Friday, September 3, 2021

ငရဲသားတို့ စံပျော်ရာ


         သီတဂူ ဆရာတော်ကြီး ရုရှားရောက်နေတာကိုလည်း ဆဲကြ ၊ ဟိုပုန်းက ကိုရင်လေး ပျံလွန်တော်မူတာလည်း ဝမ်းသာကြ ဆဲကြ နဲ့ NLD အုပ်စုရဲ့ အကုသိုလ်တွေ စုဆောင်းနေကြပုံကတော့ ကြက်သီးထဖွယ်ပါပဲ ။

        PDF GZ ဆိုပြီး လူမဆန်တဲ့ လုပ်ရပ်တွေကြောင့် တောထဲမှာ တိရိစ္ဆာန်တွေလို နေကြ သေကြတာလည်း မမှတ်ကြသေးဖူး ။ မြို့ပေါ်မှာ အဖမ်းခံရပြီး ဘဝ ဆုံးနေတာလည်း မသိကြသေးဖူး ။ 

       ထောင်ကျတာပဲ သေဒဏ်ဆိုတာလည်း တကယ်မှ မသတ်တာ မကြောက်နဲ့လို့ မြှောက်ပေးသူတွေ ရှိနေတာလည်း တွေ့ရပါတယ် ။ မြှောက်ပေးသူကြည့်တော့ ရဲ စခန်း အချုပ်တောင် တညအိပ် နှစ်ရက် မနေဖူးတဲ့သူပါ ။

       သေဒဏ် ဘယ်လောက်ကြောက်စရာကောင်းသလဲ ပြောပြချင်ပါတယ် ။ 

     တချို့က သေဒဏ်ကနေ ကျွန်းဒဏ်ပြောင်း ၊ ကျွန်းဒဏ်က နှစ် နှစ်ဆယ် လျှော့ရက် နဲ့  လွတ်ငြိမ်းချမ်းသာ နဲ့ ဆိုရင် ခဏ ပဲ ဆိုပြီး လျှောက်ပြောပြတာလည်း တွေ့ရပါတယ် ။ 

     ဟုတ်ကဲ့ ယနေ့ PDF တွေ အတွက် ပြစ်ဒဏ်ကျမယ် ဆိုရင် သေဒဏ်က များပါတယ် ။ သေစေလိုသော စိတ်ဖြင့် ကြိုတင်ကြံစည် လုပ်ဆောင်ကြတဲ့ အတွက်ပါပဲ ။ ပုဒ်မ ၃၀၂ / ၁ (ခ) ဆိုတာ ရိုးရိုး လူသတ်မှုနဲ့ မတူတဲ့ သေဒဏ်ချမှတ်တဲ့ ပုဒ်မပါ ။

      သာမန် ၃၀၂ ဆိုတာ ၇ နှစ် ဆယ်နှစ် အများဆုံး ဆယ့်နှစ်နှစ် ပဲ ချလေ့ရှိပါတယ် ။ သေဒဏ်ကို လွတ်ငြိမ်းခွင့်ပေးပြီး လျှော့ရက်နဲ့ ပြန်လွှတ်သလား လေ့လာကြည့်ပါ ။ 

       သေဒဏ်ကျခံပြီးရင် အယူခံ နိုင်၍ ဖြစ်စေ ၊ အခြားအကြောင်းကြောင့် (သမ္မတရဲ့ သတ်ရန်လက်မှတ် မထိုး၍ ဖြစ်စေ) ထောင်တသက် ပြစ်ဒဏ်သို့ လျှော့ပေါ့ ချမှတ်ပါတယ် ။ 

        ထောင်တသက် ဆိုတာ ရှင်းတယ် သေမှ ထောင်ထဲက ထုတ်ပေးတာပါ ။ 

        ထောင်တသက်သို့ ပြောင်းလဲချမှတ်ပြီးနောက် နောက်ထပ် ထပ်လာတဲ့ လွတ်ငြိမ်းချမ်းသာခွင့်တွေ အတွက် သေဒဏ်မှ ပြစ်ဒဏ်လျှော့ချထားသူများမှ အပ ဆိုပြီး မှတ်ချက် နဲ့ လွတ်ငြိမ်းချမ်းသာ ပေးကြပါတယ် ။ 

       ဥပမာ သုံးဖို့ တဖို့ လျှော့လိုက်သည် ဆိုရင် ဆယ် နှစ်ကျခံသူဟာ သုံးနှစ်ခွဲ လျှော့ရက် ရသွားပါတယ် ။ သေဒဏ်မှ လျှော့ပြီးသား ထောင်တသက်ဆိုသူတွေ ခံစားခွင့်မရှိပါဘူး ထောင်တသက်ဆိုတာ နှစ်အကန့်အသတ် မရှိတဲ့ အတွက် ဖြစ်ပါတယ် ။ 

     မူလကတည်းက ထောင်တသက် ကျခံရသူတွေကတော့ နှစ်တည်တယ် ခေါ်ပါမယ် နှစ် လေးဆယ် ဆိုပြီး သတ်မှတ်ပေးလိုက်ပါတယ် ။ သုံးဖို့ တဖို့ ဆိုရင် ဆယ့်သုံးနှစ်လောက် လျှော့ရက်ရပါမယ် ။ 

