Tuesday, September 7, 2021

စစ်တပ်ဟာ ရန်သူကို အကွက်ကျော ပေါင်းများစွာပေးပြီး ရင်ဆိုင်ခဲ့ရတယ် ။

ဒီလိုအကွက်ကျောတွေ ပေးခဲ့ရတာ

ကလည်း ရန်သူကို အထင်သေးလို့ 

မဟုတ်ပါဘူး ၊ သူ့မှာရွေးချယ်စရာ 

မရှိခဲ့ဘူး ၊ ရန်သူဟာ သတ်ကွင်းကို 

စိတ်ကြိုက်ဖန်တီးပြီးမှ စစ်တပ်ကို 

သတ်ကွင်းထဲ မောင်းထည့်ခဲ့တာပါ  ၊ 

ရန်သူ ရဲ့ သတ်ကွင်းပြင်ဆင်နေချိန်

မှာ စစ်တပ်ဟာသိသိချည်း နဲ့ ထိုင်

ကြည့်နေခဲ့ရတယ် ။ ရန်သူဟာ 

စစ်တပ်ကို အပိုင် ချည်တုတ်လိုက်

တယ် ၊ ပြီးတော့ လည်ပင်းမှာ ခဲကြီး

ကြီးတစ်လုံးဆွဲပေးပြီး ရေခပ်နက်

နက် ထဲ ပစ်ချ လိုက်တာပါ ။ 

စစ်တပ်ဟာ တော်တော် နဲ့ပြန်ပေါ်

လာဖို့ မရှိဘူး လို့ သူတို့ အပိုင်

တွက်ထားပြီးသားပါ ၊ ရေနစ်နေ

တဲ့ စစ်တပ် ကို သူတို့က ထိုင်ကြည့်

ရင်း အော်ဟစ်ရယ်မော ကြဖို့ ကြံ

စည်ထားပုံရပါတယ် ။ သူတို့ ဖြစ်ချင်

တာတွေ ဖြစ်ပြီးရင် တော့ ၊ အာမခံ

ချက် ကတိက၀တ်တွေ နဲ့ စစ်တပ်

ကို ရေထဲက ပြန်ဆယ်ပေးချင်

ပေးမှာပေါ့ ။ ကြိုးဖြည်ပေးချင်ပေး

မှာပေါ့ ။ စစ်တပ်ဟာ ရန်သူကို အကွက်

ကျောပေါင်းများစွာ ပေးခဲ့ရတာနဲ့ 

ထိုက်တန်စွာပဲ ၊ စစ်တပ်ဟာ 

အားပြိုင်ပွဲတွေမှာ အလူးအလဲ 

နဲ့ ကွင်းဖွင့်ပွဲတွေကို စခဲ့ရပြီး 

တိုက်ပွဲစပြီ ဆိုတာ နဲ့ ရန်သူရဲ့ 

ပထမ ဆုံး CDM တိုက္ကြက္ကို 

လှလှကြီး ရင်ဆိုင်ခဲ့ရတယ် ။
 
CDM တိုက်ကွက်ဟာ  သိပ်

အဆန်းကြီးမဟုတ်ပေမဲ့ ၊ ကြို

တင်ပြင်ဆင်ချိန်တွေ အများကြီး

ရထားပြီး စိတ်ကြိုက်ဖန်တီးခွင့်

ကို အပိုင်ရခဲ့တဲ့ ရန်သူဟာ ၊ 
 
CDM  ကို အပိုင်ကွက် အဖြစ်

ထုနဲ့ ထည်နဲ့ တည်ဆောက်ခဲ့

ပါတယ် ။ ယခင်  ၈၈ က  ပွဲ 

အတွေ့ အကြုံမှာ ရထားတဲ့ CDM  

