Thursday, September 16, 2021

အားကိုးပါရစေ


မှေးမှိန်လာတဲ့ ဆေး...
သေးသိမ်လာတဲ့ အရေးကြောင့်...
မကောင်းတာရော.. ကောင်းတာရော..
အလျင်စလိုနဲ့ ဖျက်ချလိုက်ရတယ်။ ။

အိမ်သစ်ကို လိုချင်တော့
အိမ်ဟောင်းကိုဖြိုရတော့တာပေါ့။ ။

မလွှဲသာလို့ ခေါ်လာခဲ့ရတဲ့
လက်သမားအဖွဲ့ကခပ်ချာချာ။

မကင်းရာ မကင်းကြောင်း
လုပ်ပါရစေအတင်းတောင်းလို့ခေါ်ခိုင်းထားတဲ့လူတွေလည်း ပါသေး။

အရည်အချင်းရှိသလား? မမေးနဲ့....
လုပ်ဆောင်ချက်ကောင်းသလား?
မမေးနဲ့....

သံတစ်ပိဿာဝယ်ပေးလိုက်တာ...

ကွေးသွားတာက အစိတ်သား....
ပြေးသွားတာက အစိတ်သား....
ရိုက်မရတာက အစိတ်သား.....

ရိုက်ဖြစ်တာက အစိတ်သား....

#တစ်ပိဿာရှိတဲ့သံ_ခံနိုင်ဦးမတဲ့လား.....။

Credit