      ပြောချင်တာက သေဒဏ်ဆိုရင် မျှော်လင့်ချက် မရှိတော့ပါဘူး ။ သံချောင်းတို့လို သေဒဏ်တွေ လွှတ်မြှောက်ခဲ့နာ ကြုံတောင့်ကြုံခဲ NLD လို လူယုတ်မာပါတီ အာဏာရသွားလို့သာ ဖြစ်ပါတယ် ။ 

       ဒီတော့ အဖမ်းခံထားရတဲ့ PDF လေးတွေ ရဲ့ ဘဝဟာ ထောင်ထဲမှာ နိဂုံးချုပ်ရတော့မှာပါ ။ ကံကောင်းရင် နှစ် လေးဆယ်လောက် နဲ့ လွတ်ကောင်းလွတ်ပါ့မယ် ။ 

      ထောင်တသက်ဆိုတာနဲ့ မိသားစုက ထောင်ဝင်စာ တွေ့နိုင်ရင် နှစ် နှစ် သုံးနှစ် ပေါ့ ။ ထောင်ပြောင်း ဘာညာ နဲ့ တဖြေးဖြေး လာမတွေ့နိုင်ဘူး သေစာရင်း မသွင်းရုံ တမယ်ပဲ ။ 

       ထောင်ဝင်စာမလာတော့ရင် ဘာဖြစ်မလဲ ။ ထောင်ထဲမှာ ကိုယ့်ဘာသာ ရှာကြရတာပေါ့ ။ ခိုးလို့မရဖူး မျိုးကန်းသွားမယ် ။ လက်မှုပညာတတ်ရင် ကော်ဖီမစ်နဲ့ အိတိလေးဘာလေးထိုးပေါ့ ။ 

      ဘာမှ မလုပ်တတ်ရင် ကော်ဖီမစ်လေး သုံးထုပ်လောက်ရဖို့  ည ၇ နာရီကနေ အိပ်ချိန် ၉ နာရီအထိ သူများကို နင်းနှိပ်ပေးပေါ့ ။ 

      ည အခန်းတွင်း  ကင်းစောင့် အငှားလိုက်ပေါ့ ။ အိမ်သာဆေး ၊ အိုခွက်ပုဂံဆေး ၊ အဝတ်လျှော်ပေး ၊ ထမင်းတိုးပေး ဟင်းတိုးပေး လုပ်ပြီး ကော်ဖီမစ် ရှာကြရပါ့မယ် ။ 

      ထောင်တသက် သူဌေးတွေတောင် အပြင်က မိသားစုက ရေရှည် မပို့နိုင်ကြပါဘူး ။ အဆက်အသွယ် လုပ်မရလို့ တွေ့သမျှ ဝန်ထမ်းဆရာခေါ် ဖုန်းဆက်ခိုင်း ထောင်ဝင်စာလာတွေ့ခိုင်း ငွေလွှဲခိုင်း နဲ့ ငါး နှစ်ထက် ဒဏ်ခံနိုင်ရင် ခရိုနီမို့ပဲ သာမန်သူဌေးလည်း မတတ်နိုင်ဘူး ။ 

       နုပျိုတဲ့ ဘဝတွေဟာ ထောင်ထဲမှာ ဟိုလူ ဒီလူ ခိုင်းသမျှ ကျွန် သဘောက်သဖွယ် လုပ်ပေးရင်း ဘဝဆုံးကြရမှာ အသေအချာပါပဲ ။ 

     ကိုယ်ကသာ ထောင်ထဲမှာ ဘဝ ပျက်နေတာ မြှောက်ပေးတဲ့ နိုင်ငံရေး ကြောင်ဖားတွေက နိုင်ငံခြားမှာ ဟိုတယ်တက် ပျော်ပွဲစားထွက်နေကြပြီ ။ 

     ကိုယ်က မုန့်ဟင်းခါး တပွဲ ကော်ဖီမစ် ခြောက်ထုပ် ပေးဝယ်စားရဖို့ သုံးရက်လောက် သူများ ခြေသလုံး နှိပိပေးနေရချိန်မှာ မြှောက်ပေးသူတွေက အသားပေါင်းစုံ စားသောက်နေရပြီ ။ 

    ကဲ သေဒဏ်ကို ချက်ခြင်း မသတ်လို့ စိတ်တိုနေသူတွေ နဲ့ သေဒဏ်ကို ပြန်လွတ်မှာလို့ ပေါ့ပေါ့လေး ထင်နေကြသူများ အတွက် သိနိုင်အောင် တင်ပြလိုက်ပါတယ် ။ 

    ထောင်တွင်းက ငရဲခန်းတွေကတော့ ဆရာ့ ဆရာကြီးတွေ ရေးထားကြတာ အများကြီးမို့ ဇီဇာချဲ့ မပြတော့ပါဘူး ဗျာ ။ 

https://t.me/komyowin/22

       ကိုရွှေမျိုးဝင်း

(မျှော်လင့်ချက်နဲ့ ပေးဆပ်ခဲ့ပေမယ့် တကယ့်ရလာဒ်မှန်က ထင်သလိုမဟုတ်ပဲ ဒါမျိုး ဖြစ်နေတတ်ပါတယ်)