Wednesday, September 8, 2021

သီတဂူဆရာတော် ရုရှာကြွရခြင်း အကြောင်းရင်းမှန်


ကမ္ဘာ့သာသနာပြု သီတဂူဆရာတော်ဘုရားကြီး ရုရှားသို့ ကြွရောက်ရခြင်းမှာ ရုရှားနိုင်ငံတွင် တည်ထားမည့် ရွှေစည်းခုံစေတီတော် ကိစ္စအတွက်ဖြစ်ပါသည်။

ရုရှားနိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံမဟုတ် ထို့ကြောင့် ဗုဒ္ဓဘာသာစေတီတည်ထားရာတွင် အခြားနိုင်ငံများကဲ့သို့ပင် လွယ်ကူချောမောခြင်းမရှိပေ။ အခက်အခဲများစွာရှိပါသည်။ 

ထို့အတွက်ကြောင့် မြန်မာအာဏာပိုင်များမှတဆင့် ရုရှားအစိုးရထံ G to G စနစ်ဖြင့် မေတ္တာရပ်ခံဆောင်ရွက်ရသည်။ ကိုယ်လုပ်ချင်တိုင်း လုပ်ခွင့်မရှိ၊ လုပ်လိုသော အချိန်မှာ လုပ်ခွင့် မရနိုင်ပါ။ ရုရှားအစိုးရက ခွင့်ပြုသည့်အချိန်၊  ချမှတ်ပေးသည့် မူဘောင် အတွက်းမှသာ ပြုလုပ် ဆောင်ရွက်ရပါသည်။ 

ဆရာတော်ဘုရားသည် ဝါတွင်းကာလတွင် မိမိကျောင်းတိုက်၌ အေးဆေးချမ်းသာစွာ သီတင်းသုံးတော်မူရမည်ဖြစ်သော်လည်း အရေးကြီးသော သာသနာနာ့အရေးကိစ္စဖြစ်ကြောင့် ကိုယ်ပင်ပန်းမှု, စိတ်ပင်ပန်းမှုကို မငဲ့ကွက်ဘဲ "ဝိနည်းတော်နှင့်အညီ ဝါပန်၍ ခေတ္တခဏ" ကြွရောက်ရခြင်းဖြစ်သည်။ (ဘုရားတည်ရန်ကစ္စ ဆောင်ရွက် စီမံ၍ တပတ်မပြည့်ခင် ဝါပန်ကာလအတွင်း မြန်မာပြည်သို့ ပြန်လည်ကြွရောက်မည်ဖြစ်သည်။)

ဒု-တပ်ချုပ်လေယာဉ်နှင့်အတူ ကြွရောက်ရခြင်းမှာလည်း ယခုကာလသည် Covid-19 ကပ်ရောဂါကြောင့် ကမ္ဘာနိုင်ငံများ၏ လေကြောင်းခရီစဉ်များမှာ ဝင်ထွက်ခွင့် ပိတ်ထားခြင်း၊ ခရီသွားရန်မလွယ်ကူခြင်းများဖြစ်ပေါ်နေသည်မှာ အားလုံးအသိပင်ဖြစ်သည်။

ဘုရားတည်ရန် ရုရှားအစိုးရ ခွင့်ပြုချိန်တွင် ရုရှားသို့ မဖြစ်မနေကြွရောက်ရမည့်အနေအထားတွင် ကြွရောက်ရန် လေယာဉ်လိုင်းများမှာ ခက်ခဲနေ၍ ဒု တပ်ချုပ် ခရီစဉ်နှင့် ကြုံ၍ သာသနာရေးအတွက် ရှေ့ရှု၍ လမ်းကြုံလိုက်ပါခြင်းသာဖြစ်သည်။ တစ်ခြား နိုင်ငံရေး၊ အာဏာရေး မည်သည့်ကိစ္စမှမပါပေ။  

ဤသည်ကား ကျေးဇူးတော်ရှင် သီတဂူ ဆရာတော်ဘုရား၏ ရုရှားသို့ ခေတ္တခဏ ရက်ပိုင်းမှ သာသာအရေးကိစ္စအတွက် ကြွရောက်ရခြင်း၏ အကြောင်းရင်းအမှန်ပါပေတည်း။ 

Ps; တို့ဘက်မပါရကောင်းလားဟု သံဃအဓိပတိ သံဃပိတာ ဆရာတော်ကြီးကိုပင် နိုင်ငံရေး၊အာဏာရေး ဖက်ကကြည့်၍ စော်ကား ပုတ်ခတ်နေကြသည့် ဗုဒ္ဓဘာသာအရေခြုံ ကွန်မြူနစ်များအတွက် ဤပို့စ်ကိုရေးသားခြင်းမဟုတ် ။

ဝါဒဖြန့်၊ယုတ်မာစော်ကားသူ အရေခြုံများ၏ လီဆယ်စကားများကြောင့် ထင်ယောင်ထင်မှား ဝါးတားတားဖြစ်နေသည့် ဥပသကာ၊ ဥပသိကာမ များအတွက် အကုသိုလ်မဖြစ်စေဖို့ရည်သန်၍ အမှန်အတိုင်း ရေးသားရှင်းပြရခြင်းသာဖြစ်သည်။

🙏သုခိတာ ဟောထ၊ ဒုက္ခာ မုစ္စထ🙏

#ဓမ္မဝီရ ဒေါက်တာအရှင်တေဇနိယ


Related Posts: