Tuesday, September 7, 2021

What Was D-Day?


ဒီကနေ့NUG အဖွဲ့ဝင် ဒူးဝါးလရှီးလဆိုသူ ကမန်းကတန်းနဲ့ D-Day ဆိုပြီး ထကြေညာလိုက်တဲ့ အဓိကအကြောင်းအရင်းကတော့...

သူမွေးဖွားရာပြည်နယ်၊ သူနဲ့မျိုးနွယ်တူ KIA တို့ရဲ့ ပင်မစခန်းကုန်းတွေကို တပ်မတော်ကဝေဟင်နဲ့မြေပြင်တို့ကနေ တရစပ် ထိုးစစ်ဆင်မှုတွေရပ်တန့်သွားစေဖို့ဘဲ ဖြစ်ပါတယ်..

KIAစခန်းတွေစွန့်ခွာပေးနေရသလို.. KIA တပ်ဖွဲ့ဝင်တွေလည်း အကျအဆုံးများပြားနေလို့ မြို့အသီးသီးက PDF တွေ ထကြွလာစေဖို့လည်း ရည်ရွယ်ပါတယ်။

လက်တွေ့မြေပြင်အခြေအနေမှာတော့PDFတွေလည်း အကျအဆုံးနဲ့ အဖမ်းဆီးခံနေရတာတွေ အလွန်များပြား​နေတာ ပြည်သူအားလုံးအသိပါ။

PDF တွေအတွက် ပေးပို့တဲ့ လက်နက်/ခဲယမ်းအများအပြားကိုလည်း တပ်မတော်က လက်ဦးမှုရယူ ဖော်ထုတ် သိမ်းဆည်းရမိပြီးပါပြီ.. 

မြို့ပေါ်မှာကျန်ရှိနေတဲ့ တောတွင်းပြန်တွေကိုလည်းဆက်လက်ဖော်ထုတ်ဖမ်းဆီးနေတာနေ့စဉ်လိုလိုပါဘဲ။

 အောက်ဖော်ပြပါအချက်တွေကြောင့်
လို့လည်း ဆိုလို့ရပါတယ်-

၁။ ကုလသမဂ္ဂကိုယ်စားလှယ်အဖြစ် ကျော်မိုးထွန်း မဖြစ်နိုင်တော့ဘူးဆိုတာ သေချာသွားခြင်း။

၂။ အာဆီယံကအပစ်ရပ်ဖို့ တောင်းဆိုတာနဲ့ပတ်သက်ပြီးအကြမ်းဖက်ကိုအားပေး လူ/လက်နက်တွေထောက်ပံ့ အဖျက်လုပ်ငန်းတွေ လုပ်နေတဲ့လက်နက်ကိုင်အဖွဲ့တွေကိုတိုက်နေတာရပ်ဖို့ဆိုလိုတာမဟုတ်ခြင်း။

၃။ KIAနဲ့KNUနယ်မြေတွေမှာ တပ်မတော်က နည်းပညာမြင့်လက်နက်များအသုံးပြုချေမှုန်းနေခြင်းကြောင့် တပ်မတော်ကို ဆက်လက်မယှဉ်ပြိုင်နိုင်တော့ခြင်း။

၄။မြို့ပေါ်တွေမှာတောတွင်းပြန် PDFများနှင့် NLD အမာခံအကြမ်းဖက်သမားများနေ့စဉ်လိုလိုဖမ်းဆီးခံနေရခြင်း။

၅။အမေရိကန်မှာNLDထားခဲ့တဲ့ဒေါ်လာ(၁)ဘီလယံကလည်း NUG ကို ထုတ်မပေးတော့ဘဲရွေးကောက်ပွဲအနိုင်ရအစိုးရသစ်ကိုဘဲထုတ်ပေးတော့မှာဖြစ်ခြင်း။

၇။ အရင်လို လူသတ်/မိုင်းခွဲအကြမ်းဖက်လုပ်ပေးသူများနှင့်လမ်းပေါ်ထွက်ဆန္ဒပြသူများအတွက် ပိုက်ဆံထုတ်ပေးရန် မရှိတော့ခြင်း။

၈။ သေမထူးနေမထူး ဘယ်လိုမှရုန်းထွက်လို့ မရနိုင်တော့တဲ့သူတွေနဲ့ ခြိမ်းခြောက်ခံထားရတဲ့သူတွေ၊မူးယစ်ဆေးသုံးစွဲနေသူတွေလောက်သာတည်ဆဲအစိုးရကို ဆန့်ကျင်ရန် 
ကျန်ရှိနေတော့ခြင်း။

 မနိုင်မှန်းသိတော့တဲ့အခြေအနေမှာ ကြံရာမရဖြစ်ပြီး ပြည်သူတွေကို အသုံးချ၊ လူငယ်တွေကို အသုံးချပြီး တပ်မတော်နဲ့ ပြည်သူ ပိုမိုစိတ်ဝမ်းကွဲစေအောင် ရည်ရွယ်လိုက်တာဘဲ ဖြစ်ပါတယ်။

တပ်မတော်ကတော့ ဘယ်တော့မှပြိုကွဲသွားမှာမဟုတ်ပါဘူး...

တပ်မတော်က အာဏာထိန်းလိုက်တာ (၇)လတင်းတင်းပြည့်သွားပြီ၊ပြည်သူတွေဘဲဒုက္ခရောက်ကြတာအဖတ်တင်တယ်။

အကြမ်းဖက်မှုတွေချုပ်ငြိမ်းသွားတဲ့အချိန်မှာပြည်သူတွေအေးချမ်းသာယာစွာနဲ့ ပြန်လည်နေထိုင်ကြရမှာဖြစ်တာကြောင့်အကြမ်းဖက်ချုပ်ငြိမ်းရေးမှာပြည်သူလူထုပူးပေါင်းပါဝင်လာကြပါပြီ။

ပြည်သူတွေ မအကြပါနဲ့၊ မိသားစုလိုက်ပြည်ပကိုထွက်ပြေးသွားသူတွေရဲ့စကားတွေကိုလည်း မယုံကြည်ကြပါနဲ့လို့ ပြောချင်ပါတယ်..

သူတို့တွေကဘေးလွတ်ရာကို အရောက်သွားပြီး ကျန်ခဲ့တဲ့ပြည်သူတွေကို စတေးခိုင်းနေတာကို မြင်အောင်ကြည့်ကြပါ။

Credit