အခုနောက်ဆုံးပေါ် ရေး ချိတ် ကိုင် ကြွေးကြော်သံက
ဖက်ဒရယ်ဒီမိုကရေစီ ဆိုပါလား...😛
Gz ကစတယ်
CDM လုပ်တယ်
CRPH ဖြစ်တယ်
ဟော NUG လုပ်ပြန်တယ်
PDF နဲ့ တိုက်ပွဲဝင်ကြဟေ့ ဆော်သြတယ်
မင်းတပ် မိုးဗြဲ မှာ နယ်မြေခံသူပုန်တွေနဲ့လက်တွဲတယ်
ကျန်တဲ့ အနီလွှမ်းဒေသတွေမှာတော့
အုပ်ကြီးကို ကပ်ဖျောင်ရတာနဲ့
ဒလန်ဆိုပြီး အလစ်သတ်ရတာနဲ့
အစိုးရကိုဆန့်ကျင်တယ်ဆိုပြီး
စာသင်ကျောင်းကအစ ဗုံးခွဲ မီးရှို့ လုပ်တယ်
NLD ကြန္ထရိုး NUG ကို
ကမ္ဘာကမပြောနဲ့ အာဆီယံကတောင်အသိအမှတ်မပြုဘူး...😝
PDF ကလည်း ချဉ်ဖတ်ဖြစ်လာတော့
အမယ် တိုင်းရင်းသားတွေ ပြောပြောနေတဲ့
ဖက်ဒရယ်ဒီမိုကရေစီ ဆိုတာကို ရှေ့ထုတ်လာပြီ
အကျဉ်းစံ မာမီတောင် ဖက်ဒရယ်ကို ပါးစပ်ပြောပဲရှိခဲ့တယ်
ရွေးကောက်ပွဲဝင်တော့ တစ်နေရာမှ မလွတ်အောင်ဝင်တာပဲ
ဘယ်တိုင်းရင်းသားကများ
ကိုယ့်နေရာကိုယ့်ဒေသမှာ နေရာရလို့လဲ
အခုပြောလာတဲ့ ဖက်ဒရယ်ဒီမိုကရေစီဆိုတာက
အဟုတ်ထင်မဲ့တိုင်းရင်းသားတွေကို ပုန်ကန်သောင်းကျန်းကူဖို့
အစာပြ မျှား ဖြားယောင်းသွေးဆောင်ယုံထက်
ဘယ်လို ပိုနိုင်ပါ့မလဲ
ဖက်ဒရယ်စနစ်ကို အနယ်နယ်အရပ်ရပ်မှာထကြွဖို့ဆိုရင်တော့
ဖက်ဒရယ်မပြောနဲ့ ဒီမိုကရေစီပါပျောက်သွားမယ်....🤪
အရေးတော်ပုံအောင်ရမည် ဆိုတဲ့ အနေအထားကနေ
အခု ဖက်ဒရယ်ဒီမိုကရေစီ ခေါင်းစဉ်ပြောင်းလာတာကိုကြည့်ရင်
PDF အပါအဝင် ဆန့်ကျင်ဖျက်ဆီးရေးသမားတွေမှာ
ကျောထောက်နောက်ခံပေးနိုင်တဲ့ ငွေကြေးပမာဏ မရှိတော့ဘူး
ဒီကနေ့ဆို PDF က အင်အားနဲ့ဖိဖို့ကြိုးစားတယ်
အရင်လို PDF လည်း ပြည်သူပါလား ရှောင်မပေးဘဲ
တစ်ကယ်အုပ်တာမျိုး ဖြစ်လာပြီ
အုပ်ခံရမှ Gas သေနတ်လေး တူမီးသေနတ်လေးနဲ့ပစ်တာကို
မောင်းပြန်ရိုင်ဖယ်နဲ့ ပစ်ခတ်ရသလား သနားကြပါဦး မလုပ်နဲ့လေ
သနားလို့ နားရွက်တံတွေးအဆွတ်ခံတာကို
ဘာလို့ ရွှေဥကို လာညှစ်တုန်း ...😜
ဘယ်ချောင်တိုးနေရမှန်းမသိတဲ့
ပြည်ပထောက်ပံ့ငွေနဲ့ ကြီးပွားခဲ့ဖူးသူ
ဘူမသိ ကိုးမသိ သတ္တဝါကြီးတွေရဲ့
လေလှိုင်းထဲက NUG မြှောက်ပေးတာ အဟုတ်မှတ်ပြီး
PDF လုပ်မနေကြနဲ့
သူတို့သေဖို့ကအဝေးကြီး ကိုယ်သေဖို့ပဲနီးနေတာလေ
ဒီမိုကရေစီသဘောအရ မိမိဆန္ဒအတိုင်းပဲ
ကျောင်းဖွင့်တယ် မတက်ချင်မတက်နဲ့
ဒါပေမဲ့ တက်ချင်သူကို ပြဿနာမရှာရဘူးလေ
ရုံးဖွင့်တယ် မလုပ်ချင်ရင်မတက်နဲ့ ထွက်ပေါ့
လုပ်ချင် တက်ချင်သူကို ပြဿနာမရှာရဘူးလေ
စျေးဖွင့်တယ် မရောင်းချင် မဝယ်ချင်ရင် မသွားနဲ့ပေါ့
ရောင်းချင် ဝယ်ချင်လို့သွားတယ် မိုင်းမထောင်ရဘူးလေ
မဟုတ်ဘူးလား
ပါးစပ်က ဒီမိုကရေစီ အော်ပြီး
လုပ်ရပ်က ဒီမိုကရေစီနဲ့ဆန့်ကျင်ဘက်ချည်းဖြစ်နေပြီး
အခု ဖက်ဒရယ်ဒီမိုကရေစီဆိုတော့
ခွေး ဘယ်လိုပဲ မျိုးကွဲကွဲ ဟောင်တာအတူတူလိုဖြစ်နေတယ်...😛
ဖြစ်ရပ်မှန် ရပ်တည်ချက်မှန် လုပ်ကိုင်ပုံမှန်ရင်
သည်ကနေ့လို ပြဿနာတွေ ဘယ်ဖြစ်ပါ့မလဲ
ပြဿနာဖြစ်အောင်လုပ်ပြီး
နိုင်ငံရေးခေါင်းစဉ်တပ်လိုက်ယုံနဲ့ ရမှမရတာ
အရင်က တစ်အားပြောခဲ့ကြတယ် NLD အစိုးရဆိုပြီး
NLD ကအစိုးရမဟုတ်ဘူး ပါတီတစ်ခုပဲလေ
အသက်သေခံမဲ့ အမာခံတွေရှိယုံနဲ့ ဘယ်ရမလဲ
အသိပညာရှိတဲ့ အမာခံတွေများမှ ရမှာလေ
လမ်းကြောင်း မစောင်းအောင် ထိန်းနိုင်သူတွေများမှ
ရေရှည် ရပ်တည်လို့ရတာကိုး
အခုက မစားဘူးတာစားရတဲ့ ဇူစကာပုဏ္ဏားလိုပဲ
တစ်နပ်စား အဝတီးတော့ စားပိုးနင့်သေကိန်းဖြစ်ရတယ်
ဒါကို ဘာမှမသိဘူး ငါတို့ NLD ပဲ လုပ်မလား
ဥပဒေအထက်မှာ NLD ဆိုတာ မရှိတော့ဘူးလေ
ဥပဒေကိုကိုင်ပြီး တစ်ကယ်တမ်းတွယ်ရင်
အခုလို ဖားလား ငါးလား ကွဲပြားလာတဲ့အနေအထားမှာ
လွယ်သွားပြီ
ဟိုတစ်ရက်က တစ်ယောက်ရေးသလိုပဲ
လူဦးရေ ၅၄ သန်းမှာ ၁၂သန်း ကုန်သွားလည်း
ကျန်တဲ့ ၄၂ သန်း အတွက် ကောင်းတယ် ဆိုတာ
ဒါပေမဲ့
သည်နိုင်ငံထဲက နိုင်ငံသားချင်းဆိုတဲ့စိတ်မွေးကြရင်
ပို မကောင်းဘူးလား...😌
ပြည်သူ့ကာကွယ်ရေး PDF အမည်သာခံထားတယ်
လုပ်ရပ်က ပြည်သူကြားဖျက်ဆီးရေးဖြစ်နေမှတော့
မာမီ ရှေ့က လမ်းပြသွားတာ ကြည့်ကြပေါ့
အပြောတစ်ခြား အလုပ်တစ်ခြား ကျင့်စဉ်ကြောင့်
ကမ္ဘာကပါ လျစ်လျူရှုခံလိုက်ရပြီ
အကျယ်ချုပ်လည်း အချုပ်ခံရတာပဲ မလွတ်လပ်ဘူး သွားပြီ
NUG လို အာပလာ ဗလချာတွေလည်း
အဲသည်လမ်း လိုက်ရမှာပဲ
PDF ဆိုပြီး လက်နက်ကိုင်ဆန့်ကျင်လို့ကတော့
သနားပါမှ ထောင်ထဲရောက်မယ်
မဟုတ်ရင် မြေကြီးထဲရောက်ဖို့ပဲ ရှိတယ်
မဲခိုးပွဲက စလုပ်လာကြတာဟာ
ဒီမိုကရေစီတော်လှန်ရေး ဘယ်ဖြစ်ပါ့မလဲ
မဖြစ်နိုင်တာကို ဆက်လုပ်နေကြတော့
အမိုက် နင့်ပြင် ရှိသေးရဲ့လား ဖြစ်တာပါပဲ
သူပုန်သူကန် မျိုးဆက်ဖြစ်ရတောင်
မှားယွင်းတဲ့အယူဝါဒကြောင့် ဖြစ်ရတာ သိက္ခာကျပါတယ်
ဖက်ဒရယ်ဒီမိုကရေစီ လို့ အော်သံပေးတာနဲ့
ဘုမသိ ဘမသိ လိုက်လာမယ်ထင်နေလား
NUG PDF အဆင့်လောက်နဲ့ လိမ်မနေနဲ့
ခင်ဗျားတို့ ကိုးကွယ်ရာကြီးတောင် ၅နှစ် လိမ်လာတာ မရဘူးဗျ..😛
AungMyin Thu
(ပြန်လည်ကူးယူဖေါ်ပြသည်)