Monday, September 6, 2021

နိုင်ငံအကျိုးပြုမီဒီယာများအဖွဲ့ချုပ်


မူဝါဒ (ရည်ရွယ်ချက်)

၁။ အမျိုးသားအကျိုးစီးပွားမြှင့်တင်ကာကွယ်ရေး
၂။ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြတ်ရေး
၃။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး
၄။ နိုင်ငံအကျိုးပြုမီဒီယာများ ဖွံ့ဖြိုးတိုးတက်ရေး
၅။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး အသိပညာ အတတ်ပညာ တိုးတက်မြင့်မားစေရေး

လုပ်ငန်းစဉ်
၁။ တိုင်းရင်းသားပြည်သူများ အသိမှား အမြင်မှားဖြစ်အောင် ရည်ရွယ်၍ သတင်းတု၊ သတင်းအမှား၊ သတင်းအဆိပ်များ ဖြန့်ဝေရေးသားနေမှုများကို စနစ်တကျ တုန့်ပြန်ရန်။
(က) သတင်းတု၊ သတင်းမှားများနှင့် ပတ်သက်၍ ရင်းမြစ်မှန်များကို ဖော်ထုတ် ချေပ တင်ပြရန်
(ခ) အတွင်းရေးမှူး(၁)နှင့် ပြန်ကြားရေးတာဝန်ခံက သတင်းမှန်များအား ထုတ်ပြန်ပေးရန်
(၂) သတင်းတု၊ သတင်းမှားများကို အချိန်နှင့်တပြေးညီ တုန့်ပြန်ရန်
(၃) ဘာသာရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အသိပညာများ ဖြန့်ဝေပေးရန်
(၄) အမျိုးသားရေးစရိုက်လက္ခဏာများကို ထိန်းသိမ်းပြီး ဇာတိသွေး၊ ဇာတိမာန် ရှင်သန်နိုးကြားအောင် ဆောင်ရွက်ရန်
(၅) တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှု ပျက်ပြားအောင် ဆောင်ရွက်နေမှုများကို ဆန့်ကျင်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် ဆောင်ရွက်ရန်
(၆) နိုင်ငံအကျိုးပြုသတင်းသမားများ အကျင့်စာရိတ္တမြင့်မားစေရန်၊ ကျင့်ဝတ်များကို သိရှိလိုက်နာ ဆောင်ရွက်ရန်
(၇) နိုင်ငံအကျိုးပြုသတင်းသမားများအား အမျိုးသားရေးအမြင်များ တိုးတက်လာစေရန်
(၈) နိုင်ငံအကျိုးပြုသတင်းသမားကောင်းများ ပြုစုပျိုးထောင်ရန်
(၉) နိုင်ငံတော်နှင့် အမျိုးဘာသာ သာသနာ အကျိုး ဆောင်ရွက်နေသော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်

စည်းကမ်းချက်များ
နိုင်ငံအကျိုးပြုမီဒီယာများအဖွဲ့ချုပ် ၏ အဖွဲ့ဝင်များအနေဖြင့် အောက်ပါစည်းကမ်းချက်များကို လိုက်နာရမည်။
(၁) မူဝါဒနှင့် လုပ်ငန်းစဉ်များအပေါ် သစ္စာရှိစွာ ဆောင်ရွက်ရမည်။
(၂) တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဖွဲ့ဝင်များအနေဖြင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်၊ ညွန်ကြားချက်များကို လိုက်နာဆောင်ရွက်ရမည်။
(၃) နိုင်ငံအကျိုးပြုမီဒီယာများအဖွဲ့ချုပ်၏ ဂုဏ်သိက္ခာနှင့် စည်းလုံးညီညွတ်မှု ထိခိုက်ပျက်ပြားစေမည့် အပြုအမူ၊ အပြောအဆိုများကို ရှောင်ကြဉ်ရမည်။ အဖွဲ့၏ ဂုဏ်သိက္ခာနှင့် စည်းလုံးညီညွတ်မှုပျက်ပြားအောင် ပြုမူ၊ ပြောဆိုခြင်းများ ဆောင်ရွက်ပါက ထုတ်ပယ်ခံရမည်။
(၄) ဗဟိုကော်မတီဝင်၊ အဖွဲ့ဝင်များအနေဖြင့် အမျိုးသားရေး အသိအမြင်များ တိုးပွားစေမည့် (ဆောင်းပါး၊ ဝတ္ထုတို၊ ကဗျာ၊ သတင်း) အပတ်စဉ်တစ်ပုဒ် ရေးသားပေးပို့ရမည်။
(၅) နိုင်ငံအကျိုးပြုမီဒီယာအဖွဲ့ချုပ်၏ အမည်ကိုအသုံးပြု၍ ကိုယ်ကျိုးစီးပွားရှာဖွေခြင်းမပြုလုပ်ရ။

ရန်ပုံငွေ ရှာဖွေရေး
(၁) အဖွဲ့ဝင်များ၏ လစဉ်ထည့်ဝင်ကြေး
(က) ဗဟိုကော်မတီဝင်  - ၅၀၀၀
(ခ) အဖွဲ့ဝင် - ၁၀၀၀
(၂) စေတနာအလျောက် နိုင်ငံအကျိုးပြုမီဒီယာများအဖွဲ့ချုပ်အား အနှောင်အဖွဲ့ကင်းသော လှူဒါန်းမှုများကို စနစ်တကျ လက်ခံမည်။

