Sunday, September 5, 2021

ယောင် နေလို့


    ကိုစိုးတယောက် ရောက်လာတော့ ခါတိုင်းလို လက်ဖက်ရည်ဆိုင် သွားပြီး လေကန်ကြတာပေါ့ ။ 

"ငမျိုးရေ ပြည်တွင်းမှာ PDF တွေက ပေါက်ကရ
တွေ လုပ်နေကြသလို ပြည်ပက NUG ကလည်း ပေါက်ကရတွေ ပြောနေကြတာ သတိထားဖို့တော့ လိုနေပြီကွာ ''

"အခုလည်း တတ်နိုင်ငလောက်တော့ နှိမ်နင်း
နေတာပါပဲ ဗျာ PDF တွေဆို မိထားတာ မနည်းလှပါဘူး ''

"အေး မင်းကသာ မိနေတယ် NUG ကဖြင့် ကြေငြာနေတာ တပ်မတော်ပြိုကွဲဖို့  ၄ % ပဲ လိုတော့ သတဲ့ကွာ ''

"ဒီကောင်တွေက UN မှာ နေရာယူချင်လိုက် အာဆီယံမှာ နေရာယူချင်လိုက် နဲ့ သွက်ခြာပါဒ
လိုက်ပြီး  ဂယောင်ဂတမ်း ပြောနေတာပါ ဗျာ ''

"မင်း သိတဲ့အတိုင်း ထီဖွင့်မယ် ပြောလိုက် ၊ ရေဒီယိုလွှင့်မယ် ပြောလိုက် ၊ အခွန်ကောက်မယ် ပြောလိုက် ၊ ပြည်ပရင်းနှီးမြှပ်နှံမြှပ်သူတွေ အရေးယူမယ် ပြောလိုက်နဲ့ လုပ်နေကြတာကွ ''

"အပေါစားပျက်လုံးတွေပါ ဗျာ အရာမဝင်ပါဘူး သူတို့ကသာ ကိုယ်ကိုကိုယ် ထင်တလုံးနဲ့ ဘဝင်မြင့်နေတာ တကယ်တန်းကျတော့ သူတို့ ပကတိအရှိတရားက သေးသေးလေးပါ ။  အခု ခင်ဗျား မြင်နေရတာ ယောင်ကိုင်းနေတဲ့ အနေအထား ဗျ ''

"ဟမ်...ဘာယောင်ကိုင်း နေတဲ့ 
အနေအထားလဲ ကွ ''

"ပကတိထက် ပိုကြီးနေတာကို ပြောတာဗျ ခင်ဗျားက ပုံပြင် နဲ့ ပြောမှ မှတ်မိတာ ဆိုတော့ ပုံပြင်နဲ့ နှိုင်းပြောပြမယ် ''

"အေး လုပ်စမ်းပါအုံး ''

"တခါက ဆေးခန်းတခုဆီကို အမျိုးသားလူနာ တယောက် လာပြတယ် ဗျ ''

"အင်း ဘာရောဂါလည်း ဟ ''

"ရောဂါ မပြခင် လူနာက သူနာပြု ဆရာမကို ကတိတောင်းတယ် သူ့ရောဂါကို မလှောင်ရဖူးတဲ့ ''

"ဟေ ထူးထူးဆန်းဆန်း ဘာရောဂါလည်း ကွ ''

"လာပါ့မယ် .....ဆရာက ကတိပေးတယ် 
ကျမ မလှောင်ပါဘူး ။  ရောဂါ ပြောပါ လို့ ကတိပေးလိုက်တယ် ''

"အင်း ဘာဆက်ဖြစ်...''

"ဒီတော့ လူနာက သူ့ရောဂါ ဒီမှာပါ ဆိုပြီး သူ့ဖွားဖက်တော်လေး လှန်ပြတယ် ''

"ဟေ ဆရာမ နဲ့ ခက်တော့တာပဲ ။
ဘာရောဂါလည်း ဟ ဖာကျိုးတာလား ''

"ရမ်းတုတ်ပြန်ပြီ နားထောင်အုံး။ သူ့ ပစ္စည်းလည်း ဆရာမက မြင်ရော အင်မတန် ရီချင်သွားပြီး ကတိပေးထားမိတာ သတိရလို့ မနည်း အောင့်ထား
ရသတဲ့   တကယ့်ကို လသားကလေး လက်ညှိုး
လောက်လေးမို့လေ...  ပြီးမှ မျက်နှာပိုး သပ်ပြီး ရောဂါ မေးတယ် ဘာဖြစ်တာလည်း ပေါ့ ''

"အေး မေးတော့.....''

"ဒီလူက ပြန်ဖြေတော့ ဆရာမလည်း မနေနိုင်ပဲ အော်ရီလိုက်တာ လူနာလည်း စိတ်ဆိုးပြီး ပြန်သွားသတဲ့ ''

"ဘာဖြေလို့ ရီတာလည်း ဟ ''

"သူ့ပစ္စည်းက မတရား ယောင် နေလို့ လေ.....''

"ဗုဒ္ဒေါ  လသားကလေး လက်ညှိုးလောက် နဲ့  မတရား ယောင်နေလို့ ဆိုတော့ သူ့ပင်ကိုယ် အတိုင်းဆို မင်းဟာက တယ်ရီစကုတ် နဲ့ ကြည့်ရမယ့် ကိန်းပဲ ကွ ဆရာမ ရီတာလည်း 
မပြော နဲ့ ''

" ဘယ့်နှယ့် မင်းဟာကလည်းဗျာလဲ... 
လူနာရဲ့ ဟာပါဗျာ....ပြောချင်တာက အခု NUG ပေါက်ကရပြောနေတာတွေ ခင်ဗျား ကြားနေ မြင်နေရတာ မတရား ယောင်နေတဲ့ အနေအထား
ပါဗျာ ။  တကယ့်ပတိက ဘာမှ မရှိပါဘူး ''

"လခွမ်းတဲ့ မှ မင်းကတော့ ကြံကြံဖန်ဖန် NUG 
ကို လူစဉ်မမှီတဲ့ လပြွတ် နဲ့ နှိုင်းပြန်ပြီ ။ 

ကဲ ပြန်အုံးမယ် ကွာ အေး တခုတော့ သတိထားအုံး မင်းကာတွန်းကြောင့် အပျိုကြီးတွေက မင်းကို တွယ်ချင်လို့ ကြိမ်းနေလေ ရဲ့ ငါကတော့ ကြုံရင် မင်းဆီ တည့်တည့် ခေါ်လာပြီး ရှင်းခိုင်းမှာ ဗျာ ငါ့ကို သူကြီးသေနတ်လို့ ပြောထားတာ မကျေနပ်သေးဖူး ''

"လာပါဗျာ စမ်းချင်စမ်း မောင်ဘဂျမ်း ပါ 😁😁😁''

        #ကိုရွှေမျိုးဝင်း 

(NUG နဲ့  PDF တို့ရဲ့ အကြံအဖန် အကွက်တွေဟာ အလိမ်ဇယားချည်းမို့ ဒီလို ဖြစ်နေတာပါ)

https://t.me/komyowin/27