Sunday, September 5, 2021

သူများစားလည်း ချိုပါစေ


            တခါတုန်းက တရုတ်ပြည်မှာ သိုင်းဂိုဏ်းကြီးတွေ ကြီးစိုးတဲ့ ကာလတခု ရှိခဲ့ဖူးပါတယ် ။ ဂိုဏ်းတခုက ခေါင်းဆောင်ကြီးက အလွန်တော်တယ် ။ သူ့ရဲ့ သိပ်အသုံးတဲ့သော ပညာကိုလည်း အလွန်စီစစ်ပြီး လူအနည်းငယ်ပဲ သင်ပေးလေ့ ရှိတယ် ။ 

        ကျန်တဲ့ သာမန်ဂိုဏ်းသားတွေကို သာမန် အခြေခံပညာကိုပဲ အချိန်ဆွဲ သင်ပေးထားခဲ့တယ် ။ 

      သူ့ပြိုင်ဖက်ဂိုဏ်းချုပ်ကတော့ သူ့လိုပဲ ထူးချွန်တယ် ၊ ဒါပေမယ့် သူ့ရဲ့ အကောင်းဆုံး တိုက်ခိုက်ရေး နည်းပညာတွေကို လူဟောင်း လူသစ် မရွေးဘူး ၊ သူ့ဂိုဏ်းထဲ ရောက်တာ နဲ့ အကုန်သင်ပေးလေ့ ရှိတယ် ။ 

       တပည့်ချင်း မယှဥ်နဲ့ ရှေ့က ပညာစီစစ်တဲ့ ဂိုဏ်းကလူတွေ အလဲအကွဲပဲ ။ ကာလကြာလာတော့ ပညာမျိုးစေ့ သိပ်မချပေးပဲ လျှို့ဝှက်ထားတဲ့ ဂိုဏ်းဟာ ပြိုကွဲပျက်ဆီးပြီး ပညာမျိုးစေ့ ချပေးတဲ့ ဂိုဏ်းသာ တိုးတက်စည်ပင် သွားပါ သတဲ့ ။ 

        ဒီ ဝတ္တုလေးကို သတိရလိုက်တာက ယနေ့ အိမ်စောင့်အစိုးရ ရဲ့ ကြေငြာချက် တခုကို တွေ့လိုက်လို့ပါပဲ ။ ဘာကြေငြာလည်း ဆိုတော့  BED ဘွဲ့ သင်ကြားနိုင်ဖို့ BED မရသေးတဲ့ ဆရာ ဆရာမ စာရင် ပေးပို့ကြရန် ကြေငြာလိုက်တာပါ ပဲ ။ 

        ဒီကြေငြာနဲ့ ပတ်သက်ပြီး အခြေခံဆရာတွေ အတော် ပျော်နေကြသလောက် BED ဘွဲ့ရပြီးသား ဆရာတွေကတော့ မလိုမုန်းထား ငြူဆူစောင်းမြောင်း ပြောဆိုနေတာကို တွေ့ရတော့ ကျနော် အံ့သြမိလို့ အထက်က ဝတ္တုလေးကို သတိရမိသွားတာပါ ။ 

        BED. ဟူသည်ကား ဆရာလောကမှာ လိုချင်သူတွေ အတွက် ဝင်ခွင့်ရဖို့ ဖြေဆိုရပါတယ် ။ ထူးချွန်တဲ့ ပြည့်စုံသော ဆရာများသာ တက်ရောက်ခွင့် ရအောင် စီမံထားတဲ့ အတွက် ဝါရင့် သမာရင့် ဆရာကြီးတွေကိုပဲ အကြိမ်ကြိမ်ဖြေဆိုခဲ့ကြပေမယ့် တက်ခွင့်မရခဲ့တဲ့ သာဓက တွေ ရှိခဲ့ပါတယ် ။ 

     အမှန်ကတော့ BED ဘွဲ့ဆိုတာ ဆရာ ဆရာမ တိုင်း သင်ထားရမယ့် သင်ကြားရေး နည်းပညာတွေ ဖြစ်ပါတယ် ။ ဒါကိုပဲ အဲဒီပညာဂပ်ကို သင်ကြားခွင့်ရရှိရေး အတွက် ခက်ခဲအောင် လုပ်ထားကြတာ ကမ္ဘာပညာရေး လောကမှာ မြန်မာပဲ ရှိမှာပါ ။ 

