Thursday, September 2, 2021

" ပြည်ထောင်စုကြီးတည်တံ့ဖို့ အကြမ်းဖက်ပါတီကို ဖျက်သိမ်းစို့ "


               မြန်မာ့တပ်မတော်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့မှစ၍ ဆန္ဒမဲများခိုးပြီး နိုင်ငံတော်အာဏာကို အဓ္ဓနည်းဖြင့်ရယူရန် ကြိုးစားခဲ့သည့် NLD ပါတီအစိုးရသက်တမ်းကုချိန်၌ နိုင်ငံတော်၏ ကိစ္စအဝဝကို ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်ပါ ပြဌာန်းချက်အတိုင်း ထိန်းသိမ်းဆောင်ရွက်ခဲ့ရခြင်းကို အားလုံးသိပြီးဖြစ်ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ဖွဲ့စည်းလျက် ရှေ့လုပ်ငန်းစဉ် ၅ ရပ်ချမှတ် ဆောင်ရွက်ခဲ့ပါသည်။ လုပ်ငန်းစဉ် (၁)နှင့်ပက်သက်၍ ဆောင်ရွက်ချက်များမှာ ရာခိုင်နှုန်း တော်တော်များများ ပြီးစီးနေခြင်းကိုလည်း တွေ့မြင်ရမည် ဖြစ်ပါသည်။ လုပ်ငန်းစဉ် (၂) နှင့် (၃) တို့ကိုလည်း အရှိန်အဟုန်မပျက်ဘဲ ထိထိရောက်ရောက် ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရမည်ဖြစ်ပါသည်။ 

              နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် အမှတ် (၄) ဖြစ်သော “တစ်နိုင်ငံလုံးရဲ့ ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ပါ သဘောတူညီချက်များကို ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်ရမည်” ဆိုသည့် အချက်အား များမကြာမီအချိန်တွင် ဆောင်ရွက်ဖွယ်ရှိလာပါသည်။ သို့သော် NCA စာချုပ် လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်ကနက်ကိုင်အဖွဲ့တစ်ချို့နှင့် လက်မှတ်မထိုးရသေးသည့် လက်နက်ကိုင်သောင်းကျန်းသူ အဖွဲ့တစ်ချို့တို့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု NCA မူဘောင်များကို ကျော်လွန်လျက် ဆောင်ရွက်သည့် ကိစ္စရပ်အချို့အား တွေ့မြင်နေရပါသည်။ 

                 အချို့သော ကိစ္စရပ်များကို မတင်ပြလိုသော်လည်း ယနေ့ လှည့်လည်ဆန္ဒပြနေသည့် လူငယ်အချို့၏ နောက်ကွယ်တွင် မည်သည့်နိုင်ငံ၏ အဖွဲ့အစည်းများ ပါဝင်ပတ်သက်နေလဲဆိုသည်မှာ ပေါ်လွင်နေပါသည်။ ငယ်ရွယ်ပြီး နိုင်ငံရေးကို နားမလည်သည့် လူငယ်အချို့ကို မြှောက်ပင့်ပေးပြီး ခိုင်းစေနေခြင်းမှာ ရွံရှာဖွယ်လုပ်ရပ်ဖြစ်ပါသည်။ လူမှုကွန်ရက်စာမျက်နှာတွင် တွေ့ခဲ့ရသည့် လူလေးငါးယောက်နှင့် ဆန္ဒပြနေကြသူတို့သည် KIA ဘက်မှာ ငါတို့၏ ပြည်သူ သန်း ၅၀ ရှိသည်ဆိုသည့် စာသားများကို ကိုင်ဆောင်ပြီး မျက်နှာပြောင်တိုက်ရဲသည်မှာ အံ့ဩစရာကောင်းလှပါသည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီမှ ဖမ်းဆီးရမိနေသော လက်နက်အတော်များများမှာ KIA ထုတ် လက်နက်များဖြစ်နေခြင်းကို လည်းတွေ့ရပါသည်။ 

              နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်များတွင် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခဲ့သည့် သူများအား ဖမ်းဆီးရမိရာတွင် NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်ဟောင်းများသည် KNLA တပ်မဟာ (၅) နယ်မြေ၊ KIA ထန်းချုပ်ရာ ဒေသများတွင် ဖောက်ခွဲဖျက်ဆီးရေးသင်တန်းများ ဖွင့်လှစ်ခြင်း၊ အခြေခံစစ်သင်တန်းများ ပို့ချခြင်းများ ပြုလုပ်လျက်ရှိကြောင်း ဖတ်ရှုခဲ့ရပါသည်။ မသိနား မလည်သည့် လူငယ်လူရွယ်များကို နိုင်ငံရေးဝါဒမှိုင်းတိုက်ပြီး အဖိုးထိုတ်တန်သည့်လူငယ်များ၏အသကများ ဆုံးရှုံးစေရန် ကြိုးစားနေကြသည်မှာ စိတ်မကောင်းဖွယ်ရာ ဖြစ်ပါသည်။ 

              မင်းကိုနိုင်၊ ပန်ဆယ်လို၊ မျိုးရန်နောင်သိန်း တို့သည် ၎င်းတို့ဘေးလွတ်ရာနယ်မြေများသို့ ရောက်ရှိအောင် အပြေးသွားခဲ့ကြပြီး  ကျည်ကွယ်မျက်ကွယ်နေရာမျိုးမှ အကြမ်းဖက်လုပ်ရပ်များကို ဆောင်ရွက်ရန်လှုံ့ဆော်နေခြင်းကို သတိမူရမည်ဖြစ်ပါသည်။ 

                 ၁၀-၈-၂၀၂၁ တွင် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တစ်ထောင်မြို့နယ် အမှတ် (၆) ရပ်ကွက် ၄၄ လမ်း တိုက်အမှတ် ၁၆ ၃ လွှာ ဖောက်ခွဲဖျက်ဆီးရေးလုပ်ရပ်များတွင် အသုံးပြုရန်အတွက် သိုဝှက်သိမ်းဆည်းထားသည့် လက်လုပ်ဗုံး မျိုးစုံ ၁၆ လုံး၊ ယမ်းပျော့ နှစ်ချောင်း၊ ဗြောက်အိုး ၅၀ ပါ အထုတ် နှစ်ထုတ် အပါအဝင် ဆူပူ အကြမ်းဖက်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိသည့် သတင်း၌ သေဆုံးသွားသူများနှင့် ဖမ်းဆီးရမိသူများသည် ရန်ကုန်မြို့တွင်းလှည့်လည်ဆန္ဒပြနေကြသည့် သူများဖြစ်သလို ဖောက်ခွဲရေးလုပ်ငန်းများ လိုက်လံဆောင်ရွက်နေသည့် အကြမ်းဖက်သမားများ ဖြစ်ကြောင်း လူမှုကွန်ယက်မှတဆင့်သိရှိခဲ့ရပါသည်။ လူမှုကွန်ယက်ပေါ်တွင်လည်း ၎င်းတို့အားပုံစံအမျိုးမျိုးနှင့် မြှောက်ပေးနေကြ သလို ဖမ်းဆီးရမိသူများအား ပုံစံမျိုးစုံနဲ့ နှိပ်ကွက်နေကြခြင်းကိုလည်း တွေ့ရပြန်ပါသည်။ 