အားနည်းချက်တွေကို ပြုပြင်

ဖာထေးထား ပုံရပြီး ပြည်ဖျက် 

စီမံကိန်းက ထောက်ပံ့ကြေးတွေကို 

ဘုံးဘောလအော သုံးစွဲ တည်

ဆောက်ခဲ့တဲ့ CDM ဟာ အတိုင်း

အတာ တစ်ခု အထိ အစွမ်းထက်

ခဲ့ပါတယ် ။ စစ်တပ်ဟာ CDM 

တိုက်ကွက်အောက်မှာ ဒူးထောက်

ရတော့မလောက် ပြင်းထန်ထိ

ရောက်ခဲ့တယ် ။ ရပ်တံ့ထားလို့ 

ဘာမှ မဖြစ်လောက်တဲ့ နေရာတွေ

ထက် ရပ်တံ့လိုက်တာနဲ့ အစိုးရ

ယန္တရားကို ထိခိုက် နိုင်တဲ့ ကျန်းမာ

ရေးလို နေရာ ၊ ဘဏ်လုပ်ငန်းလို

နေရာတွေကို CDM အတွက် ကြို

တင်ပြင်ဆင် သတ်ကွင်း တည်

ဆောက်ထားတာသေချာပါတယ် ။ 

ဘာနဲ့တည်ဆောက်ထားသလဲ ဆို 

ငွေမှ တစ်ပါးအခြားမရှိပါဘူး ။ 

နိုင်ငံရေးယုံကြည်ချက်ကြောင့်တို့ ၊ 

စစ်အာဏာရှင်ကို လက်မခံနိုင်တာ 

ဘာညာ တို့ အသံကောင်း ဘယ်

လောက်ဟစ်ဟစ် ပေါချောင်ကောင်း

အိတ်ကပ်ထဲ ပစ်ထည့်ပေးထားတဲ့ 

ငွေတွေနဲ့ CDM တွေကို ဖမ်းစား

ခဲ့တယ် ဆိုတာ ကတော့ ငြင်းမရ

ပါဘူး ။ အူကြောင်ကြား တချို့

တလေက လွဲရင်ပေါ့ ။ ပိုဆိုးတာက 

CDM မလုပ်သူ ၀န်ထမ်း အသိုင်း

အဝိုင်းကို Social Punishment 

( SP ) ဆိုပြီး နည်းမျိုးစုံ နဲ့တိုက်

ခိုက်ခဲ့တယ် ၊ အသက်အန္တရာယ်

ကို ခြိမ်းခြောက်ခဲ့တယ် ၊ ဒါနဲ့ 

အသက်ဘေး အတွက် CDM လုပ်ခဲ့

ရတဲ့ ၀န်ထမ်းအုပ်စု တစ်စုဆိုတာ 

သေချာပေါက်ရှိခဲ့တယ် ။ ဒါကြောင့်
 
CDM ဟာ ထင်ထားတာ ထက်ပိုပြီး 

အင်အားကြီးထွားသယောင် ဖြစ်

လာခဲ့တယ် ။ CDM  အောင်မြင်မှု

ကို အရင်းတည်ပြီး နောက်ထပ်ပွဲ

သိမ်းတိုက်ကွက် တစ်ကွက်က 

တော့ တိုင်းပြည်က ဘဏ္ဍာငွေတွေ

ကို အပြောင်ရှင်းပြီး အမြစ်ဖြတ်ခဲ့

လိုက်တာပါ ။ တိုက်ပွဲစ ကာလ 

တွေမှာ စစ်တပ်ဟာ ခံနိုင်လှ ( ၃ ) 

