ကျနော်ဌာနဆိုင်ရာတွေ အကြောင်းရေတိုင်း သတိထားရေးလေ့ ရှိတာက ဝါးလုံးရှည် နဲ့ သိမ်းကြုံး မရေးမိစေဖို့ပါပဲ ။
လောကတိုင်းမှာ အကောင်းအဆိုး ဒွန်တွဲနေတတ်ကြတာ ထုံးစံကိုး ။ ကိုယ့်ရဲ့ ရေးသားမှုကြောင့် ကောင်းတဲ့ အခြားဝန်ထမ်းတွေ စိတ်မခိုက်စေချင်လို့ ဒီလိုပဲ ဂရုစိုက်ရေးလေ့ ရှိပါတယ် ။
တနေ့က ဒဂုံတက္ကသိုလ် အကြောင်း ရေးတော့လည်း ကျနော်က မေဂျာ နဲ့ တကွ ရေးလိုက်တာဟာ အခြား မဆိုင်တဲ့ မေဂျာတွေ စိတ်ထိခိုက်မှာ စိုးလို့ပါ ။
ကိုယ်နဲ့ အကျွမ်းတဝင် အရှိတဲ့ လောကအကြောင်း ရေးလိုက်တော့ အဲဒီလောကရဲ့ ဆရာတွေ မန့်ကြပါတယ် ။ ဘယ်အချက်က ဘာကြောင့် ဘယ်သတ်မှတ်ချက် နဲ့ ဘယ်လို စစ်ဆေးကြရကြောင်း ၊ အများအားဖြင့် ကာကွယ်ပြီး မန့်ကြပါတယ် ။
OK. ကျေးဇူးတင်ပါတယ် ။ ပညာလည်း ရပါတယ် ။ ကျနော်တို့ ရေးနေတာက ပွင့်လင်းမြက်သာမှု မရှိတဲ့ စနစ်ကို ဝေဖန်နေကြတာပါ ။ အထူးအားဖြင့် တိုင်းပြည်အတွက် အဓိကကျတဲ့ ပညာရေး မူဝါဒတွေကို သုံးသပ်ကြရမှာ ဖြစ်ပါတယ် ။
ကျနော်တို့ တက္ကသိုလ် တက်ခဲ့စဥ်က ဒရောသောပါး နဲ့ နှစ် နှစ် တက်ပြီး လေးတန်းလုံး အောင်ခဲ့ကြရပါတယ် (1993-1995) ။ ကိုယ်တိုင်လည်း သာမန်အဆင့်မို့ စာစစ်တဲ့ စနစ်တွေ စိတ်မဝင်စားပါဘူး အောင်ရင်တော်ပြီ ဆိုတဲ့ အရည်အချင်း နဲ့ သာမန်ဖြေဆိုခဲ့တာမို့ပါ ။
ယခု မန့် အချို့အရ ပထမနှစ်ကနေ စပြီး ပြန်ကြည့်တာ မှန်တယ် နောက်ဆုံးနှစ်မှ ခိုးချ ပြီးဖြစ်စေ ၊ ဆရာတယောက်ကို ကပ်ရပ်ပြီး ဂုဏ်ထူးထွက်အောင် လုပ်၍ဖြစ်စေ အဲလိုကျောင်းသား မပါအောင်လို့ ရည်ရွယ်တယ် တဲ့။
(ဒါဆိုရင် တက္ကသိုလ် စတက်တဲ့ ကျောင်းသားဟာ ပထမနှစ်မှာ သာမန်အောင်ရုံဆိုရင် နောင်နှစ်တွေ အတွက် မကြိုးစားကြနဲ့တော့အပိုပဲ လို့ ပိတ်ပင်ရာ မကျနေဖူးလား ဗျာ)
အခြားတဦးကတော့ ဒုတိယနှစ် ရီဇက် နဲ့ ပိုင်းဖြတ်တယ်တဲ့ ။ အပေါ်က စာပိုဒ်လိုပါပဲ ဒုတိယ နှစ်မှာ မစွံခဲ့ရင် တတိယ နှစ် ဖိုင်နယ်တွေမှာ ကြိုးစားခွင့် မရှိတော့ဖူးပေါ့ ။
တဦးကပြောပါတယ် ဝိုင်းကြီးချုပ်စနစ်နဲ့ စာမေးပွဲ စစ်ဆေးရလို့ မသမာမှု ပြုလုပ်လို့ မရပါဖူး တဲ့ ။
တဦးက ပြောပြန်တယ် အဖြေလွှာကို ပြန်ကြည့်ခွင့် ဆိုတာ သက်ဆိုင်ရာ ဆရာတဦးပဲ ကြည့်ခွင့်ရှိသတဲ့ ဆယ်တန်း မဟုတ်ဖူး တဲ့ ။
(သက်ဆိုင်ရာ ဆရာဆိုတဲ့ ပုဂ္ဂိုလ်က ဘုရားလောင်းတမျှ ဖြူစင်ရင်ဖြင့် ပြဿနာ မရှိပါဘူး ၊ အခု ဖြစ်နေတဲ့ CDM ပြဿနာ ရဲ့ ပြရုပ်တွေ ကြည့်ရတာတော့ အဆင့်မြင့် ပညာရေးလောကကြီးကလည်း ဒေဝဒတ်တွေ တပ်မ တခု စာလောက် တွေ့နေရတော့ ခက်ပါတယ်)
ဒီဖြစ်စဥ်ကနေ ကျနော်တို့ တွေးတောစရာတွေ များစွာ ဖြစ်လာရပါပြီ ။
ဆယ်တန်းအောင်တာ နဲ့ ပညာရေးလမ်းကြောင်း သတ်မှတ်လိုက်ကြပါပြီ ။
- ရမှတ် အခြေခံပြီး ဆရာဝန် အင်ဂျင်နီယာ အစရှိသဖြင့် ခွဲထုတ်လိုက်တဲ့ စနစ်......
