Wednesday, September 1, 2021

တပ်မတော်အစိုးရ နေပြည်တော်မြို့ကြီးကို တည်ဆောက်နေတဲ့ အချိန် နိုင်ငံကစီးပွားရေးပိတ်စို့ခံထားရတယ်။


ဒီငွေတွေ ဘယ်ကရသလဲ?

ခင်ဗျား စဉ်းစားဖူးလား?

ရန်ကုန် -မန္တလေး အမြန်လမ်းဖောက်တယ်

ငွေတွေ ဘယ်လို ရှာလဲ?

မြစ်ကူးတံတားပေါင်း
များစွာတည်ဆောက်တယ်  ။
ပိုက်ဆံ ဘယ်လို ရှာလဲ။

တက္ကသိုလ်တွေ နည်းပညာကျောင်းတွေ
မြောက်များစွာ တည်ဆောက်တယ်။

တောင်သူလယ်သမားများ အတွက် 
ဆည်တွေ  စက်မှုလုပ်ငန်းတွေ အတွက်
ဆည်နဲ့ရေအားလျှပ်စစ်တွေ
 တည်ဆောက်ခဲ့တယ်။

လုပ်ငန်းခွင်မှာ
လာဘ်ပေးလာဘ်ယူမှုတွေမရှိပဲ
နေမလား သူသိတာပေါ့။

ဒါပေမဲ့ သူက
ခင်ဗျားအိပ်ကပ်ထဲကပိုက်ဆံ ကို
အခွန်ဆိုပြီး နှိုက်မယူခဲ့ဘူး။

ငွေကို
သူက သူ့နည်းသူ့ဟန်နဲ့ ရှာပြီးလုပ်ခဲ့တာပါ။

စစ်အာဏာရှင် ဘာညာ ပြောနိုင် ပါတယ်။
စစ်တပ်က စစ်တပ်လို
အုပ်ချုပ်တာဖြစ်တဲ့အတွက်
အဲ့တာကို ဂရုမစိုက်ပါဘူး။

သို့သော်
တပ်မတော် သည် နိုင်ငံနဲ့ပြည်သူကို
စေတနာ မထားခဲ့ပါဘူး ဆိုပြီး
ဂျင်းမျိုးစေ့ ချတဲ့စကားမျိုး တော့  လက်မခံ ပါဘူး။

ယနေ့
အသီးအပွင့်တွေကို ဘယ်သူတွေ
ခံစားနေရလည်း
ယခင်က
ဘေးတိုက်လိုက်ခဲ့သူတွေ
ခံစားနေကြရတာ မဟုတ်လား?

မဆလ အစိုးရ ပြုတ်ပြီး  တပ်မတော်ဟာ
ဇီးရိုးဘက်ဂျတ်နဲ့ စ ခဲ့တယ်။ 

ငွေ မရှိလို့ ဂျပန်နိုင်ငံ မြန်မာသံရုံးမြေကို
ပထမဆုံး ရောင်းချ ခဲ့ပြီး
နိုင်ငံကို စတင်တည်ဆောက်ခဲ့ရတာဖြစ်တယ်။

၈၈ မှာ
စက်ရုံ အလုပ် ရုံ အားလုံးကို
လူတစ်စုက ဖျက်စီးခဲ့တယ်။
လုံခြုံရေး စစ်သားတွေစီက
လက်နက်တွေလုခဲ့ကြတယ်။

တိုင်းပြည်ကို လက်တင် အုပ်ချုပ်ရတဲ့ 
အ ခြေအ နေမှာ တောင် ဖရိုဖရဲ ဖြစ်နေတဲ့
အခြေအနေမျိုး မှာ လုပ်စားကောင်း ယုံ
ထမင်းနပ်မှန် ယုံ လောက်နဲ့တော့
တပ်မတော်ကို ဖောင်းမထု နဲ့။

တပ်မတော်ဟာ
နိုင်ငံနဲ့ ပြည်သူအပေါ်
စေတနာ မှန်ကန်ခဲ့တယ်ဆိုတာ
ထမင်းစားတဲ့ လူဆိုရင်သိနိုင်ပါတယ်။

နိုင်ငံရေး အလိုမကျ မှု
ငါ အာဏာမရခဲ့လို့
တစ်ဖက်ကို ဖိနှိပ်ပြီး
အကန်းဝါဒ တပ်မုန်းဝါဒီများ နဲ့တော့
ကျုပ်က အမြင်တူမှာ မဟုတ်ပါဘူး။

ကပ္ပတိန် အောင်အောင်
#Credit