လပဲ လို့ သတင်းတွေ ထုတ်လွှင့်ခဲ့

ပါတယ် ။ အမေရိကန်လို နေရာကို 

မြန်မာ နိုင်ငံ ပြည်သူတွေ ပိုင်တဲ့ 

ငွေတွေကို အလကားမတ်တင်း နဲ့ 

ရက်ရက် စက်စက်ပို့ပစ်လိုက်တာ 

လူတိုင်းသိပါတယ် ။ သူ့ထက်ပိုင်

တာတောင် သူ့လောက်မပိုင်တဲ့ 

အကွက် တစ်ကွက်ပါပဲ ။ စစ်တပ် 

ကျရှုံးသွားရင် ပြန် ယူလိုက်မယ် ၊ 

စစ်တပ် မကျရှုံးဘူးဆိုရင် လည်း 

စစ်တပ်က ထုတ်ယူလို့ မရတဲ့ 

အတွက် စစ်တပ်ကဒီငွေကို ပြန်ရ

စရာ အကြောင်းမရှိတော့ဘူး ။ 

စစ်တပ် မကျ ရှုံးသေးရင်  စစ်တပ်

လက်ထဲ  ငွေမရှိအောင် တိုက်ခိုက်

တဲ့ နည်းတွေ ထဲက တစ်ကွက် 

ဖြစ်ပြီး ၊ စစ်တပ်ကျရှုံးသွားရင်

လည်း  ကိုယ်ပို့ထားတဲ့ ပိုက်ဆံကို 

သာသာယာယာ ပြန်ထုတ်လိုက်

ရုံပဲ ။ အာဏာပြန်လည် ရရှိရေး

အတွက် ပြည်သူ့ ဘဏ္ဍာတွေကို 

ရင်းလိုက်တာပါ ။ လက်ထဲမှာ 

ငွေမရှိတဲ့ အစိုးရ ၊ အစိုးရ ယန္တရား

ကို လည်ပတ်ပေးမဲ့ ၀န်ထမ်းမရှိတဲ့

အစိုးရ ၊ မြန်မာရူးမှ သူတို့မြူး

တတ်တဲ့ နိုင်ငံတကာ အသိုင်း

အဝိုင်းတွေ ရဲ့ မတရားသဖြင့် 

ဖိအားတွေ ကို နိုင်ငံရေးစစ်မျက်နှာ

တွေဖွင့်ပြီး ကြံ့ကြံ့ခံနေရတဲ့ အစိုးရ ၊ 

မြို့ကြီးတွေမှာတောင် အာဏာ 

သက်ရောက်မှု လျှော့လျဲနေပြီး 

တရားဥပဒေစိုးမိုးမှု အားနည်းခြင်း

တွေ ကြားထဲမှာ သိမ်ငယ်သလို 

ဖြစ်နေရတဲ့အစိုးရ ၊ အချိန်တိုင်း 

စစ်တပ်ကို နင်းခြေဖို့ စောင့်ကြည့်

နေတဲ့ ပြည်တွင်းသောင်းကျန်းသူ 

အုပ်စုတွေက တောမီးလောင် 

တောကြောင် လက်ခမောင်းခတ် 

ထကြွလာလို့ တိုက်ခိုက်ရေးစစ်

မျက်နှာတွေ အများကြီး ဖွင့် နှိမ်နင်း

နေရတဲ့ အစိုးရ ၊ ဒီလို အစိုးရ 

တစ်ခု အနေနဲ့ ၃ လကြာရင် 

သေမယ် ၊ ၄ လ ကြာရင် သေ

တော့မယ် ၊ ၅ လ ဆို မရတော့ဘူး 
 
နဲ့ အနောက် အုပ်စု အပါအ၀င် 

ပြည်တွင်းလောက်ကောင် တချို့ ရဲ့ 

အမှတ်စဉ်ရေတွက် ခြင်းကို ခံနေရ

တဲ့ အစိုးရဖြစ်နေတာ သိပ်တော့

မဆန်းပါဘူး ။ လူတစ်ချို့က စစ်တပ်

တော့ အသက်ငင်နေပြီ ၊ 

ဘယ်တော့ အသက်ထွက်မလဲ 

လို့ထိုင်ကြည့်နေခဲ့ကြတာပေါ့ ။ 

ဒါပေမဲ့ ခုတော့ လူတချို့ကသေ

တော့မယ် လို့ထင်နေတဲ့ စစ်တပ်က 

တဖြည်းဖြည်း နဲ့ ကုန်းထ လာခဲ့ပြီ ။ 

စစ်တပ်ကြီး ဘာလဲ ဘယ်လဲ ပေါ့။

။။။။။။။။။။။။။။။။။။။။။။။။။။
လာဆဲမဲ့ လူ အရေအတွက်
တစ်ချက်ကြည့်ပြီး
အဆင်ပြေရင် ဆက်ပြောကြ
သေးတာပေါ့ ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
😆😆😆😆😆
crd.WIN TIN(မဟော်ဂနီ)