Friday, September 3, 2021

ကျွန်တော်သည်စစ်သား တစ်ယောက်ဖြစ်သည်


မြန်မာ့တပ်မတော်ဆိုသည်မှာအခြားပြည်ပတပ်မတော်တွေနဲ့မတူဘဲ
မျိုးချစ်စိတ်ကိုအခြေခံထားသောအဖွဲ့အစည်းပင်ဖြစ်သည်။

အခြားဒီမိုကရေစီနိုင်ငံတွေနဲ့မတူ သူတစ်လူ ငါတစ်မင်းသုံးယောက်တစ်ဖွဲ့ဖွဲ့ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကိုလည်း တိုက်ရ..

ပြည်ပသူပုန်ဆိုလည်း နှိမ်နင်းရ..
နောက်ကြောက ဓားနဲ့ထိုးဖို့စောင့်နေတဲ့
အဖွဲ့လည်း ဖြေရှင်းရနဲ့ မလွယ်တဲ့ကိစ္စပါဘဲ။

ဒါပေမယ့် မျိုးချစ်စိတ်ကို အခြေခံပြီးဖွဲ့စည်းထားသောအဖွဲ့မို့မြန်မာနိုင်ငံကြီးမသမာသူတွေလက်ထဲမပါအောင် အသက်တွေ
သွေးတွေ ချွေးတွေနဲ့လဲယူ
စောင့်ရှောက်နိုင်ခဲ့တယ်။

ဒါ့အပြင် ကမ္ဘာ့နိုင်ငံတွေက
စံနမူနာထားနိုင်လောက်အောင်ပင်စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီ
စနစ်ကိုညင်သာစွာကူးပြောင်းပေးနိုင်ခဲ့တယ်။

ဒါတွေဟာ တပ်မတော်ရဲ့
မှတ်တိုင်တွေပါဘဲ။

ယနေ့အချိန်ထိလည်း
တပ်မတော်ဟာအမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်ဘဲ နိုင်ငံနဲ့ လူမျိုးဘက်မှမားမားမတ်မတ်ရပ်တည်နိုင်ခဲ့ပါတယ်။

အရေးကြုံလာလျှင် တပ်မတော်သည်နိုင်ငံအတွက် လက်မနှေးခဲ့ပါဘူး။

လွတ်လပ်ရေးရရှိရန် ကြိုးစားခဲ့သောအဓိကအဖွဲ့အစည်းဖြစ်သည့်အလျောက် လွတ်လပ်ရေး၏ တန်ဖိုးကို တပ်မတော်မှ
အပြည့်အဝနားလည် ပေးဆပ်ခဲ့ပြီးဖြစ်ပါသည်။

လွတ်လပ်ရေးနှင့်အတူ
ပေါက်ဖွားလာသော တပ်မတော်အားပြိုကွဲအောင်နည်းမျိုးစုံနှင့်ထိုးနှက်တိုက်ခိုက်နေခြင်းမှာ မြန်မာအနာဂတ်ရေးအတွက်စိုးရိမ်ရေမှတ်အဆင့်တွင်ရောက်ရှိနေသလိုခံစားမိပါသည်။

ကျွန်တော်ကတော့ လွတ်လပ်ရေးနှင့်အတူ
ပေါက်ဖွားလာသော မျိုးချစ်တပ်မတော်သည်
ခါတော်မှီလုပ်စားနိုင်ငံရေးသမားများထက်နိုင်ငံနှင့်လူမျိုးအားပိုမိုမြတ်နိုးသည်ဟု
ထင်မြင်မိသည်။

ထို့ကြောင့် ကျွန်တော်သည်
စစ်သားတစ်ယောက်ဖြစ်သည်။

ထို့ကြောင့် ကျွန်တော်သည်
တပ်မတော်နှင့်အတူအမြဲရှိနေမည်။

ထို့ကြောင့် ကျွန်တော်သည်
နိုင်ငံနှင့်လူမျိုးကိုချစ်မြတ်နိုးသည်။

ထို့ကြောင့် ကျွန်တော်သည်
ငြိမ်းချမ်းရေးကိုချစ်မြတ်နိုးသည်။

Credit