပေမဲ့ အများအတွက်ကြည့်ရဦးမယ်လေ )
အပေါ်အပိုဒ်တွေမှာ
ခြေဆင်းတွေရေးပြထားပါတယ်၊
ကျန်တာတော့ ကိုယ့်တာဝန်မဟုတ်တော့ပါ။
မရှာတတ်မှာစိုးလို့
မြန်မာမှာ Manipulation တွေအားကောင်းနေတယ်လို့
ပြောပါရစေ၊
အခက်အခဲကို
အားလုံးကျော်လွှားနိုင်ကြပါစေ။
#BaMaung.