        ယခု အိမ်စောင့်အစိုးရက BED သင်ရိုးတွေကို မသင်ကြားရသေးတဲ့ ဆရာ ဆရာမများအား တက္ကသိုလ် ၂၅ ခုမှာ သင်ကြားစေပြီး BED ဘွဲ့ပေးဖို့ ကြေငြာလိုက်ခြင်းအား ဝမ်းသာမိတာ အမှန်ပါပဲ ။ 

       ကိုယ်တွေကသာ ဆရာတွေ အရည်အချင်း တက်လာမယ့် ကိစ္စမို့ ဝမ်းသာနေတာ ဗျာ ဆရာ အုပ်စု ဖြစ်တဲ့  DBE GROPS နဲ့  အခြား BED ဘွဲ့ရပြီး ပညာတတ်ကြီးတွေ တင်နေတဲ့ ပို့စ် အချို့ ဖတ်ကြည့်ပြီးမှ ပညာတတ်ကြီးများရဲ့ အတွင်းစိတ်ကို တွေ့ရပါတော့တယ် ။ 

      ဘဝတူ ဆရာများ  BED ပညာသင်ကြားခွင့် ရကြမည်ဆိုသည်ကို BED ဘွဲ့ရကြမည်ကို မနာစိတ်ကြီးစွာ နဲ့ ကန့်ကွက်နေကြတာ အံ့သြစရာ တွေ့ရပါတယ် ။ အလွန် အကုသိုလ်များသော ကြောက်မက်ဖွယ် စိတ်ထားများပါတကား.......

        ဘဝတူ ဆရာများ မိမိတို့ နည်းတူ တတ်သိပညာများ မြင့်မားလာခြင်း နဲ့ ဘွဲ့ရလာမည်ကိုပင် မနာလိုစိတ် ဖြစ်ပေါ်နေသော အနှီဆရာများသည် ကျနော်တို့၏ သား သမီးများ ကြီးပွားတိုးတက်ရေး သို့တည်းမဟုတ် သူတို့ထက် ပညာရပ်ဆိုင်ရာ ကဏ္ဍများမှာ ပိုမို တတ်ကျွမ်းသွားမှာကိုရော မုဒိတာစိတ် ထားနိုင်ပါ့မလားလို့ တွေးတော မိပြန်ပါတယ် ။  

        ငါတို့ပဲ သိရမယ် ငါတို့ပဲ နေရာယူမယ် ဆိုတဲ့ စိတ်ထားတွေနဲ့ ပညာရေးလောက ကို လက်ဝါးကြီး အုပ်ချင်နေတာ ပေါ်လွင်နေပါတယ် ။ ပညာ ဖြန့်ဝေရန် အလိုမရှိသော တနည်း မနာလိုစိတ် များပြားလှသော မြန်မာ့ပညာရေး လောက၏ ဝန်ထမ်းများဖြင့် ကျနော်တို့ ပညာရေး ဘယ်တော့မှ မတိုးတက်နိုင်ပါဘူး ။ 

       လူတော်သည် လူကောင်း မဟုတ်ခဲ့လျှင် သာမန်လူဆိုးထက် အဆပေါင်းများစွာ လူ့အသိုင်းအဝိုင်းကို ဒုက္ခပေးနိုင်ပါတယ် ။ 

         မနာလိုစိတ် ပြင်းစွာ ဖြစ်ပေါ်နေသော သူများအတွက် ဘုရားဟော တရား တပုဒ်နဲ့ နိဂုံးချုပ်ချင်ပါတယ် ။ 

      မြတ်စွာဘုရားထံ နတ်သားတပါးက လာရောက်မေးမြန်းပါတယ် ။ အရှင်ဘုရား လူတိုင်း လူတိုင်း သည် စိတ်ချမ်းသာ ကိုယ်ချမ်းသာ နေချင်ကြပါလျှက် လူတိုင်း လူတိုင်း စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေကြတာ ဘာကြောင့် ပါလဲ တဲ့ ။ 

      ဘုရားက တိုတိုပဲ ပြန်ဖြေပါတယ် ။ မနာလို ဝန်တို စိတ်တွေကြောင့် တဲ့ ။

( အခြားသူတွေကို ကိုယ်လို သိလာမှာ ၊ ကိုယ်လို ချမ်းသာလာမှာ မလိုလားတဲ့စိတ် ၊ ကိုယ်ထက်သိသွားမှာ ကိုယ်ထက်ချမ်းသာသွားမှာ ကိုယ်ထက်သာသွားမှာကို စိုးရိမ်တဲ့ စိတ်တွေကြောင့် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ကြရသတဲ့)

