Tuesday, September 7, 2021

ပထမေတာ့ ဘာမဟုတ်တဲ့ မိန်းမတစ်ယောက်အတွက်နဲ့

သီတဂူဆရာတော်ဘုရားကြီးနဲ့ ဘုန်းတန်ခိုးကြီး
ဆရာတော်ကြီးတွေအပေါ် ရိုင်းပြ စော်ကား
နေကြတယ်လို့ ထင်မိခဲ့တာပါ။

နောက်ပိုင်းမှ သတိဝင်ပြီး ဒီလိုရိုင်းပြ စော်ကားနေတဲ့ 
acc တွေထဲ လိုက်ဝင်ကြည့်လိုက်တော့

 ဘာသာခြားတွေ
ရဲ့ acc တွေက ( ၇၀% )လောက်သွားတွေ့ရပြီး
ကျန်တဲ့ ( ၃၀% )ကတော့ nug profile နဲ့ acc တွေ
ကိုသွားတွေ့ရပါတယ်။

ရည်ရွယ်ချက်က! ဗုဒ္ဓဘာသာမှာ ,,
သီတဂူဆရာတော်၊ ပါမောက္ခချုပ်ဆရာတော်၊
ဗန်းမော်ဆရာတော်၊ မိုင်းဖုန်းဆရာတော်၊ ဝဇီပိတ်ဆရာတော်နဲ့ ဓမ္မဓူတဆရာတော် အရှင်ဆေကိန္ဒ၊
အစရှိတဲ့ ဆရာတော်ဘုရားကြီးတွေဟာ ဗုဒ္ဓဘာသာ
သာသနာတစ်ရပ်လုံးရဲ့ အဓိပတိ ထိပ်ခေါင်ဆရာတော်
ကြီးတွေဆိုတာ ,,"
အားလုံးက သိထားကြပြီးဖြစ်ပါတယ်။

"အိမ်တစ်အိမ်လုံးကိုဖြိုမယ်ဆို ခေါင်ကိုစဖြို"ဆိုသလို
သာသနာ့ ထိပ်ခေါင်ဆရာတော်ဘုရားကြီးမျိုးတွေကို
စဖြိုမှ သာသနာတစ်ခုလုံးပြိုမယ်ဆိုတဲ့ အကြံအစည်မျိုး
နဲ့ ခုလို နည်းမျိုးစုံတွေနဲ့ တိုက်ခိုက်နေကြတယ်လို့ပဲ
သုံးသပ်မိပါတယ်။

ဒီနေရာမှာ စိတ်မကောင်းစရာအကောင်းဆုံးကတော့
နိူင်ငံရေးရောဂါပိုးဝင်ပြီး ရင်းထနေကြတဲ့ လူမမယ်အရွယ်
( ၃၀% )တွေရယ်ပါ။ 
ဒီမိုကရေစီ ဆိုတဲ့"#အစာ"အောက်မှာ
တဘက်က နှပ်ကြောင်းလေးပေးလိုက်ရုံနဲ့ ,, 
သူတို့ ဘာမှ မစဉ်းစားကြတော့ပါ။

သူတို့ ဘာမှ မတွေးခေါ်ကြတော့ပါ။ 

သူတို့ ဘာမှ မမြင်ကြတော့ပါ။

ရောသောပေါတောနဲ့ ဆဲဆိုရိုင်းဆိုင်းကုန်ပါတယ်။

ဒီ( ၃၀% )မျှကို မေးချင်တာက!
ဘာသာ‌ကြီး( ၄ )ခု ရှိတဲ့ ကမ္ဘာကြီးထဲမှာ ,,

အခြားဘာသာဝင်တွေအနေနဲ့ သူတို့ရဲ့ ဘာသာရေး
ခေါင်းဆောင်ကြီးတွေအပေါ်ကို ရိုင်းပြ စော်ကားကြတာ
မျိုးရှိကြပါရဲ့လား? ဆိုတာ မေးခွန်းထုတ်လိုက်ပါမယ်။

ဒီ( ၃၀% )ကို ပြောချင်တာက!
လူရေ(ရည်) မလည်ကြသေးရင်လဲနေပါ,,
တစ်နေ့တစ်ကြိမ် ဘုရားဝတ်မပြုအိပ်
ကြသေးရင်လည်း ရပါသေးတယ် ,,  
ဒါပေမယ့်
ဘုရား၊တရား၊သံဃာ၊မိဘ၊ဆရာ ဆိုတဲ့ 
အနန္တောအနန္တငါးပါးမျှလောက်ကိုတော့ 
"မမေ့ကြဘို့" တိုက်တွန်းချင်ပါတယ်။

ကိုယ်ကြိုက်တဲ့ အစိုးရဖြစ်စေ 
ကိုယ်မကြိုက်တဲ့ အစိုးရပဲဖြစ်နေပါစေ
"အစိုးရတွေ ဆိုတာ တခဏတာပါ "
ဆိုတာလေး အသိပေးရင်း ,, ,

"သီတဂူဆန်းလပမာ ချမ်းမြေ့သာယာရှိကြပါစေ",,,🇲🇲🌷🌷🌷

Credit
ဦးဥတ်တမ 🙏🙏🙏