             လူရှစ်ယောက်နှင့်အထက်ကို အိမ်ငှားပေးထားခြင်း၊ စရိတ်ငြိမ်းကျွေးမွေးထားနိုင်ခြင်းများသည် မည်ကဲ့သို့ အဖွဲ့အစည်းများ ထောက်ပံ့နေသလဲ ဆိုသည်ကို တွက်ဆကြည့်ရမည် ဖြစ်ပါသည်။ ၎င်းတို့သည် CRPH NUG စသည့် အကြမ်းဖက်အဖွဲ့အစည်းများနှင့် အဆက်အသွယ်ရှိသည်ဟု ဆိုသော်လည်း ၎င်းအကြမ်းဖက် အဖွဲ့အစည်းနှင့် အကြမ်းဖက်သမားများသည် အဝေးရောက်ပြည်ပြေးများဖြစ်နေသည်ကို တွေ့ရမည် ဖြစ်ပါသည်။ ပြည်တွင်းရှိPDFအကြမ်းဖက်လူသက်သမားများထံသို့ တရားဝင်ငွေကြေးလမ်းကြောင်းမှတစ်ဆင့်မည်ကဲ့သို့ စီးဆင်းနေသလဲဆိုသည်ကို စုံစမ်းရမည်ဖြစ်သည်။ ၎င်းအကြမ်းဖက်သမားများသည် ငွေကိုရေလို သုံး၍အပြစ်မရှိသောပြည်သူများအားသတ်ဖြတ်ခြိမ်းခြောက်နေကြသည်ကို တွေ့ရမည်ဖြစ်ပါသည်။ 

              ၉-၈-၂၀၂၁ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် မတ္တရာမြို့နယ်၊ ပန်းယျ ကျေးရွာအနီးလက်နက်ခဲယမ်းအမြောက်အမြား သယ်ဆောင်လာသည့် အကြမ်းဖက်သမားနှစ်ဦးအား ဖမ်းဆီးရမိ အကြမ်းဖက်လုပ်ရပ်များကို ဖြစ်ပေါ်မှု မရှိစေရေး၊ အချိန်မီဖော်ထုတ်တားဆီးနိုင်ခဲ့သည်ဆိုသည့် သတင်းအား ဖတ်ရပါသည်။ ယင်းသတင်းတွင် NLD ပါတီဝင် မင်းမင်း (မန္တလေးတိုင်းဒေသကြီး ၁ လွှတ်တော်ကိုယ်စားလှယ်ဟောင်း၏ ချိတ်ဆက်စီမံမှုဖြင့် လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များထံမှ ရရှိလာသည့် K 77 သေနတ် အလက် ၆၀၊ ၎င်းကျည် ၁၁၀၀၀၊ ကျည်အိမ် ၁၁၀၊ အီနာဂါ ဗုံးသီး ၈၅ လုံး၊ လက်ပစ်ဗုံး အလုံး ၈၀၊ စစ်ချပ်ဝတ်စုံ အစုံ ၈၆၀၊ သေနတ်လွယ်ကြိုး ၂၁ ချောင်းတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ပါရှိပါသည်။ 

                အေးချမ်းစွာနေထိုင်လိုသည့်ပြည်သူများကိုဆူပူအကြမ်းဖက်သတ်ဖြတ် ဖောက်ခွဲမှုများ အားလုံးတွင်NLDပါတီ၏လွှတ်တော်ကိုယ်စားလှယ်ဟောင်းများ၊မြို့နယ်အလုပ်အမှုဆောင်များ၊ရပ်ကျေးအဖွဲ့ဝင်များမှစ၍သာမန် NLD ပါတီဝင်များ သည်နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုနှောက်ယှက်ဖျက်ဆီးလျှက်ရှိပြီလက်နက်ကိုင်လူသတ်အကြမ်းဖက်လုပ်ရပ်များအားကျုးလွန်သည့်ကိစ္စရပ်များတွင်ထဲထဲဝင်ဝင်ပါဝင်ပတ်သက်နေခြင်းဖြစ်ကြောင်းတွေ့ရသည်။ 

              ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း ၁၀၊ နိုင်ငံရေးပါတီများ ဆက်လက်ရပ်တည် ပိုင်ခွင့် မရှိခြင်း ပုဒ်မ ၄၀၇ ပုဒ်မခွဲ (ခ) နိုင်ငံတော်အား လက်နက်စွဲကိုင်၍ တော်လှန်ပုန်ကန်နေသော သောင်းကျန်းသူ အဖွဲ့အစည်း သို့မဟုတ် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်သော အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ သို့မဟုတ် မတရားအသင်းအဖြစ် ကြေငြာထားခံရသော အဖွဲ့အစည်းများနှင့် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ ဖြစ်စေ ဆက်သွယ်ခြင်း သို့မဟုတ် အားပေးကူညီခြင်း စသည့် ပြဌာန်းချက်နှင့် ညိစွန်းလာခြင်း ဖြစ်ပါသည်။ NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်များမှာလည်း နိုင်ငံတော်အဆင့်လာဘ်စားမှုများနှင့် တရားရင်ဆိုင်နေကြရသည်ကို တွေ့ရမည် ဖြစ်ပါသည်။ 

