Friday, September 3, 2021

လာပြန်ပြီ မိတ္ထီလာ ရဲ


           ဇော်ယုထွန်း
              အုပ်ခွဲတပ်ကြပ်ကြီး(ငြိမ်း)

            ဆိုသူကို မိတ္ထီလာက ရဲသတင်းပေး ဆေးသမား ၊ ချဲရောင်းစားဖူးသူ တယောက်က အထက်ပါ တပ်မတော်အငြိမ်းစား တဦးအား စစ်ပြေးဆိုပြီး ဖမ်းခိုင်းမယ်ဆိုတဲ့ သတင်းအား အဆိုပါ တပ်ကြပ်ကြီးက ပြန်လည်ကြားသိခဲ့ရပါတယ် ။ 

       ဒီတော့ ထီလာ ဒုရဲအုပ်ဆီက သတင်းပေးရဲ့ ဖုန်းနံပါတ်တောင်းပြီး အပြင်မှာ ချိန်းဆိုကာ စစ်သားပီပီ ထိုးပစ်ပါတယ် ။ တပ်နယ်အတွက်ပါ လုပ်နေတာ ဆိုပြီး တပ်ကအရာရှိဆီ ဖုန်းဆက်တော့ အရာရှိက ဆရာကြီးလည်း တော်ပါတော့ ကျနော်ပြောလိုက်ပါ့မယ် ဆိုပြီး ပြဿနာ တခန်းရပ်စေခဲ့ပါတယ် ။ 

          ဖြစ်ခဲ့ကြတာ 13-6-2021 နေ့ကပါ ။ ည ၈ နာရီခန့် အမှုဖွင့်ထားတယ် ရဲစခန်း လာခဲ့ဖို့ ဖုန်းဆက်တယ် ၊ ပုဒ်မ ၁၄၄ ထုတ်ထားလို့ မနက်မှ ရှင်းမယ် ပြောတာကိုပဲ နယ်ထိန်းက ဇွတ်ပြောနေသေးတယ် ။ 

       မနက်လင်းတော့ သတင်းပေးရောက်လာပြီး....

" မိတ္ထီလာမှာ ဘယ်ရဲမှာ စောက်ဂရုမစိုက်ဘူး ၊ ဖုန်းနံပါတ်ပေးတဲ့ အဲဒုရဲအုပ်လောက်ကို စာရင်းထဲကိုမရှိဘူး။ စခန်းမှူးတို့ မြို့နယ်မှူးတို့ မဟုတ်တာလုပ်တာ ငါအကုန်သိတယ်။ ငါတိုင်ရင် သူတို့ပြုတ်မှာစိုးလို့ ငါ့ကို ဘာမှမလုပ်ရဲဘူးကွ ''

      ပြောလို့ ​​ပြီးတော့ သူ့အိတ်ထဲက တရားဝင်ကိုင်ခွင့်မရှိတဲ့ ဆက်သွယ်ရေးစက်ထုတ်ပြတယ် ၊ ထိပ်တစ်ဖက်ချွန်ထားတဲဘ စတီးအဆစ်ဒုတ်ကို ထုတ်ပြတယ်၊ လက်ထိပ်ကို ထုတ်ပြတယ် ၊၊ ပြီးတော့ဆက်ပြေတယ်....

    "မင်းကို ဖမ်းချင်ရင် လွယ်လွယ်လေး ၊ မူးယစ်ဆေးပစ်ဖမ်းလို့ရတယ်လို့ပါ ခြိမ်းခြောက်သွားသေးတယ်။ ငါက DCP နဲ့ တိုက်ရိုက်လုပ်နေတာကွ''  တဲ့ ။

       လုပ်ချင်လုပ်ဆိုပြီးပြောလွှတ်လိုက်ကာ စခန်းကို ၉ နာရီခန့်မှာ သွားလိုက်ပါတယ် ။ စခန်းထဲရောက်တော့ သတင်းပေး ဆေးသမားက လာထိုးတယ် ရဲ တပ်ကြပ်ကြီး တယောက်က လက်ကိုချုပ်ပေးတယ် မထိအောင် ကာရုံပဲ ကာပေးပြီး ခဏရှောင်ခဲ့တယ် ။ 

      နောက်စခန်းမှူးနဲ့ သွားတွေ့ပြီး သူပြောခဲ့သမျှ ပြန်ပြောပြခဲ့တယ် ။ စခန်းမှူးက သူမသုံးပါဘူး နယ်ထိန်း​ခေါင်း​ဆောင်နဲ့ပဲ ပြောပါဆိုပြီး ရှောင်သွားတယ် ။ 

     နယ်ထိန်းခေါင်းဆောင်က ရဲ အသုံးအဆောင်တွေကို သူပေးထားမဟုတ်ကြောင်း သူလည်း လူသစ်ဖြစ်ကြောင်း ၊ နောက်နောင် သူ့ကို မသုံးတော့ပါဘူး လို့ ပြောပါတယ် ။ သုံးရင် တိုင်မယ် ဆိုပြီး တပ်ကြပ်ကြီးက ပြောဆို ပြန်လာခဲ့ပါတယ် ။ 

       ဖြစ်ခဲ့ကြတာ 14-6-2021 နေ့ကပါ ။ 29-8-2021 နေ့မှာ အဆိုပါ ရဲစခန်းသို့ အခြားကိစ္စနှင့် တပ်ကြပ်ကြီးရောက်ချိန်မှာ သတင်းပေးဆေးသမား နဲ့ နယ်ထိန်းခေါင်းဆောင် တို့ဟာ အတူဝင်လာကြပါတယ် ။ 