      ကဲ ကိုယ့်ဆရာ ပညာတတ်ကြီးများ ခင်ဗျား နောက်လူစားရင်လည်း ချိုပါစေ ဆိုတဲ့ စိတ်ကောင်းလေး မွေးကြပါဗျာ ၊ ခင်ဗျားတို့က အနာဂါတ်ခေါင်းဆောင်လောင်းတွေကို သက်ကြားနေရတာပါ ခင်ဗျ ။

       ကိုရွှေမျိုးဝင်း

(ခြေထောက် နဲ့ ဖိနပ် ဘယ်ဟာ ပြင်ရမှန်း မသိသေးတဲ့ မြန်မာ့ ပညာရေး လောကရဲ့ ကိုယ်ကျင့်တရား....)
================================
https://t.me/komyowin/32



Related Posts:

  • ဟိုဘက်ရပ်ကွက်က အင်မတန်စပ်နေတဲ့ပိုစ့်အင်မတန်ဆဲ ခံရသောပိုစ့် 😁👩‍🏫မူလတန်းပြဆရာတစ်ယောက် ဖြစ်ဖို့အတန်းပညာ အနိမ့်ဆုံး ၁၀တန်းအောင်ရပါမယ်။အလယ်တန်းပြ ဆရာတစ်ယောက်ဖြစ်ဖို့အနိမ့်ဆုံး ဘွဲ့တစ်ခုတော့ ရထားရပါမယ်။အထက်တန်းပြဆရာ တစ်ယောက်ဖြစ်ဖို့BAဘွဲ့ရော BE.dဘွဲ့ပါ ရကို ရထားရပါမယ်။… Read More
  • အနှစ်ချုပ် ကောက်ချက်များ- ကျောင်းပေါင်း ၄၂၀၀၀ ဖွင့်ထား ၊ ရခိုင်မှာ ၈၀ % ကျော် ကျောင်းတက် ။(ဒီတော့ ပြည်မမှာ ကျောင်းသား အနည်းငယ်ပဲ ကျောင်းတက်နေသေးတယ် ဆိုတာ ပေါ်လွင်နေပါတယ် ၊ ဘယ်လိုစီမံမလဲ စဥ်းစားကြရမယ့် အချက်ပါ ၊ အဆိုးထဲက အကောင်းကတော့ covid အတွက် အထွေ… Read More
  • မန္တလေးမြို့တွင် မိစ္ဆာပါတီ NLD အလိုမရှိကြောင်း လှည့်လည်ဆန္ဒပြမန္တလေး၊ ဇွန် ၁၃မန္တလေးမြို့တွင် မိစ္ဆာပါတီNLDအလိုမရှိ၊ CRPH, NUG, PDF, GZ အကြမ်းဖက်အဖွဲ့များအား ဥပဒေနှင့်အညီ အမြန်ဆုံးနှိမ်နင်းပေးရန် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ဆန္ဒပြတောင်းဆိုသူများက မိစ္ဆာပါတီNLD အလိုမရှိ၊ ပြည်ပသြဇာခံ NUG အလိ… Read More
  • #_NUGက_ဘယ်သူတွေ_အတွက်_ #_လုပ်ပေးနေတာလဲ_စဉ်းစားကြပါ_      ၂၀၂၁ ဇွန်လ(၃)ရက်နေ့မှာ    အကြမ်းဖက်အုပ်စု NUG က   ဘင်္ဂါလီတွေကို``ရိုဟင်ဂျာ´´ဆိုပြီး   အသုံးအနှုန်း သုံးစွဲသွားမယ်ဆိုတာနဲ့     ရိုဟင်ဂျာတွေအတွက် ၁၉၈၂… Read More
  • ယနေ့ သတင်းစာရှင်းလင်းပွဲကောက်နုတ်ချက် ပညာရေး၁။  အခြေခံပညာကျောင်းတွေအနေနဲ့ ဇွန်လ ၁ ရက်နေ့ကနေစပြီးဖွင့်နေပြီ ဖြစ်တယ်။ မူလတန်းကျောင်း ၂၅၀၀၀ ကျော်၊ အလယ်တန်းကျောင်း ၁၅၀၀၀ကျော်နဲ့ အထက်တန်း ကျောင်း ၆ ထောင်ကျော်၊ စုစုပေါင်း ၄၇၀၀၀ ကျော်ရှိတဲ့အထဲကနေ ၄၂၀၀၀ ကျော် ဖွင့်န… Read More