- တခါ ဆိုင်ရာ တက္ကသိုလ်ရောက်ပြီ ပထမနှစ် ဒုတိယ နဲ့ ထပ်ပိုင်းဖြတ်ပြန်တယ် ၊ တတိယနှစ် ဖိုင်နယ်မှာ အသိပြောင်း ကျိုးစားခွင့် မပေးတော့တဲ့ စနစ်....
- တက္ကသိုလ်လိုအဆင့်မှာ ဆရာဆုံးဖြတ်ချက်သာ အမှန် ၊ ကျောင်းသား စောဒက တက်ခွင့်မရှိ ၊ အဖြေလွှာ ပြန်ကြည့်ခွင့် မရှိဆိုတာ အင်မတန် ရုပ်ပျက်တဲ့ မတရားသဖြင့် အနိုင်ကျင့် စုတ်ပဲ့တဲ့ မူဝါဒ နဲ့ စနစ်....
ကျနော်ပြောချင်တာက ဘဝလမ်းခရီး အရှည်ကြီးသွားကြရာမှာ ပထမဆုံး မနူးမနပ်အရွယ် ၁၆ နှစ် ၁၇ နှစ် ဆယ်တန်းဆိုတဲ့ ပညာရေးနဲ့ ဘဝတွေ ၊ ပညာသင်ကြားခွင့်တွေကို ကန့်သတ်ပစ်လိုက်တယ် နောင်တရခွင့် မရှိတဲ့ စနစ် ပြင်သင့် မပြင်သင့်.......
ကလေးသာသာ ၁၈ နှစ် ၁၉ နှစ် ပထမနှစ် ဒုတိယနှစ် ရလာဒ် နဲ့ ထပ်မံပြီး နယ်ပယ် တခု အတွက် အပေါ်တက်ခွင့် အပေါက် ပိတ်ထားပြန်တယ် ။ တတိယနှစ် ဖိုင်နယ်မှာ ကြိုးစားခွင့် မရှိတော့တဲ့ စနစ်ပြင်သင့် မပြင်သင့်......
လူ့စိတ်ဆိုတာ အမြဲတမ်း ပြောင်းလဲနေပါတယ် ။ အဲဒီပြောင်းလဲမှု အရ တိုးတက်ချင်စိတ် ကြိုးစားချင်စိတ်တွေရဲ့ ကောင်းမွန်တဲ့ ပြောင်းလဲမှုကို ကျနော်တို့ ပညာရေး လူ့အဖွဲ့အစည်းကြီးက ခွင့်မပြုနိုင်တာ ဘာကြောင့်ပါလဲ.. ?
ပြုပြင်ရမယ့် ပညာရေးစနစ် ကြီးထဲက ပြုပြင်သင့်တဲ့ ကဏ္ဍတခု အတွက် တွေးတောမိတာကို မျှဝေကြည့်ခြင်းသာ ဖြစ်ပါတယ် ။
ကျနော်တို့သည် သိ၍ တတ်၍ ပြောနေသော သူများမဟုတ်ပါဘူး ။ သိသော တတ်သောသူများအား ပြုသင့်သော ပြင်သင့်သော ကိစ္စများအပေါ် အာရုံကျစေရန် သတိပေးသော သာမန်အဆင့်များသာ ဖြစ်ပါတယ် ။
လောကအသီးသီးမှ မန့် များနဲ့ ဝင်ရောက် ဆွေးနွေးပေးပါသော ပညာရှင်အားလုံးကိုလည်း ကျေးဇူးတင်ပါတယ် ။
အသက် ၂၀ ဝန်းကျင်မှ နောင်တတရားဖြင့် ပညာရေးတိုးတက်အောင် ကျိုးစားခွင့် ပိတ်ပင်ထားသည့် အံ့ဖွယ် ပညာရေးလောက တည်ရှိနေသည့် အစုတ်ပြတ်ဆုံး နိုင်ငံသား.........
ကိုရွှေမျိုးဝင်း
(ဟန် တပြပြနဲ့ ကိုယ့်အခြင်းခြင်း ပဲ ပြန်ဒုက္ခပေးတဲ့ စောက်တလွဲ လောက)
================
https://t.me/komyowin/25