Friday, September 10, 2021

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်ကွန်မြူနစ်ပါတီနှင့် အရှေ့တောင်အာရှ / တောင်အာရှ နိုင်ငံများမှ နိုင်ငံရေးပါတီများပါဝင်သည့် ဆွေးနွေးပွဲအား လူငယ်ရေးရောကော်မတီမှ ဒုတိယဌာနမှူး ဒေါက်တာသန့်ဇော်လွင်တက်ရောက်


စက်တင်ဘာ ၁၀၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ လူငယ်ရေးရောကော်မတီမှ ဒုတိယဌာနမှူး ဒေါက်တာသန့်ဇော်လွင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်ကွန်မြူနစ်ပါတီနှင့် အရှေ့တောင်အာရှ / တောင်အာရှ နိုင်ငံများမှ နိုင်ငံရေးပါတီများပါဝင်သည့် ဆွေးနွေးပွဲအား ၉-၉-၂၀၂၁ ရက်နေ့ ၁၄:၀၀ နာရီမှ ၁၆:၁၅ နာရီအထိ ကျင်းပရာတွင် Zoom Meeting ဖြင့်တက်ရောက်ခဲ့ပါသည်။

ဆွေးနွေးပွဲတွင် "Strengthening Political Parties Corporation in  Joint Pursuit of Economic Development" ခေါင်းစဉ်ဖြင့် ဦးတည်ဆွေးနွေးခဲ့ကြပြီး "နိုင်ငံရေးပါတီများမှ အချင်းချင်းပိုမိုရင်းနှီးစွာဆက်ဆံပူးပေါင်းဆောင်ရွက်မှုနှင့် တစ်စိတ်တစ်ဝမ်းတည်းညီညွတ်မှုရှိစေရေး ၊ တရုတ်နိုင်ငံနှင့် တောင်အာရှ / အရှေ့တောင်အာရှ နိုင်ငံများအကြား Covid - 19 ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေးများတွင် တက်ကြွသော အမြင်သစ်များဖြင့် ပူးပေါင်းဆောင်ရွက်ရေး၊ ဒေသဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးမှု ကဏ္ဍသစ်များဖွင့်လှစ်နိုင်ရေး" စသည့်အချက်များပါဝင်သည့် ပူးတွဲထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်နိုင်ခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲသို့ နိုင်ငံပေါင်း ( ၁၆ ) နိုင်ငံမှ နိုင်ငံရေးပါတီအဖွဲ့အစည်းပေါင်း ( ၄၀ ) မှ ကိုယ်စားလှယ်ပေါင်း ( ၃၀၀ )ဦးခန့် တက်ရောက်ခဲ့ပါသည်။

#MyanmarNationalPost 
#mnpnews