                ထို့ပြင် NLD ပါတီ၏ ၂၀၂၁ ခုနှစ် ဇွန်လ (၁၃) ရက်နေ့တွင် ထုတ်ပြန်ချက်အမှတ် ၂/၀၆/၂၀၂၁ ၏ အပိုင်း (၂) တွင် မိမိတို့ အဖွဲ့ချုပ်ပါတီခေါင်းဆောင်များသည် ၂၆-၂-၂၀၂၁ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အမျိုးသားဒီမိုကရေစီ ဗဟို၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ဗုံး (၁) လုံးအောင်မြင်စွာ ဖောက်ခွဲပေးခြင်း အတွက် ကျပ် ၃၀၀,၀၀၀ သိန်း ချီးမြှင့်ရန် သဘောတူဆုံးဖြတ်ခဲ့ကြောင်း၊ အပိုင်း (၃) တွင် ယင်းကဲ့သို့ လုပ်ဆောင်ပေးနိုင်သူများအား သက်ဆိုင်ရာ မြို့နယ်ကျေးရွာတာဝန်ခံ ပါတီကိုယ်စားလှယ်များက ချီးမြှင့်နိုင်ရန် ငွေကြေးလုံလောက်စွာ ကြိုတင်ထုတ်ပေးခဲ့ပြီးဖြစ်ပါသည် ဆိုသည့် စာသားများသည် တရားဝင်မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီတစ်ရပ်သည် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပစ်မှုများအား ကျူးလွန်ခြင်း ဖြစ်ပါသည်။ 

              အဆိုပါထုတ်ပြန်ချက်သည်အစစ်အမှန်မဟုတ်အတုဖြစ်ကြောင်းဖြေရှင်းချက်ကို ၅ လကျော်ကြာသည်အထိမတွေ့ရသေးသောကြောင့်ထုတ်ပြန်ခက်အစစ်ဟု၍သာနားလည်မိပါသည်။ 

               သို့ဖြစ်ပါသောကြောင့် လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများနှင့် ချိတ်ဆက်လျက် နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများကြားတွင် စိတ်ဝမ်းကွဲစေရန် ဖော်ဆောင်လျှက်ရှိသည့် NLD ပါတီဝင်များနှင့်အကြမ်းဖက်မှုကျုးလွန်နေသည့်ပါတီဝင်များကို အရေးယူရန် ပျက်ကွက်နေသည့် NLD ပါတီအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည်လိုအပ်သလို အရေးယူဆောင်ရွက်ရန် အချိန်တန်နေပြီဖြစ်ပါသည်။ 

              နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၆ ပုဒ်မခွဲ (က) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏ တည်တံ့ခိုင်မြဲရေးကို ထိန်းသိမ်းစောင့်ရှောက်ရေး ပုဒ်မခွဲ (ဂ) ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အား ထိန်းသိမ်းလိုက်နာရေးဆိုသည့် လိုက်နာရမည့် အချက်များကို ပျက်ကွက်နေခြင်းဖြစ်ပါသည် ။ ထို့ပြင် NLD ပါတီသည် ပုဒ်မ ၁၂ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၃) ပါ ပြဌာန်းချက်များကို ကျူးလွန်ခြင်းကြောင့် ပြည်ထောင်စုကြီးတည်တံ့ဖို့  NLD ကို ဖျက်သိမ်းစို့ဟူသောဆောင်ပုဒ်တစ်ခုတိုင်တည်၍ တင်ပြအပ်ပါသည်။ 

အုပ်စိုးခန့်(Golden Hand)
AAO