ရန်ပုံငွေအသုံးပြုခြင်း
(၁) နိုင်ငံအကျိုးပြုမီဒီယာများအဖွဲ့ချုပ် ၏ လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် စနစ်တကျခွဲဝေသုံးစွဲရန်။

ဖွဲ့စည်းပုံ
နာယက -
ဥက္ကဋ္ဌ - ဒေါက်တာစိုးမြင့်ဦး
ဒုဥက္ကဋ္ဌ - (၁) ဦးမျိုးချစ်၊ (၂) ဦးသန်းဆောင်၊ (၃) ဦးမင်းဂေါင်
အတွင်းရေးမှူး - (၁) နောင်တော်လေး (၂) ကျော်ဝေဖြိုး (၃) ဦးလှနိုင်
ပြန်ကြားရေး - ဦးဇော်ဝင်း
ဘဏ္ဍာရေးမှူး - ဦးဝင်းကျော်ကျော်
စာရင်းစစ် -
အဖွဲ့ဝင် - မိုးနတ်သား၊ ကိုစည်သူမြင့်၊ ကိုခင်ကိုလတ် (မိတ္ထီလာ)

တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်
တာဝန်ခံ - (၁) (၂)
အဖွဲ့ဝင် -

မှတ်ချက် - နိုင်ငံအကျိုးပြုမီဒီယာများအဖွဲ့ချုပ်၏ ဖွဲ့စည်းပုံကို နိုင်ငံတော်နှင့် အမျိုး ဘာသာ သာသနာ အကျိုးကို အစဉ်ဦးထိပ်ထား၍ အဖွဲ့ဝင်အား များပြားလာမှုအပေါ် လိုအပ်သလို ညှိနှိုင်းဆွေးနွေး ပြင်ဆင်မှု များကို ဗဟိုကော်မတီဝင်များ စည်းဝေးတိုင်ပင်၍ မူဝါဒ၊ လုပ်ငန်းစဉ်၊ တာဝန်ခွဲဝေခြင်းများကို သုံးသပ် ပြင်ဆင်ရမည်။

credit

https://www.facebook.com/101856678908939/posts/101936018901005/



Related Posts:

  • မြန်မာ့တပ်မတော်ရဲ့ မျိုးဆက်သစ်ချေမှုန်းရေးရိုင်ဖယ်တွေကို ၂၀၁၉ ခုနှစ်က ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ စစ်လက်နက်ပစ္စည်းပြပွဲ မှာ မြန်မာ့တပ်မတော်က ထုတ်ဖော်ပြသခဲ့ပါတယ်မြန်မာ့တပ်မတော်မှာ အရင်အသုံးပြုနေတဲ့ MA series ချေမှုန်းရေးရိုင်ဖယ်တွေကို ၅.၅၆ မမ ကျည်အသုံးပြုတဲ့ ဒီ MA Mk2 series တွေနဲ့ ဖ… Read More
  • သုံးပွင့်ဆိုင် ဝိရောဓိ          ဒီကနေ့ ကမ္ဘာ့အရေးအခင်း ရဲ့ အခင်းအကျင်းကို လေ့လာကြည့်ရင် မြန်မာ နဲ့ ဆက်စပ်နေတဲ့ ပြဿနာကိုလည်း ချိတ်ဆက်မိပါလိမ့်မယ် ။             အမေရိကန်ရဲ့ စူပါပါဝါ ကျဆုံးခန်းအတွက် ဖြစ်ပေါ်လာတဲ့ ဘေးထွက်ဆိုးကျိုးကို ကျနော်တို့ ဖြေရှင… Read More
  • ခေတ်သစ်မီဒီယာကို ပြောပေးကြပါသတင်းအမှားတွေကို တင်ပြီး တိုင်းပြည်ထဲက အစ္စလမ်တွေကို သွေးကြွလာအောင် လုပ်နေတယ်လို့မြင်ပါတယ်သူတို့တင်ထားတဲ့ သတင်းနဲ့ပတ်သက်လို့ဘဂ်လားနယ်ခြားစောင့်နှင့် မောင်တောဒေသတလျောက်အပြင်၎င်းတို့ ဖေါ်ပြထားတဲ့ နေရာအားလုံးကို တရက်အတွင်း ကျနော… Read More
  • ခွဲခြမ်းစိတ်ဖြာခြင်း" Public Transportation လုပ်ငန်းတွေကိုကျွန်တော်တို့အားပေးဖို့လိုတယ်။အဲ့ဒီ Transportation မှာလျှပ်စစ်ကိုရအောင်ပြောင်ပြောင်းနိုင်လို့ရှိရင် ဒီထက်ပိုအကျိုးရှိမယ်။ဒါကြောင့် ကျွန်တော်တို့လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးအတွက် တွန်းအားပေ… Read More
  • တိုင်းပြည်နှင့် လူမျိုးကိုကာကွယ်ရန် မြန်မာနိူင်ငံ ဒေသအသီးသီးမှ လူငယ်မောင်မယ်များ တပ်မတော် တပ်ရင်းတပ်ဖွဲ့ များသို့ အများအပြား ဝင်ရောက်လျှက်ရှိကြတယ်လို့ သတင်းရရှိပါတယ်။#MHTNewsတိုင်းပြည်နှင့် လူမျိုးကိုကာကွယ်ရန် မြန်မာနိုင်ငံ ဒေသအသီးသီးမှ လူငယ်မောင်မယ်များ တပ်မတေ… Read More