      ဒါနဲ့ နယ်ထိန်းခေါင်းဆောင်ကို ဗိုလ်လေးတို့ပြောတော့ ဒီကောင့်ကို ဆက်မသုံးတော့ဘူးပြောပြီး အခုတော့ ဆက်သုံးနေပါ့လားလို့ ပြောခဲ့တယ် ၊ ဒါဆိုရင် ဗိုလ်လေးတို့က ဒီကောင်ပြောသလိုများ သူ့ကိုပြန်ကြောက်နေရလို့ မဖယ်ရဲတာလားလို့ ပြောခဲ့တယ် ။ 

        အဲဒါကြောင့် ခရိုင်မှူးကတဆင့် တိုင်းအထိ တိုင်ဖို့ စီစဥ်နေကြောင်း တပ်ကြပ်ကြီးက ပို့စ် တင်ထားပါတယ် ။ 

      သူ့ ပို့စ် ရဲ့ ဆိုလိုရင်းက မိတ္ထီလာမှ ရဲတွေသည် အမှန်တကယ် အဆင့်ဆင့် ဖုံးဖိမရလောက်အောင် မဟားဒယား လာဘ်စားထားကြတဲ့ အတွက် ဒီလို ဆေးသမားသတင်းပေးကို သူပြောတဲ့ အတိုင်း ကြောက်နေရပါသလား ။ 

     သူ့လို ရိုးသားတဲ့ တပ်မတော် အငြိမ်းစားကိုတောင် ဆေးပစ် ဖမ်းခိုင်းမယ် ဘာညာ နဲ့ ခြိမ်းခြောက်ရဲတဲ့ လူယုတ်မာဟာ အပြစ်မဲ့ပြည်သူတွေကို အကျင့်ပျက် မိတ္ထီလာရဲ တွေ နဲ့ ပေါင်းပြီး ဘယ်လောက်ယုတ်မာ ထားမလဲ ဆိုပြီး ရေးထားတာပါ ။ 

     မြန်မာပြည်အနှံ့အပြား ဖြစ်နေတဲ့ ဒါမျိုးတွေကို ပြည်ထဲရေးဝန်ကြီး နှစ်ရှည်လများ မသိရအောင် အိပ်ပျော်နေသလား ။ တပ်မတော် ဗိုလ်ချုပ်ကြီးတဦးရဲ့ အရည်အချင်းဟာ အနာဂါတ် မြန်မာ့တပ်မတော်အတွက် ရင်လေးစရာ ဖြစ်နေရပါပြီ ။ 

     ယနေ့ အချိန်မှာ ဘယ်အရပ် ဘယ်ဒေသက လက်နက်ကိုင် အဖွဲ့အစည်း မတော်မတရား ပြုမူနေသည် ဖြစ်စေ ၊ အရပ်ဖက် ဝန်ထမ်းများ မတော်မတရား ပြုမူနေသည် ဖြစ်စေ အိမ်စောင့်အစိုးရ ရဲ့ ခေါင်းပေါ်မှာပဲ ပုံကြနေရမှာပါပဲ ။ 

     ဘာကြောင့်လည်းဆိုတော့ ပြည်သူတို့၏ နစ်နာမှုများ ၊ အနိုင်ကျင့်ခံရမှုများ အတွက် မတော်မတရားသော တနည်း လာဘ်လာဘအတွက် မတရားမှု ပြုကျင့်နေသော အရာထမ်း အမှုထမ်းများအား အပြစ်ပေး အရေးယူပိုင်ခွင့်တည်း ဟူသော လုပ်ပိုင်ခွင့်အာဏာ အရပ်ရပ်ကို အိမ်စောင့်အစိုးရ မှ ရယူသုံးစွဲနေခြင်းကြောင့် ဖြစ်ပါတယ် ။ 

     ယခု ဖော်ပြပါ  မိတ္ထီလာဖြစ်စဥ်၌ တပ်မတော်အငြိမ်းစား တဦးကို လိမ်လည်ထားသော တိုက်ရိုက်တာဝန်ရှိ နယ်ထိန်း နဲ့ ယင်းဆေးသမား စော်ကားခဲ့သော စကားများအရ စခန်းမှူး မြို့နယ်မှူး များအထိ လာဘ်စားမှုများ အများအပြား ရှိနေသောကြောင့်သာ ဆေးသမားအား သူပြောသကဲ့သို့ ကြောက်ရွံ့နေရကြောင်း သက်သေပြသကဲ့သို့ ဖြစ်နေပါပြီ ။ 

        ရိုးသားသော တပ်ကြပ်ကြီး ငြိမ်း ၏ မူအရ အဆင့်ဆင့် တိုင်ကြားနေလျှင် နောက်ဘဝထိ ယင်းအမှု ပေါ်ပေါက်ဖို့ အကြောင်းမရှိဟု ရှုမြင်မိပါ၍ နိုင်ငံတော်အဆင့် လူကြီးမင်းများ သိရှိနိုင်စေရန် ထပ်ဆင်းသတင်းပေး လိုက်ရပါတယ် ။ 

https://m.facebook.com/story.php?story_fbid=122419733465909&id=100070936487280
      ကိုရွှေမျိုးဝင်း
Myo Win 

(စား မစား တော့ မသိဖူး ထီးဆောင်းထားရတဲ့ စတိုင်သာကြည့်ကြပေတော့)

https://t.me/komyowin/22